New Artical

အိမ်သာထိုင်ခုံထက် ရွံစရာကောင်းတဲ့နေရာ

 


အိမ်သာထိုင်ခုံထက် ရွံစရာကောင်းတဲ့နေရာ


ရွံစရာအကောင်းဆုံးနေရာက အိမ်သာထိုင်ခုံလို့ လူအများက ထင်ကြပါတယ်။ ထိုယူဆချက်မှာ မှားယွင်းကြောင်း သုတေသနတစ်ခုတွင် သက်သေပြထားပါတယ်။
အမှန်တကယ်တော့ အိမ်သာမှာထက် ရောဂါပိုးမွှားတွေ ပေါက်ဖွားနေထိုင်တဲ့ နေရာဟာ ရေချိုးခန်းကြမ်းပြင် ဖြစ်ပါတယ်လို့ ထိုသုတေသနက ဆိုပါတယ်။
 အတိအကျပြောရရင်တော့ ရေချိုးခန်းကြမ်းပြင် စတုရန်းလက်မ တစ်လက်မစီတိုင်းမှာ ဗက်တီးရီးယားပိုး ၂ သန်းခန့် ရှိနေနိုင်ပါတယ်လို့ ထိုသုတေသနကို ပြုလုပ်ခဲ့သူ ဒေါက်တာချားလ်စ်ဂါဘာက ဆိုပါတယ်။
ထိုပမာဏဟာ အိမ်သာထဲက မျက်နှာပြင်ထက် အဆ (၂၀၀) ခန့်ပိုများတဲ့ ပမာဏ ဖြစ်ပါတယ်။
ထိုသုတေသနမှ ရရှိလာတဲ့ သင်ခန်းစာကတော့ ရေချိုးခန်းကြမ်းပြင်ကို မကြာခဏ ပွတ်တိုက် ဆေးကြောပါ။
ဒါမှမဟုတ်ရင် ရေချိုးခန်းထဲမှာ စီးဖို့ ဖိနပ်တစ်ရံ ဝယ်လိုက်ပါ။
 
Ref: Huffingtonpost. com
Credit:

No comments