New Artical

ရခိုင်သမိုင်းထဲမှရေအောက်မြို့တော်အကြောင်း


ရခိုင်သမိုင်းထဲမှရေအောက်မြို့တော်အကြောင်း
      

ရခိုင်သမိုင်းထဲက ရေအောက်မြို့တော် နောင်တော်ကြီးနောင်တော်ချေမြစ်အကြောင်း

  ကမ္ဘာ့သမိုင်းထဲ၌ရေအောက်မြို့တော် အတော်များများရှိသည်။၂၀၁၅ ခုနှစ် တွင်လည်း အင်ဒိုနီးရှားနိုင်ငံ၌ ရေအောက်မြို့တော် တစ်ခု သဖွယ် ဗုဒ္ဓရုပ်ပွားတော်များဖြင့် ပြည့်နက်နေသော နေရာတစ်ခု ရှာတွေ့ကြောင်း သတင် းpost တစ်ခု ဖတ်ရသည်။ 

         ရခိုင်သမိုင်းတွင်လည်း ရေအောက်၌ နစ်မြုပ် ပျောက်ကွယ်သွားသော ကောတုန်တရစ်တိုင်းဟူ၍ မြို့တော်တစ်ခု ရှိကြောင်းသိရသည်။သက္ကရာဇ် အခိုင်အမာ မရှိသော်လည်း သမိုင်းစာ

ပေ အချို့တွင်ဖော်ပြပါရှိပါသည်။

     


   ကောတုန်တရစ်တိုင်း၏ အကျယ်အဝန်းမှာ အရှေ့ဖက်သို့ မော်တင်စွန်းအထိနှင့် အနောက်ဖက်တွင် ဘင်္ဂလား ပင်လယ်အော်တို့ တည်ရှိနေသည်။အဆိုပါတိုင်ပြည်ကြီးတွင် မဒ္ဒရာဇ်မင်းကြီး စိုးစံခဲ့လေသည်။ဘုရင်ကြီးနတ်ရွာစံလေသောအခါ သားတော် ၃ယောက်က ဆက်ခံကြလေသည်။သားတော်၃ ယောက်မှာ နောင်တော်ကြီး နောင်တော်လေး နှင့် အာဝ တို့ဖြစ်ကြပြီး ဖခင်နတ်ရွာစံသောအခါ အကြီးဆုံး သားတော် နောင်တော်ကြီး ကဘုရင်ဖြစ်လာသည်။ ညီတော်လတ်က အိမ်ရှေ့မင်းအရာယူပြီး ညီတော်ငယ် အာဝ မင်းသားအား စစ်သူကြီးရာ ထူးကိုခွဲယူစေကာ အုပ်ချုပ်ကြလေသည်။

       ထိုသို့အုပ်ချုပ်နေစဉ် အတွင်း ပြည့်ရှင်မင်း ဖြစ်သော နောင်တော်ကြီးမှာ ဥပုသ်ဆောင် ဝင်လိုလှသော အာသီတစိတ် ပြင်းထန်လာသဖြင့်ညီတော်လတ်ဖြစ်သည့် နောင်တော်လေး အိမ်ရှေ့မင်းသားအား နန်းအပ်ထားခဲ့ကာ တောအရပ်သို့ ထွက်ခွာသွားတော်မူလေ၏။

        ထို့နောက်နှစ်လများစွာ ကြာလတ်သောအခါနောင်တော်လေး သည်လည်း အစ်ကို နောင်တော်ကြီး နည်းတူပင် တောအရပ်သို့မှီ လေတော့သည်။ ထီးနန်းအားညီတော်အငယ်ဆုံးက အုပ်ချုပ်လေတော့သည်။သို့နှင့်နောင်တော်ကြီးလာရာအရပ်သို့မှန်း၍နောင်တော်လေး လိုက်လေသော် တိုင်းပြည်

နှင့်အလွန် ဝေးသော တောင်တန်းတစ်ခုတွင် ဆုံတွေ့ကြလေသည်။

     နောင်တော်လေးအား နောင်တော်ကြီးက တရားအားထုတ်လိုသော် ဟိုဘက်တောင်တန်းမှာ နေလေတော့ဟု ညွန်ကြား လိုက်လေ၏။ နောင်အခါ နောင်တော်ကြီးနေခဲ့သောတောင်အား နောင်တော်ကြီး နောင်တော်လေးနေခဲ့သော တောင်အား နောင်တော်လေး ဟုတွင်လေသည်။

     ထိုစဉ် တိုင်းပြည်၌ ဘုရင်အဖြစ်ကျန်ရှိနေခဲ့သော အာဝမင်းသားသည် မင်းကျင့်တရားနှင့်ညီ

ညွတ်စွာမအုပ်ချုပ် တိုင်းပြည်လည်း ခိုးသားဓါးပြ ရောပြွန်းလာလတ်၍ ငတ်မွတ်ခေါင်းပါးသော ကပ်ဆိုးဘေး ကြီးဆိုက်လေတော့သည်။

      ပြည်သူ များလည်း အကျင့်သီလပျက်ပြား ကြလေကုန်၏။ထိုတိုင်းပြည်တွင် တိုင်းသူပြည်သား တို့ကိုးကွယ်သော တန်းခိုးကြီး ရုပ်ပွားတော် တစ်ဆူ(အချို့ ၂ဆူ)ရှိလေသည်။ထိုတန်ခိုးကြီး ရုပ်ပွားတော်ကြီးအား မရိုမသေ မကိုင်းမရှိုင်းကြပဲ မသင့်မလျော်ပြုကြလေကုန်၏။သို့သော် သီလသမာဓိမြဲသော ငပု အမည်ရှိ အဘိုးအိုလင်မယားနှစ်ဦး က ထိုသို့မပြုကျင့် ရန်ပြောဆိုကြပါသော်လည်း မရပေ။ငပုလင်မယားမှလွဲ၍ သားသမီး များသည်ပင် မကောင်းသောအမှု ဖြင့် ဘုရား၌ ပြုကျင့်ကြကုန်၏။  

   


 တစ်ညသောအခါ ငပု လင်မယား အိပ်ပျော်နေစဉ် နတ်များကလာပြီး ဤကောတုန်တရစ်တိုင်း အားနဂါးတို့ ရေနှစ်ကစားတော်မည်။ ထို့ကြောင့် ဘုရားအားပင့်ဆောင်၍ ယူကာ မည်သူမျှ အသိ မပေးပဲ ပြေးကြလေကုန်ဟု အိမ်မက်လာပေးလေ၏။အဘွား အိုက သားသမီးများကိုပြောမိ၍ ပထမနေ့တွင် ဘုရားအားပင့်မရဘဲ ဒုတိယနေ့တွင် မည်သူမျှ မပြောတော့ဘဲ ဘုရားအား ပင့်လေမှ ရရှိ၍ ထွက်ပြေးလာကြလေ၏။ထိုသို့ထွက်လာ ယင်းပင် ယခုလိပ်ခမော် ရွာဟောင်းအနီး တောင်ငယ် တစ်ခုသို့ရောက်ရှိ၍ အပန်းဖြေရပ်နား ကြလေ၏။၄င်းတောင်ကို ယခုတိုင် ငပုတောင်မော် ဟု ခေါ်တွင်ကြလေ၏။ 

        အဘိုးအိုလင်မယား သည် မိမိတို့လာရာ လမ်းအား ပြန်လှည့်ကြည့်လိုက်သောအခါ ကောတုန်တရစ်တိုင်းနေရာတွင် ရေပြင်အတိ သာ မြင်တွေ့ရ

တော့၏။

   


    ထိုကမ်းစပ်တွင် ယခု ဂေါာတူ ခေါ် ရွာငယ်တစ်ရွာ ရှိလေသည်။တခါတရံ အလွန်ဖြားစစ်ချိန်(ဒီရေကျချိန်)တွင် ပင်လယ် သမုဒ္ဒရာထဲရှိ နန်းခေါင်တိုင်အား မြင်ကြရကြောင်း ကြားဖူးခဲ့ရလေသည်။ 

          ရခိုင်ဒေသသည် မီးတောင်ရပ်ဝန်းဒေသ ဖြစ်ပြီး ကောတုန်တရစ်တိုင်အမှန်ရှိခဲ့ပါက မီးတောင်ပေါက်ကွဲမူ ကြောင့်နစ်မြုပ်သွားခြင်း လည်းဖြစ်နိုင်ပေသည်။၁၇၆၂ ခုနှစ် ဧပြီလ ၂ရက်နေ့တွင် ရခိုင်ပြည်၌ မြေငလျင် လှုပ်ခဲ့ဖူးသည်။ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ရိုးမ တစ်ခုလုံး

တုန်ခါသွားသည် ရခိုင်ကမ်းခြေ၏ အစိတ်အပိုင်းအချို့ ရေထဲနစ်မြုပ်သွားပြီး အချို့ နေရာတွင် မြေပြင်မြင့်တက်လာသည်။ဆက်လက်၍ မီးတောင်ပေါက် ကွဲမူလည်း ဖြစ်ပေါ်လာသည်ဟု မြန်မာ့ ငလျင်သမိုင်းတွင် ဖော်ပြထားသည်။

        "ရမ္မာဝတီ၏ မြောက်ဖက်တွင် ကောတုံကရစ် တိုင်း(ကောတုံကရာဇ်) ပြည်ရှိခဲ့သည်။ တောင်ဖက်တွင် ဒွါရာဝတီပြည်ရှိ ခဲ့သည်။ ကေတုံကရစ်မှ ဘုရင်သည် ကလိင်္ဂသျှင်ရသေ့ကို ပြစ်မှားမိသဖြင့် ရသေ့၏ တပည့်များဖြစ် ကြသော နဂါးညီနောင်တို့က ကောတုံကရစ်တိုင်းအား ရေနှစ်ဖျက်ဆီးခဲ့ကြောင်း ထိုနဂါးတို့က ဖျက်ဆီးသဖြင့် ရေပြင်ပင်လယ်ကျယ်ကြီးဖြစ်ခဲ့ရာမှ နောင်တွင်နုံးမြေ ပို့လာပြီး နွံတောကြီး ဖြစ်သွားကြောင်း ဆိုကြလေသည်။

       ကောတုန်တရစ်တိုင်းသည် အမှန် ရှိခဲ့ပါက ရုပ်ပွားတော် ကိုးကွယ်နေပြီးဖြစ်သည့်အတွက် တတိယ ဓညဝတီ နှင့်ခေတ်ပြိုင် သို့မဟုတ် ဝေသာလီခေတ် အစောပိုင်းနှင့် ခေတ်ပြိုင်ဖြစ်ခဲ့ပေလိမ့်မည်။


 ကိုးကားချက်။  ။

၁။  အံ့ဖွယ်သာမော ကံ့ကော်တော ဘုရားသမိုင်းအကျဉ်းချုပ်။ရွှေဖြူ ခင်မြတ်လှ ရှာဖွေပြုစုသည်။ နဝမအကြိမ် 

၂။  ရမ္မာဝတီမဂ္ဂဇင်း အမှတ်(၃)။ ၁၉၉၈ ခုနှစ်

 -အတက်သျှေ-


Crd U Hla Than Aung🙏🙏🙏

No comments