ပင်စိမ်းပင် အိမ်မှာစိုက်ပျိုးသင့်သော အကြောင်းရင်း
ပင်စိမ်းပင် အိမ်မှာစိုက်ပျိုးသင့်သော အကြောင်းရင်း
1. ပင်စိမ်း အရွက်ကိုနေတိုင်းစားပေးခြင်းအားဖြင့်် အူလမ်းကြောင်း ဝမ်းဗိုက်နှင့်် ပါးစပ်တွင်ဖြစ်တက်သောရောဂါများ ကင်းဝေးပြီး အစာခြေစနစ်ကိုကောင်းမွန်စေပါသည် ။
2. ပင်စိမ်း အရွက်ကို ရေထဲတွင်စိမ်ပြီး နေတိုင်းသောက်လာပါက ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ပေးသည်။
3. ပင်စိမ်း အရွက်ကို ပထမရက် ရေချိုးမည့်ရေတွင် စိမ်ထားပြီး နောက်နေ့ရေချိုးပါက ချွေးအနံ့ မထွက်အောင်ကာကွယ်ပေးသည်။
4. ပင်စိမ်း အရွက်ကို သံပုရာရည်ရော၍ ကြိတ်ပြီး အရေပြားပေါ်တွင်လိမ်းပေးပါက အရေပြားရောဂါများဖြစ်သောဝဲ နှင်းခူ နှင့် ယားနာများပျောက်ကင်းသည် ။
5. ပင်စိမ်းစေ့ကို ကောင်းစွာကြိတ်ပြီးစားပေးလျှင် ဆီးနှင့်ပတ်သက်သောရောဂါများပျောက်ကင်းသည်။
6. ပင်စိမ်း သတ္တုရည်ကို သံပုရာရည်ရောပြီး တစ်ပတ်တစ်ကြိမ် ခေါင်းလျှော်ပေးပါက သန်း ဗောက်ဖက်များကင်းဝေးမည်။
7. သန့်ရှင်းသောမြေအိုးရေထဲတွင် ပင်စိမ်းအရွက်ထည့်၍ နေ့တိုင်းသောက်ပါက ရောဂါများကင်းဝေးမည်။
8. ပြတ်ရာ ရှရာများကို ပင်စိမ်း အရွက်ထည့်ပေးလာပါက လျှင်မြန်စွာပျောက်ကင်းသည်။
9. အိမ်တွင် ပင်စိမ်းအရွက်များထားခြင်း(သို့) အိမ်တွင် ပင်စိမ်းပင်စိုက်ထားလျှင် ခြင် ၊ယင် ၊ပိုးကောင် ၊ မြွေများ ကင်းဝေးမည် ။ ထို့ကြောင့်အိမ်တွင်ပင်စိမ်းအပင်စိုက်ခိုင်းခြင်းဖြစ်သည်။
10. တစ်ရက်တွင် နာရီပေါင်း ၂၀ အောက်စီဂျင် ထုတ်လွှတ်ပေးသောကြောင့် အိမ်တွင် စိုက်ရန် အကောင်းဆုံးအပင်တစ်ပင်ဖြစ်ပါသည် ။
Credit
No comments