New Artical

ဆွေမျိုး ( အဓိပ္ပါယ်)


ဆွေမျိုး ( အဓိပ္ပါယ်)

ဆွေမျိုး

        ဆွေမျိုးဟူသည် တဦးနှင့်တဦး သွေးသားတော်စပ်သည်ဟု ပြောလိုလျှင် အမျိုး၊ အမျိုးတော်သည်ဟု ပြောတတ်ကြသည်။ အဆွေဟု ပြောလျှင်မူကား အဓိပ္ပါယ်မပြည့်စုံတော့။ ခင်မင်ကျွမ်းဝင်သော အဆင့်မျှသာဟု ယူဆတတ်ကြသည်။ သွေးသားတော်စပ်သည်ဟု မထင်ကြ။ ဆွေမျိုးစပ်ဝေါဟာ ရများကို ရှေးဦးတီထွင် သုံးစွဲခဲ့ကြသော ပုဂံခေတ်အခါကမူ အမျိုးနှင့်အဆွေကို လက်ခုပ်လက် ဝါးသုံးထားကြောင်း ဤသို့တွေ့နိုင်ပါသည်။ 
 
၁။ ငနောင်အာငသာလည်ဂေါင်။ ငမ္လိယ်လည်ဂေါင်။ ငအဆုယ်လည်ဂေါင်။ သူတစ်ထူလည်ဂေါင်။ (၄၇၄၊ ပုံ ၃၆၄ က၊ ၃၆-၃၇) 
၂။ အမ္လျဝ်ခပင်ပြုန်တီစိယ်သတေ (၅၆၉၊ ပုံ ၁၆ဝ က၊ ၂၈-၂၉) 
၃။ ငာဆုယ်တွင်္ကျင်္လည်ကောင် ငသ္ခိင်မင်ဧအဆုယ်တွင်ကျင် လည္ကေုပင် ပ္လင်္သူလည်ကောင် 
၄။ ငဆုယ်ငမ္လျိုဝ်ငသာငမ္လိယ် (၆၁၇၊ ပုံ ၁၈၆၊ ၁၆) 
၅။ ငသာငမိယ်ငာဆုယ်ငဝါ သူတပါလေည်ကောင် (၆၂၄၊ ပုံ ၂ဝ၆၊ ၈) 
အထက်ပါသာဓကများကို လေ့လာကြည့်လျှင် မိဖသားမြေးများကို ဖေါ်ပြပြီးနောက် ငဆုယ်ဟု၎င်း၊ အမ္လျိုဝ်(အမျိုး)ဟု၎င်း၊ ငဆုယ်ငမ္လျိုဝ်(ငဆွေငမျိုး)ဟု၎င်း၊ အဆွယ်အဝါ(အဆွေ အဝါး)ဟု၎င်း သုံးသည်ကို တွေ့ရပေသည်။ ပြီးမှ တပါးတခြားသူများကို သူတစ်ထူ(သူတစ်ထူး) ပ္လင်္သူ(ပြင်သူ)၊ သူတပါ(သူတပါး)ဟူ၍ခေါ်သည်။ မြလူ(၅၂၇၊ ပုံ ၅၊ ၂၆)ဟုလည်းသုံးတတ်သည်။
( တက္ကသိုလ်မြန်မာအဘိဓာန်၊ အပိုင်း ၅ တွင်လည်း ဆွေ၏အနက်ကို နံ၊ ၁၊) သားချင်း။ ပေါက်ဖေါ်၊ ခင်ပွန်း၊ အဆွေ။ ၂။ (ထားဝယ်)အဖဖက်က သွေးသားတော်စပ်သူ
၃။ မိဖဆွေမျိုးတို့ ရေတွက်ရာတွင် သုံးရသောသင်္ချာပစ္စည်းစကားဟူ၍ အဓိပ္ပါယ်ဖွင့် ပြသည်။ စင်စစ် ဆွေနှင့်ဆွယ်တို့သည် အသံအထက်အောက် နီးနီးကပ်ကပ် ရှိနေသည့်ဝေါဟာရ နှစ်လုံးဖြစ်သည်။ သို့ဖြစ်၍ ဆွေ၏အနက်ရင်းမှာ (မိမိနှင့်မခြား)ဆွယ်နှိုင်းအပ်သည့်သူ၊ စပ်သွယ် တူညီသူ၊ ချစ်ကျွမ်းဝင်သူဟု ဆိုနိုင်ပေသည်။ ဆွေမျိုးဟူသော ဝေါဟာရမှ အောက်ပါဝေါဟာရ များ ဆွယ်ပွားလာသည်။

အမျိုး

မျိုးရိုးအနွယ်စဉ်ဝင်သူ၊ သွေးသားတော်စပ်သူ၊ သားချင်း၊ ပေါက်ဖေါ်၊ အဆွေအဝါး ဟူသည့်အနက်ဆောင်သည်။
အဆွေအမျိုး ဆွေမျိုးကိုပင် ဝေါဟာရ (အ) တလုံးရှေ့ကစပ်ကာ မတြာဝက် မတြာပြည့်ဖြင့် ခေါ်ဆို အသုံးပြုခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာ ဆွေမျိုးနှင့်အလားတူပင် ဖြစ်သည်။

အမျိုးအဆွေ

ဆွေမျိုး၊ အဆွေအမျိုးသည် အပြိုင်စကားပေါင်းဖြစ်သည့်အပြင် အခြားသံတူကြောင်းကွဲ ဝေါဟာရ မရှိသည့် အလျောက် ယင်းကို ရှေ့နောက် နေရာရွှေ့ပြီး အမျိုးအဆွေဟု သုံးခြင်း ဖြစ်သည်။

ဆွေမျိုးသားချင်း

သားဟူသည် အသွေးအသား၊ ငယ်ရွယ်သူ၊ အမိအဖတို့က မွေးဖွားလာသောသားယော ကျာ်းစသည့်အနက်တို့ရသည်။ သားနှင့်ချင်းဟူသော ပစ္စည်းစကားတွဲလိုက်သည့်အခါ ဆွေမျိုး ပေါက်ဖေါ်ဟူသည့်သက်ရောက်အဓိပ္ပါယ်ကို ဆောင်သည်။ ဤသို့လျှင် ဆွေမျိုးနှင့်အနက်တူ သားချင်းကို ပေါင်းစပ်၍ သုံးတတ်သည်သာမက သား နှင့်ချင်းကို ခွဲထုတ်ပြီး ဆွေမျိုးနှင့်တလုံးချင်း အစဉ်လိုက်စပ်ကာ ဆွေမျိုးသားချင်းဟု သုံးတတ် ကြသေးသည်။

အဆွေအဝါး

ပုဂံခေတ်ကပင် အဆွေအမျိုးနှင့်မခြားထပ်တူ အဆွေအဝါးကိုလည်း သုံးခဲ့ကြောင်း အထက်တွင် ပြဆိုခဲ့ပေပြီ။ အဝါးသည် လူ့အဝါး၊ အဝါးဝတို့မှာကဲ့သို့ အကြောင်းအခြင်းဟူသည့် အနက်ကို ဆောင်သည်။ ဤအဝါးသည်လည်း အရောင်ဟော အဝါနှင့်မိတ်တူဝေါဟာရဖြစ်၍ ယင်းမှ အဓိပ္ပါယ်ရွေ့ရှားလာခြင်းပေလားဟု တွေးထင်မိသည်။ အဆွေအဝါးဟုဆိုရာတွင် သား ချင်းပေါက်ဖေါ်တည်းဟူသော အကြောင်းအခြင်း (ဝါ) ဆွေမျိုးသားချင်း၊ ဆွေမျိုးဟုပင် အဓိ ပ္ပါယ်ရပေသည်။ တနည်းလည်း အပိုစာလုံးပြုတ်ကာ ဆိုးရွားမှ ဆိုးဝါး၊ ရွမ်းပြင်းမှ ဝမ်းပြင်း၊ မိုးရွာမှ မိုးဝါဖြစ်လာသကဲ့သို့ ဆွေဖွားမှ ဆွေဝါးဖြစ်လာခြင်းများလားဟုလည်း တွေးဆမိပေသည်။ ပေါက်ဖေါ်၊ ဆွေမျိုးပေါက်ဖေါ် ပေါက်ဖေါ်သည် တမိဝမ်းမှ အတူပေါက်သည့် (ဝါ) အတူမွေးဖွားသည့် အဖေါ်အဖက်၊ သားချင်း ဆွေမျိုးဟူသည့် အနက်တို့ကို ဆောင်သည်။ 

ဆွေမျိုးစု

        ဆွေမျိုးစုသည် လွန်စွာ အရေးပါအရာရောက်သော ရှေး ခေတ်၏ အခြေခံ လူမှုစနစ်တစ်ခုဖြစ်၏။ မည်သည့် လူမျိုး တွင်မဆို ဆွေမျိုးစု အနည်းနှင့်အများရှိတတ်သည်။ 
 
ဆွေမျိုးစု ဆိုသည်မှာ လူမျိုးတစ်မျိုး တည်း၌ပင် ဆွေစဉ်မျိုးဆက်ကိုလိုက် ၍၊ သွေးသား နီးစပ်ရာလူများ အချင်းချင်း စည်းရုံးနေထိုင်ကြ သည့် လူစုကို ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဆွေမျိုးစုတွင် ဘေးမှ ဆင်းသက်သော ဆွေမျိုးစု၊ အဖိုးမှဆင်းသက်သော ဆွေမျိုးစု၊ အဖမှဆင်းသက်သော ဆွေမျိုးစုစသည်ဖြင့် အမျိုးမျိုးရှိလေ သည်။
ဆွေမျိုးစုများကို ရှေးခေတ်တွင်သာမဟုတ်၊ ယခု မျက် မှောက်ခေတ်တွင်လည်း တွေ့ရှိနိုင်ပေသည်။ 
 
ရှေးအခါက စကော့ ဆွေမျိုးစုများသည် တစ်စုနှင့်တစ်စု ရန်ငြိုးထားခြင်း၊ စစ်တိုက် ခြင်းများ ပြုလုပ်ခဲ့ကြ၏။ မြန်မာနိုင်ငံတွင်လည်း ချင်း၊ ကရင် စသော တောင်ပေါ်သားများထဲတွင် ဆွေမျိုးစုစနစ်ကို အခြေ တည်၍ ဖွဲ့စည်းထားသော လူမှုရေးစနစ်ကို ယနေ့ထက်တိုင် တွေ့နိုင်လေသည်။
 
ဆွေမျိုးစုများမှာ တစ်ဦးနှင့်တစ်ဦး ဓလေ့ထုံးစံများတွင် မတူကြပေ။ ပမာပြရမည်ဆိုသော်၊ အချို့သော ဆွေမျိုးစုများတွင် အစုဝင် အချင်းချင်းထိမ်းမြားလက်ထပ်ခြင်းမပြုရန်ကို တားမြစ် ထား၏။ အချို့မှာ အစုဝင်အချင်းချင်းသာ လက်ထပ်နိုင်၍၊ အခြားဆွေမျိုးစုမှ လူများနှင့် လက်ထပ်နိုင်ခွင့်မရှိပေ။ အချို့ သော ဆွေမျိုးစုများတွင်ကား လက်ထပ်ရေးတွင် ချုပ်ချယ်မှုများ မရှိဘဲ၊ မိမိတို့သဘောအတိုင်း လက်ထပ်လိုသူနှင့်လက်ထပ်နိုင် လေသည်။
 
ဆွေမျိုးစုတစ်စုတွင် မွေးဖွားခဲ့သောသူသည် မိမိ၏အသက် ထက်ဆုံး ထိုဆွေမျိုးစုဝင်အဖြစ် နေနိုင်ခွင့်ရှိသည်။ ဆွေမျိုးစု ဝင်များသည် မိမိတို့ဆွေမျိုးစု၏ အမှတ်သညာအဖြစ်ဖြင့်အထိမ်း အမှတ် တစ်ခုခုကို တပ်ဆင်တတ်ကြ၏။ 
 
ထိုအပြင် မိမိတို့၏ ဘိုးဖအစဉ်အဆက်က ပြုလုပ်ခဲ့သော ရိုးရာအခမ်းအနားများကို ပြုလုပ်ကြ၍၊ ဆွေမျိုးစုသီချင်းများကိုလည်း သီဆိုကြလေသည်။ ဆွေမျိုးစုတို့သည် အများအားဖြင့် ရွာတစ်ရွာတည်းတွင် စုဝေးနေထိုင်လေ့ရှိကြ၏။ ပေါင်းသင်းဆက်ဆံရေး၊ သာရေး၊ နာရေးစသော လူမှုရေးလုပ်ငန်းများတွင် တစ်ဦးနှင့်သာ သက် ဆိုင်သည်ဖြစ်စေ၊ အများနှင့် သက်ဆိုင်သည်ဖြစ်စေ အားလုံးက ဝိုင်း၍ လုပ်ကိုင်ပေးလေ့ရှိကြ၏။ 
 
ဆွေမျိုးစုတွင် ပါဝင်သော လူတိုင်း လူတိုင်း၌ အသက်မွေးမှု အလုပ်အကိုင် ကိုယ်စီရှိကြ ၏။ ပမာဆိုသော်၊ ယောကျာ်းများသည် လယ်ယာစိုက်ပျိုးခြင်း၊ အမဲလိုက်ခြင်းစသော လုပ်ငန်းများကို လုပ်ကိုင်၍၊ မိန်းမများက အိမ်တွင် ကလေးသူငယ်များနှင့်အတူ နေပြီးလျှင် ဆန်ဖွပ် မောင်းထောင်းခြင်၊ အဝတ်အထည် ရက်လုပ်ခြင်း စသော အိမ်မှုကိစ္စအဝဝတို့ကို ဆောင်ရွက်လုပ်ကိုင်လေသည်။
 
ဆွေမျိုးစုဝင်တို့သည် မိမိတို့ပိုင်ဆိုင်သော နယ်ဟူ၍ သတ် မှတ်ထားသောနေရာများ အတွင်း၌သာ နေထိုင်လေ့ရှိကြ၏။ ဆွေမျိုးစုတစ်စု ပိုင်ဆိုင်သောနယ်နှင့် အခြားအစုတစ်စုပိုင်နယ် စပ်ကြားတွင် ချောင်းဖြစ်စေ၊ မြစ်ဖြစ်စေ၊ တောတန်းချိုင့်ဝှမ်း တစ်ခုဖြစ်စေ၊ ခြားလျက်ရှိတတ်၏။ ဆွေမျိုးစုဝင် တစ်ယောက် ယောက်အား အခြားအစုမှ လူတစ်ယောက်က စော်ကားနှိပ်စက် လျှင် သို့မဟုတ် တိုက်ခိုက်လျှင် အားလုံးက ဝိုင်းကူကြရသည် သာမက သားစဉ် မြေးဆက်တိုင်အောင်ပင် ရန်စမဆုံးဘဲ၊ တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် လက်စားချေခြင်းကို ပြု လုပ်တတ်ကြ၏။ 
 
တစ်ခါတစ်ရံ အကျိုးစီးပွား တူညီကြသော ဆွေမျိုးစုများသည် တစ်စုနှင့်တစ်စု မျိုးဆက်ခြင်းဖြင့် မဟာ မိတ်ဖွဲ့ကာ သင့်မြတ်စွာ နေထိုင်ကြ၏။ ယင်းသို့ မဟာမိတ် ဖွဲ့ကာ ပူးပေါင်းခြင်းအားဖြင့် ဆွေမျိုးစုများ တိုးတက်ကြီးပွား လာ၍၊ မျိုးတူစုဖြစ်ပေါ် လာလေသည်။ ထိုမျိုးတူစုများ ပူး ပေါင်းနေထိုင် ရာမှတစ်ဆင့် လူမျိုးဟူ၍ ပေါ်ပေါက်လာသည်။ 
 
ကိုးကား
↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
Wikipedia

1 comment: