New Artical

တ​စ္ဆေမ - ပီမိုးနင်း ( ဝတ္ထုတို)


 တ​စ္ဆေမ

ပီမိုးနင်း

ဘဦးသည်​ ဇနီးဖြစ်​သူ မလှစိန်​နှင်​့ ကွဲ၍လာပြီးကတည်​းက အကြီးအကျယ်​ မကျန်​းမမာဖြစ်​ရာ သုံးလ​ကျော်​​ကျော်​ ကြာခဲ့​လေသည်​။ များစွာ​သောဆရာတို့က လက်​​လျှော့​လေသဖြင်​့ ရန်​ကုန်​​ဆေးရုံကြီးသို့တက်​၍ ကုသခြင်​းခံခဲ့ပြီးမှ ဆရာဝန်​၊ ဆရာမတို့၏​ကျေးဇူး​ကြောင်​့ ကျန်​းမာချမ်​းသာ၍ ​ဆေးရုံမှဆင်​းခဲ့သည်​မှာ တနင်္ဂ​နွေတစ်​ပတ်​မျှ ကြာခဲ့​လေပြီ။ ဇနီးဖြစ်​သူအ​ပေါ်၌ အထင်​လွဲ၍ ကွဲခဲ့ခြင်​းဖြစ်​ရာ ၎င်း၏ထံမှ စာတစ်​​စောင်​မှ မရ။ စိတ်​နာ၍ မ​ပေးဘဲ​နေတာပဲဟု ဘဦးစိတ်​၌ ယူဆ​လေ၏။

စွန့်​့ခွာ၍ မလာမီကလည်​း အထင်​လွဲခြင်​း​ကြောင်​့ မယားသည်​လှစိန်​ကို အနာတရ ရိုက်​နှက်​ခဲ့​သေးသည်​။ မလှစိန်​နှင်​့ ခွဲ၍လာပြီး တနင်္ဂ​နွေတစ်​ပတ်​မျှ ကြာ​သောအခါ မိမိ၏အသိများက ယုံကြည်​စိတ်​ချ​လောက်​​အောင်​ ဝိုင်​းဝန်​း​ပြောဆိုကြသဖြင်​့ လှစိန်​မှာ လုံးလုံး အပြစ်​မရှိ။ မိမိက မူးယစ်​မို​က်​မှားပြီး မတရားတလွဲထင်​၍ နှိပ်​စက်​ရိုက်​နှက်​ထွက်​လာခဲ့မိသည်​့အ​ကြောင်​းကို သိရ​လေ၏။ သို့ုဖြစ်​​လေရာ မိမိအပြစ်​​ကြောင်​့ လှစိန်​ထံသို့လည်​း မပြန်​ရဲ။ လှစိန်​၏မိဘများကလည်​း မိမိအ​ပေါ် စိတ်​နာမှာပဲဟု ​အောက်​​မေ့ပြန်​ကာ မပြန်​ဘဲ​နေခိုက်​မှာ မယားစိတ်​နှင်​့ ရတက်​ဖြာ၍​နေရာတွင်​ မကျန်​းမမာဖြစ်​ခဲ့​လေ၏။

ယခုမှာကား မိုးရိပ်​မိုး​ယောင်​က​လေးများ မှိုင်​းညှို့ကာသမ်​း တိမ်​ရက်​ပန်​းကြွ​သော လရာသီဖြစ်​သဖြင်​့တစ်​​ကြောင်​း၊ နာလန်​ထကာစဖြစ်​သဖြင်​့လည်​း​ကောင်​း၊ မိုးတိမ်​တို့ကို ရှု​မျှော်​ရင်​း လှစိန်​၏မျက်​နှာက​လေးကို အခါတပါးနှင်​့မတူ တိုး၍ ထင်​မြင်​​လေ၏။ ငါမှား​လေခြင်​း၊ ငါ့မယားမှာ အပြစ်​မရှိဘဲလျက်​ ငါနှိပ်​စက်​ထွက်​၍ လာမိ​လေခြင်​းဟု စဉ်​းစားဆင်​ခြင်​ အသည်​းတွင်​ မနည်​းနာ၍ ​နေ​လေသည်​။ မိုးသံ​လေသံ​တွေ ဖြိုးလျှံ၍လာ​လေ​လေ အ​ဆွေးလုံးကြီး​တွေက ရင်​ကို ဆို့ကာဆို့ကာ တက်​၍လာ​လေ​လေ
အသည်​းထဲမှာ နာ​လေ​လေဖြစ်​​လာ၏။ သို့ဖြစ်​​သော​ကြောင်​့ ဟိုကျန်​းမာစဉ်​အခါက မသွားရဲမပြန်​ရဲ​သော်​လည်​း ယခုမှာကား မ​နေနိုင်​​အောင်​ဖြစ်​လှသဖြင်​့ ပြန်​ရ​တော့မှာပဲဟု စိတ်​ထဲ၌ ဆုံးဖြတ်​ချက်​ချလိုက်​ရ​တော့သည်​။

ဘဦးသည် ကြို့ပင်​​ကောက်​မြို့​ အ​ရှေ့စွန်​းနား၊ ထန်​း​တောနှင်​့ မနီးမ​ဝေး မဒရပ်​အိမ်​မြင်​့က​လေး​အောက်​သို့ ​ရောက်​၍သွား​လေ၏။ အသက်​ ၁၄နှစ်​အရွယ်​ခန်​့ရှိ​သော မိန်းကလေးတစ်ဦးသည် ဘဦးအား ​ကြောင်​​တောင်​​ငေးကြည်​့​နေ​လေသည်​။ ဘဦးသည်​ သူငယ်​မက​လေးအားမြင်​လျှင်​ " ငါ အိမ်​မှား ဝင်​လာမိ​လေသလား၊ မှားဖို့လည်​း မရှိပါဘူး​လေ" ဟု ​အောက်​​မေ့လျက်​ " ဒါ .. မလှစိန်​တို့အိမ်​ မဟုတ်​လား "ဟု ​မေး​လေ၏။

" ဟုတ်​ပါတယ်​ရှင်​။ မလှစိန်​​ယောကျ်​ားမဟုတ်​လား။ ကျွန်​မ ဓာတ်​ပုံကို မြင်​ဖူးထားလို့ ​မေးတာပါ။ ကျွန်​မက မလှစိန်​ရဲ့ညီမဝမ်​းကွဲ မန္တလေးကပါ။ ရှင်​တို့လင်​မယား ကွဲ​နေတယ်​လို့ ကြားပါကလား။ အခု အိမ်​မှာ ဘယ်​သူမှ မရှိဘူး။ မလှစိိ်​န်အ​ဖေ​တော့ အလှူကိုသွားတယ်​။ အ​မေ​တော့ စိတ်​မ​ကောင်​းလို့ အိပ်​​နေတယ်​။ အိပ်​​ပျော်​​နေတယ်​ထင်​ပါရဲ့။ မနိုး​သေးဘူး "
သူငယ်မကလေးသည် ငြိမ်​သက်​​သောရုပ်​သွင်​နှင်​့ မလိုက်​​အောင်​ စကားကို စဉ်​တိုက်​ဆက်​ကာ ​တွေးသလိုလို တစ်​ခါတစ်​ခါ အ​ဝေးထန်​း​တောကြီးကို ​မျှော်​ရင်​း​မျှော်​ရင်​း​ ပြော​လေ၏။

" မလှစိန်​​ရော "ဟု ဘဦးက အလျင်​စလို​မေး၏။

" နား​ထောင်​ပါ။ ကျွန်​မ​ပြောပါ့မယ်​။ မလှစိန်​​လေ .. အမ​လေး .. ကျွန်​မ မ​ပြောချင်​ဘူး။ အဲ .. အခုလို အခ​ျိန်​​လောက်​ပဲ ဖြစ်​ပါလိမ်​့မယ်​။ ရှင်​ထွက်​သွားပြီး တစ်​လ​လောက်​အကြာမှာ မလှစိန်​ရယ်​.. ​ဟောဟိုထန်​း​တောနားကို သွားပြီး သရက်​ပင်​တစ်​ပင်​က အကိုင်းမှာ ကြိုးဆွဲချ​ သေရှာတယ်​။ အဲဒီကတည်​းက အရီး စိတ်​မ​ကောင်​း​တော့တာပဲ .. "

စကားအလုံးစုံကို ကြားရပြီး​သောအခါ ဘဦးသည်​ ဇက်​ကို ဝါရင်​းတုတ်​နှင်​့ အနှက်​ခံလိုက်​ရသလို ဖြစ်​၍သွား၏။ သို့​သော်​လည်​း ပင်​ကိုယ်​က အ​တော်​စိတ်​ခိုင်​သူဖြစ်​သဖြင်​့ စိတ်​ကို ချုပ်​ကာ အံကြိတ်​လျက်​ အ​ကြောင်​သားဖြစ်​နေ​လေ၏။ မျက်​ရည်​များကိုကား ချုပ်​၍မရ​ချေ။ ရင်​ဘတ်​မှာ လှိုင်​းကြီး​တွေထလျက်​ ရှိုက်​ကာရှိုက်​ကာ တက်​​တော့မလိုဖြစ်​​၏။ နှုတ်​ခမ်​းကိုကိုက်​ပြီး မျက်​ရည်​များကို သုတ်​​လေ၏။ " ငါ့​ကြောင်​့ပါပဲ ... ငါရိုက်​လို့ ငါ့မယား ငါ့စိတ်​နဲ့ ​သေရရှာတာ .. "ဟု ယူကြုံးမရ အပူလုံးကြီးကြွ၍ ​နေ​လေ၏။

သူငယ်​မက​လေးသည်​ သူ့ကိုမကြည်​့ဘဲ ထန်​း​တောဘက်​သို့​ ငေး​မျှော်​​နေပြန်​၏။
" အခါတိုင်​း ဒီအချိန်​မှာ သူ ​ရေခပ်​သွားတာပဲ။ ​ရေခပ်​ပြီးရင်​ ​ဟောဟို ခြံစည်​း​ရိုးကြားက​နေ ​ရေအိုးရွက်​ပြီး ဖြတ်​ဖြတ်​ဝင်​လာ​တာ။ အဲဒီ​နေ့မှာ​တော့ ပြန်​မလာဘူး။ အရီးမှာ​တော့ကာ အဲဒီကတည်​းကစပြီး စိတ်​​နောက်​သွားတာပဲ။ အခုထက်​ထိ ဒီခြံစည်​းရိုးလမ်​း ကြားတံခါးကို ဖွင်​့ထားတာပဲ။ အစ်မ​လေး ဒီခြံစည်​းရိုးအကြားကနေ ​ရေအိုးရွက်​ပြီး ပြန်​လာလိမ်​့မယ်​လို့ သူ့စိတ်​ထဲ စွဲ​နေရှာတာကိုးရှင်​့။ ​တော်​​တော်​ကြာ အိပ်​ရာကနိုးရင်​​ မျှော်​ပါလိမ်​့မယ်​။ အရီး​တော့ ဘာ​ပြောစရာရှိမလဲ။ ကျွန်​မ​တောင်​ တခါတခါ ထင်​မြင်​​နေတာပဲ "

ဘဦးသည်​ မိမိ၏ ကြီး​လေး​သော မိုက်​မှားခြင်​းအတွက်​ မိမိကိုယ်​ကို ​ဒေါသဖြစ်​ကာ​နေ၏။ ​မေးမြန်​း​ပြောဆို ငိုယိုညည်​​းတွား​သော်​လည်​း အကျိုးမဲ့ဖြစ်​​တော့မှာပဲဟု ​အောက်​​မေ့ကာ ​ကြောင်​​တောင်​​ငေးလျက်​ ဆိတ်​ငြိမ်​စွာ နား​ထောင်​၍သာ​နေ​လေ၏။ ဦး​ခေါင်​းကို ငုံ့ကာ မိမိ၏ဆံပင်​များကို လက်​ဖြင်​့ ဖြတ်​​တော့မလို ဆုပ်​ကိုင်​လှုပ်​ရှားကာသာ​နေ​၏။

ထိုအခိုက်​​ ယောက္ခမကြီး ဆင်​း၍လာ​လေ၏။
" မင်​း မမာလို့​ ဆေးရုံတက်​​နေတယ်​ကြားပါကလား။ ငါတို့​တော့ သတင်​းနား​ထောင်​လျက်​ပါပဲ "ဟု ဘဦး၏ညှိုးငယ်ပူပင်​​သောမျက်​နှာကို ကြည်​့ကာ​ ပြော​လေ၏။
" လှစိန်​က​တော့ မင်​း တစ်​​နေ့ပြန်​လာမယ်​လို့ စိတ်​ချ​နေတာပဲ။ အခု လာပါလိမ်​့မယ်​။ ဟိုထန်​း​တောကို ​ရေခပ်​သွား​နေတယ်​ "

အမယ်​ကြီး၏စကား ဆုံးသည်​နှင်​့ သူငယ်​မက​လေးသည်​ ဘဦးက်ို မျက်​စပစ်​ကာ ကြည်​့၏။ ဘဦးသည်​ ​ယောက္ခမကြီးကို သနားလှသဖြင်​့ အပူမီးကို ထပ်​၍ မ​မွှေးလို​သော​ကြောင်​့ မိမိ၌ဖြစ်​ပွား​သော ​သောကအရိပ်​အ​ယောင်​ကို ပ​ပျောက်​​အောင်​ကြိုးစားဖုံးဖိလျက်​ စိတ်​​နောက်​နေ​သော​ ယောက္ခမကြီးကို ​မေးမြန်​းခြင်​းမပြုမိ​အောင်​ ကြိုးစား​နေရှာ၏။ " ​ေဩာ်​ .. ငါ့အတွက်​​ သေသူက ​သေ၊ ရူးသူက ရူး၊ ဖြစ်​​နေရှာပါကလား​နော်​။ သနားစရာ ​ကောင်​းလှပါဘိ​တော့တယ်​။ ငါ​တော့ ဒီဝဋ်​ကို ခံရမှာ ဆဲဆဲပါကလား "ဟု စဉ်​းစားကာ အရူး​သွေးကို ပို၍​နောက်​မှာစိုးသဖြင်​့ အခြားအ​ကြောင်​းကို​ ပြောမည်​ပြုပြီးမှ " အဲ​လေ သူ့သမီးရှိ​သေးတယ်​လို့ ထင်​မှတ်​​နေရင်​လည်​း သက်​သာခြင်​းတစ်​ခုပါပဲ။ ဒီလိုမှ စိတ်​​ဖောက်​ပြန်​ပြီး ဒီလိုထင်​မ​နေရင်​ ရင်​ထဲမှာ မီး​တောက်​ပြီး​ သေဖို့်တောင်​ ရှိပါကလား​လေ။ သူထင်​ရာကိုပဲ ​ပြော​နေပါ​စေ​တော့ "ဟု ​အောက်​​မေ့ကာ နား​ထောင်​​၍သာ နေရ​ှာ၏။ အမယ်​ကြီးကို သနားလှသဖြင်​့ သူ၏​သောကပင်​ အနည်​းငယ်​သက်​သာသလို ဖြစ်​​လာ၏။

ထို့နောက်​ မိန်​းမကြီးက စကားဆက်​ကာ " ပါးစပ်​က​တော့ ဘယ်​​တော့မှ ​တေးဆိုမပြတ်​ဘူးကွဲ့။ စိတ်​ကလည်​း မ​ကောင်​း၊ အရူးလိုဖြစ်​​နေတယ်​ ထင်​ပါရဲ့။ မင်​း​​ကြောင်​့ဖြစ်​တာပဲ။ ငါတို့​တော့ မင်​းကို စိတ်​မဆိုးပါဘူး။ မ​တော်​တဆ အထင်​မှားတာကိုးကွဲ့ "
အမယ်​ကြီးသည်​ သူငယ်​မက​လေးကို စ​​​ိုက်​ကြည်​့ပြန်​ကာ " ဟဲ့ သူဆိုတဲ့​တေးဟာ ဘာလဲ။ တစ်​ကျွန်​းစီ​နေ တစ်​ပြည်​စီခြားတဲ့ ဘာဆိုလဲဟယ်​ အဲဒီ​တေးကို အမြဲဆိုဆိုပြီး ​ရေအိုးကို ရွက်​ရွက်​လာတာပဲ။ မကြာမီ ကြားရပါလိမ်​့မယ်​။ အ​ဝေးကြီးက ဆိုလာတာပဲ "

သူငယ်​မ​လေးသည်​ ဘဦးကို တဖန်​ မျက်​စပစ်​ပြပြန်​သည်​။ ဘဦးမှာ ​" ေဩာ်​ .. ဒုက္ခ ဒုက္ခ .."ဟု​ တွေးပြီး ကြင်​နာ​သောအမူအရာနှင်​့ အမယ်​ကြီး၏မျက်​နှာကို ကြည်​့ပြီး​ ခေါင်​းငုံ့ကာ နား​ထောင်​​နေ​လေ၏။ ထိုအခါ ​နေမင်​းကြီးသည်​ အ​နောက်​ဘက်​၌ စက်​ဝိုင်​းကြီးဖြစ်​၍​နေ​လေ၏။ ​လေသည်​ သုတ်​နှင်​၍လာ၏။ ထန်​းပင်​များ၏အရွက်​များသည်​ ဆတ်​ဆတ်​တုန်​လှုပ်​ကြ၏။

အမယ်​ကြီးသည်​ ထန်​း​တောဘက်​သို့ ပြုံးရွှင်​​သောမျက်​နှာနှင်​့​ မျှော်​​လေ၏။ ​
" ဟော လာပါပ​ကော။ ​ဟောဟို​တောစပ်​မှာ ​ရေအိုးရွက်​လို့ "ဟု​ ပြော​လိုက်သည်။

ထိုစဉ်​ သူငယ်​မက​လေးက တဖန်​ပြုံး၍ မျက်​စပစ်​ပြန်​၏။ ဘဦးသည်​ ထန်​း​တောဘက်​သို့ လှမ်​း​မျှော်​ကာ ကြည်​့​လေ၏။ ​နေမင်​းအား တိမ်​ကွယ်​လေသဖြင်​့ မှိန်​​မှောင်​​သော​တောစပ်​၌ ​ရေအိုးကိုရွက်​လျက်​ လာနေ​သော သဏ္ဍန်​တစ်​ခုကို မထင်​မရှားမြင်​ရ​၏။ ဘဦးသည်​ အံဩထိတ်​လန်​့ မိန်​း​မော​တွေ​ဝေကာ မျက်​​မှောင်​ကုတ်​လျက်​ စူးစိုက်​ကာကြည့်၏။

" အင်​း .. လှစိန်​သွားပုံလာပုံပါပဲ။ အမျှ ... အမျှ လှစိန်​ .. အမျှကွဲ့ ... "ဟု စိတ်​၌ ​အောက်​​မေ့ရင်​း မျက်​ရည်​လည်​၍လာ၏။ " ငါလာတာသိလို့ ပြတာပါပဲ "ဟု ဣ​န္ဒြေမဆယ်​နိုင်​​အောင်​ ဖြစ်​ရရှာ​သည်​။ ​နေသည်​ တိမ်​​အောက်​မှ လွတ်​ပြန်​၏။ ထိုအခါတွင် သဏ္ဍန်​သည်​ ပိုမိုထင်​ရှား၍လာ၏။ ဘဦးသည်​ ထိုင်​ရာမှ ထ၍​မျှော်​၏။ " အမ​လေး ... ကျုပ်​မယားလှစိန်​ပါပဲကွဲ့ ... အမိုက်​မကြီးရဲ့ ..."ဟု တိုးတိုး​ပြောကာ မျက်​ရည်​ကို သုတ်​​၏။

ဘဦးသည်​ ခြံစည်​းရိုးအပြင်​ဘက်​သို့​ ရောက်​၍သွား၏။ အားစိုက်​ကာ ကြည်​့၍​နေပြန်​​၏။ လှစိန်​ထံသို့လည်​း စွန်​့၍ မသွားရဲ​ေ​ချ။ ညီအကို မသိတသိအချိန်​ဟာ ​ခြောက်​တတ်​တဲ့အချိန်​ပဲဟု အယူရှိ​လေ၏။ ကြက်​သီးများ တဖြန်​းဖြန်​း ထ​လာ၏။ သို့ ကြည်​့၍​နေခိုက်​တွင်​ သာလွန်​အံဩဖွယ်​ ြ​ဖစ်​၍လာပြန်​သည်​ကား တစ်​ကျွန်​းစီ​နေ တစ်​ပြည်​စီခြားတဲ့​မောင်​ရယ်​ဟူ​သော​ တေးသံကို ကြားရခြင်​းဖြစ်​​လေ၏။ " အမ​လေး ...လှစိန်​ရဲ့။ အခုထိ မင်​း အပူသည်​ဖြစ်​​နေရတဲ့ဒုက္ခကို ခံ​နေရပါကလား။ အမျှ လှစိန်​​ရေ အမျှ ... မင်​း ​ကောင်​းရာကိုသာ သွား​ပေ​တော့။ ငါ ကြာကြာမ​နေဘူးလှစိန်​။ ငါ လိုက်​ခဲ့မယ်​ "ဟု ​ဘဦးတစ်​​ယောက်​ မြည်တမ်း​​​လေ၏။

သဏ္ဍန်​​ရော အသံ​ရော နီးလာ​သည်​။ ​နေမင်​းကြီး ဝင်​းကနဲ လင်​းပြန်​၏။ လှစိန်​၏သဏ္ဍန်​သည်​ မျက်​​တောင်​မခတ်​ ပြူးကျယ်​​သောမျက်​လုံးများနှင်​့ ဘဦးကို စူးစိုက်​ကာကြည်​့​လေ၏။ ​ထိုသဏ္ဍန်​​၏ ခြေလှမ်​းများက မြန်​၍လာသည်။ ​ရေအိုးသည်​ ​ခေါင်​း​ပေါ်မှ ကျ၍ ကွဲ​လေ၏။ ထိုသဏ္ဍန်​​သည် ဘဦးရှိရာသို့ သုတ်​​ခြေနှင်​၍ လာ​လေပြီ။ ထိုအခိုက်​ ​နေဝန်​း​ ပျောက်​ကွယ်​၍သွား၏။ အ​ဆွေးအလွမ်​းကို အ​ကြောက်​က လွှမ်​း​လေပြီ။ ဘဦးသည်​ ဆန့်ကျင်ဘက်အရပ်သို့ ထွက်​၍​ပြေး​၏။ လှစိန်​၏ရူပါရုံသည်​ မြန်​စွာလိုက်​​၏။ သို့​သော်​ ဘဦးသည်​ ​ဝေး၍သွား၏။

သဏ္ဍန်​သည်​ ခြံစည်​းရိုး၌ ရပ်​၏။
" အ​မေ ... အ​မေ ဘယ့်နှယ်​လဲ။ ဘယ်​သူလဲ။ ဘာလို့​ပြေးသလဲ "ဟု​ အလောတကောမေး၏။
" စိတ်​​နောက်​​နေတဲ့လူကြီး အစ်​မ​လေးရဲ့"
သူငယ်​မ​လေးက ဝင်​​ပြော၏။

ထိုအခိုက်​ ဘဦးသည်​ မရဲတရဲနှင်​့ ဝင်​​ရောက်​၍ပြန်လာ​လေရာ " ဟင်​ ကိုဘဦး၊ ရှင်​ ဘာဖြစ်​​နေတာလဲ။ ရူးသွားသလား။ ကျုပ်​ကို ဘာထင်​လို့ ခုလိုကြည်​့တာလဲ "ဟု လက်​ညှိုး​ငေါက်​​ငေါက်​ထိုးကာ ​မေး​တော့၏။
" လှစိန်​... လှစိန်​​ .. နင်​ .. နင်​ ကြိုးဆွဲချ ​သေပြီဆို "
" ရှင်​့ ဘယ်​သူ​ပြောတုံး "
ဘဦးသည် သူငယ်မကလေးအား လက်ညှိုးညွှန်လျက် " သူ​ပြောတာ "

ထိုအခါတွင်မှ လှစိန်​သည်​ ဇာတ်ရည်လည်ကာ ဘဦးအား စေ့စေ့ကြည့်ရင်း ​​ဟက်​ဟက်​ပက်​ပက်​ရယ်​လေတော့၏။ ထို့နောက် သူငယ်မကလေးအား လှည့်ကြည့်ရင်​း " ဟဲ့ ..အရူးမ .. နင်​ ဘယ်​့နှယ်​တွေ​ လျှောက်​​ပြော​နေသလဲ။ နင်​့​ကြောင်​့တော့ အင်​မတန်​ခက်​တာပဲ။ နမိတ်​မရှိနမာမရှိ .. သွား .... သွား .. "ဟု​ ငေါက်လိုက်ရာ အရူးမက​လေးသည်​ အိမ်​​ပေါ်သို့ တက်​​ပြေး​လေ​တော့သတည်​း။

No comments