New Artical

ကော့ဂွန်းဂူ



 ကော့ဂွန်းဂူ

                ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူဟာ ကရင်ပြည်နယ် ဘားအံမြို့နယ်၊ဖားကပ်စံပြကျေးရွာ၊ ကော့ဂွန်းကျေးရွာအနီး ကော့ဂွန်းတောင်ပေါ်ရှိ ထုံးကျောက်သဘာ၀ လိုဏ်ဂူတော် တစ်ခုဖြစ်ပါတယ်။ ဒီလိုဏ်ဂူတော်အတွင်း မြေပြင်ဘက် ကျောက်သားနံရံတို့ နှင့် သပ်ပါယ်လှစှာ မွမ်းမံချယ်သထားသော များပြားလှသည့် ဗုဒ္ဓရုပ်ပွားတော်များ ရှိပါတယ်။ ပြီးတော့ ရှေးဟောင်းကမ္ဗည်းစာ နှင့် ရှေးလက်ရာရုပ်လုံး ရုပ်ထုများ တွေ့ရှိရသောကြောင့် ကျော်ဇောထင်ရှားပြီး မြန်မာ့သမိုင်းဝင် တန်ဖိုးကြီးမားသော ရှေးခေတ်လိုဏ်ဂူ တစ်ခု ဖြစ်ပါတယ်။ 

ကရင်ပြည်နယ်၊ ဘားအံမြို့ အနီးတစ်ဝိုက်မှာ လူသိများထင်ရှားသော ဂူကြီးများ အနက် ဒီကော့ဂွန်း လိုဏ်ဂူတော် ကြီးကတော့ အထင်ရှားဆုံး ဂူတော်ကြီးပဲ ဖြစ်ပါတယ်။ ဒီဂူကြီးထဲမှာ ရှေးဟောင်းအုတ်ခွက် ဗုဒ္ဓရုပ်ပွား တော်များ ၊ ဗုဒ္ဓဆင်းတုတော်များ ၊ အုတ်ခွက်ဘုရားများ၊ ရှေးဟောင်း ဗုဒ္ဓ၀င်ကျောက်ဆစ် ပန်းပုလက်ရာများ ၊ ဂူနံရံပေါ်မှ အုတ်ခွက်ဘုရားများစွာ အလွန်စိတ်၀င်စားစရာ ကောင်းလှပါတယ်။

သမိုင်းကြောင်း

        လွန်ခဲ့တဲ့ မြန်မာသက္ကရာဇ် (၄၁၉) ခုနစ်တွင် ပုဂံပြည်ရှင် အနော်ရထာမင်းက ဘာသာရေးကို အကြောင်းပြပြီး သထုံပြည်ကြီးရှင် မနူဟာမင်းအား စစ်ခင်းခဲ့ရာ သထုံပြည်ကြီးကို ပျက်စီးခဲ့ပါတယ်။အဲဒီနောက် အနော်ရထာမင်းဟာ မနူဟာမင်းနဲ့ ပိဋကတ်တော်များ၊ ပညာရှင်များကို ပုဂံသို့ ခေါ်ဆောင်သွားပြီး ထိုအထဲမှ မုတ္တမ မိဖုရားကြီးက ရှောင်တိမ်းရာမှ လွတ်မြောက်ခဲ့ပါတယ်။ 

        အဲဒီအချိန်မှာ မိဖုရာကြီးက ရှောင်တိမ်းရာမှ ကော့ဂွန်းဂူသို့ ရောက်ရှိခဲ့ပါတယ်။ မိဖုရားကြီးက ဒီဂူကြီးရောက်ခဲ့တဲ့အချိန် ပုန်းအောင်းနေစဉ်အတွင်းမှာပဲ မိဖုရားကြီးက စေတီများ၊ ဗုဒ္ဓဆင်းတုတော်များ ၊ ရုပ်ကြွများ ထုလုပ်ပူဇော်ခဲ့ပါတယ်။ 

            မိဖုရားကြီးဟာ ကော့ဂွန်းဂူ၌ သာမက အနီးအနားရှိ ပတ်၀န်းကျင် ထုံးကျောက်လှိုင်ဂူများ ၊ ဂဝံစေတီများ ၊ဗုဒ္ဓဆင်းတုတော်များ ထုလုပ်ပူဇော်ခဲ့ပါတယ်။ ပြီးတော့ ဒီကော့ဂွန်းဂူကြီးထဲမှာ ထူးဆန်းသော ဘုရားရုပ်ထုတော် တစ်ဆူ ရှိပါတယ်။ မုတ္တမ မိဖုရာကြီးသည် ပုန်းအောင်းနေစဉ်အတွင်းမှာ ခံစားနေရတဲ့ ဝေဒနာ၀ဋ်ကြွေးတွေကို ကျေစေလိုသောကြောင့် ဆုတောင်းပြည့် အကြွေးကြေဘုရား တစ်ဆူလဲ တည်ထားခဲ့ပါတယ်။ 

နောက်ဆုံးတော့ ဒီကော့ဂွန်းဂူကြီးဟာ အလွန်ထင်ရှားပြီး အလွန်စိတ်၀င်စားစရာကောင်းသော ဂူကြီးတစ်ခု ဖြစ်ပါတယ်။

credit

No comments