New Artical

ကော့ကသောင်ဂူ



 လိုရာဆုယူကော့ကသောင်ဂူ

ကရင်ပြည်နယ်ရှိကျောက်လှိုဏ်ဂူများ သည်ရွာအမည်များကို အစွဲပြု၍ခေါ်ဝေါ် သောအမည်များ၊ တစ်ဖန် ကျောက်လှိုဏ်ဂူ အမည်ကိုအစွဲပြု၍ ခေါ်ဝေါ်သော ရွာအမည် များလည်း ရှိကြသည်။

ထိုသို့ အမည်များ ခေါ်ဝေါ်ရာတွင် ကော့ကသောင်  ဂူတော်သည်လည်း ကော့ကသောင်ရွာ အမည်ကို အစွဲပြု၍ ခေါ်တွင်လာခြင်းဖြစ်ပေသည်။

ရှေးအခါက ကော့ကသောင်ရွာဟူ၍ ထင်ထင်ရှားရှား မရှိသေးသောအချိန်တွင် "လက္ခဏဂူ"ဟု ခေါ်တွင် ခဲ့ကြသည်။ ထိုစဉ်ကလှိုဏ်ဂူတော် အရှေ့ဘက်တစ်မိုင်ခန့် အကွာတွင် ပိုးကရင်တိုင်း ရင်းသားများ နေထိုင်သော လက္ခဏရွာကြီးရှိသည်။ 

ထိုရွာသည်လှိုဏ်ဂူတော်နှင့်အနီးဆုံးရှိလေသည်။ဤသို့ဖြင့်လှိုဏ်ဂူတော်ကို"လက္ခဏဂူ"ဟု အမည်ခေါ်တွင်ခဲ့ကြ ကြောင်း ဆိုကြသည်။ ကော့ကသောင်ရွာသည် ဘားအံမြို့၏ တောင်ဘက်(၇)မိုင်ခန့် အကွာတွင် တည်ရှိပြီး ရှေးယခင်က ကော့ကသောင်ရွာ တည်ရှိရာအရပ်သည် တောကြီးမျက်မည်းနှင့် ရှိခဲ့လေသည်။ သစ်ပင်ကြီးများ၊ ဝါးပင်ကြီးများဖြင့် အုံ့ဆိုင်းနေသော ကုန်းနေရာဖြစ်သည်။ အထူးမှာပိုးကရင်တို့အခေါ် "ကသွန့်"(ကျုသံင့်) ကြို့ပင်များ ထူထပ်စွာပေါက်သော တောကြီးဖြစ်သည်။ ထိုကုန်းမြေရှိတောကြီး တစ်ခုလုံးတွင် ကသွန့်ခေါ် သောကြို့ပင်များက ဖုံးအုပ်ထားလေသည်။ 

ဤသို့ဖြင့်ပိုးကရင် ဘာသာစကားဖြင့် "ကိုကသွန့်" ဟူ၍ခေါ် တွင်ခဲ့ကြလေသည်။  

ပိုးကရင်စကား-

ကို(ကိုဝ်)=တော၊တော တန်း၊တောအုပ်။
ကသွန့်(ကျုသံင့်)=ကြို့ပင်

ထို့ကြောင့် ကရင်အသံအထွက် "ကိုကသွန့်"သည် ကြို့ပင်ကုန်း၊ ကြို့ပင်တော၊ ကြို့ပင်ပေါက်သော တောအုပ်ဟူ၍ အဓိပ္ပါယ် ရသည်... ကရင်အသံထွက် "ကိုကသွန့်" ကိုလိုက်၍ မြန်မာအသံထွက် မြန်မာရေးထုံးဖြင့် "ကော့ကသောင်"ဟူ၍ တွင်လာခဲ့ခြင်း ဖြစ်လေသည်။

ထိုကော့ကသောင်ရွာသည် မြန်မာသက္ကရာဇ် (၁၂၈၀) ပြည့်နှစ်တွင် အိမ်ထောင်စု(၆)စုနှင့် စတင်တည်ခဲ့ပြီး (၁၂၈၁)ခုနှစ် မှစတင်၍ ကော့ကသောင်ရွာဟူ၍ ထင်ထင်ရှားရှား အမည်တွင်လာသည်။ မရှေးမနှောင်းမှာပင် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း တည်ရှိလာခဲ့သည်။ ကော့ကသောင် ဘုန်းတော်ကြီးကျောင်း တည်ရှိပြီး (၁၈)နှစ်ခန့်အကြာမှ ကော့ကသောင်လှိုဏ်ဂူတော် အမည်တွင်၍ တည်ရှိလာခဲ့လေသည်။

 

ကော့ကသောင်လှိုဏ်ဂူတော်ဝန်းကျင်ကြည်နူးဖွယ်ရာများ

- လှိုဏ်ဂူတော်အဝင်မုဒ်ဦး
- ဝင်္ကဘာတံတိုင်း
- ဆုတောင်းပြည့်စေတီ
- ဘေးမဲ့ရေကန်

ဂူဝရင်ပြင်တော်ရှိကြည်ညိုစရာများ

- နဂါးရုံဘုရား
- ရုပ်ပွားတော်အမျိုးမျိုး
- တံခွန်တိုင်
- ဆရာတော်ကြီးအရိုးအိုး

လှိုဏ်ဂူတော်အတွင်းရှိကြည်ညိုစရာများ

- နှစ်ကျိပ်ရှစ်ဆူကော့ကသောင်ဂူ
- ကျောက်ကပ်ဘုရားများ
- နားဂါးပတ်မီးတိုင်နှင့်ရုပ်ပွားတော်
- ဘုရားကိုအာရုံပြုနေသောမိကျောင်း နှင့်လိပ်ရုပ်တု
-ရပ်တော်မူရုပ်ပွာတော်များ
- ရဲမင်းကြီးဘုရား
- ဆရာတော်ကျောင်းဆောင်
- ဓာတ်တော်တိုက်
- ရှေးဆရာတော်ကြီးများတရားအားထုတ်ရာ "လိုရာဆုယူကော့ကသောင်ဂူ"


ကိုးကား ၊ မန်းသင့်နောင်(ကော့ကရိတ်) ထုတ်ဝေသည့် သမိုင်းဝင်ကော့ကသောင်လှိုဏ်ဂူတော် စာအုပ်မှ ထုတ်နုတ် ရေးသားသည်။

Credit

No comments