New Artical

မာလကာရွက်ရဲ့ ဆေးဘက်ဝင်ပုံများ

Photo Credit

 မာလကာရွက်​အစွမ်း

မာလကာပင်ဆိုတာက မြန်မာနိုင်ငံရှိ အိမ်တော်တော်များများတွင် စိုက်ပျိုးလေ့ရှိကြသည့် အပင်တစ်မျိုးလည်းဖြစ်ပြီးတော့ အသီးစားဖို့ စိုက်ပျိုးကြတာလည်း ဖြစ်ပါသည်။ ဒါပေမယ့် တော်တော်များများကတော့ မာလကာအရွက်ရဲ့ဆေးစွမ်းကောင်းများကို မသိရှိကြဘဲ့ အသီးကိုသာ စားဖို့ပဲ့ သိကြပါသည်။ မာလကာရွက်သည်လည်း မြောက်မြားစွာသောဆေးစွမ်းကောင်းများ ရှိပါသည်။
မာလကာသီးမှာ vitamin A, C, Potassium, Lycopene, နဲ့ fiber ဓာတ်တွေပါ၀င်လို့ အာဟာရ ဓာတ်ပြည့်၀တဲ့ အသီးအဖြစ် ညွှန်းဆိုကြပါသည်။ ဒါပေမဲ့ မာလကာရွက်မှာလည်း ကောင်းမွန် ထူးခြားတဲ့ ဓာတ်တွေ ပါ၀င်နေတယ် ဆိုတာကို သတိထားမိပါသလား။

✔ အထက်​လှန်​-​အောက်​​လျော မာလကာရွက်​၊ချင်းစိမ်းနဲ့​ရော​ထောင်းပြီး ဆားနည်းနည်းထည့် ရေနှစ်​ခွက်​နဲ့ပြုတ်​ ၊
ပြုတ်​ရည်​ကို​သောက်​​ပေးပါက သက်​သာ​ပျောက်​ကင်းစေပါသည်​။

✔ လက်​စွယ်​ငုပ်​ပြည်​တည်​ရင်​၊မာလကာရွက်​ ကြိတ်​​ခြေပြီးအုံ​ပေး ပတ်​တီးစည်းထား​ပေးပါ ။

✔ နှင်းခူနာကို မာလကာရွက်​အဆီနဲ့ကန်​မှုန့် ရောလိမ်းပေးပါ ။

✔ သွားဖုံး​သွေးယိုခြင်း၊ ပြည်​တည်​ခြင်း ​ရေစီးကမ်းပြို ဖြစ်​ခြင်းအတွက်​၊ မာလကာ​ခေါက်​ ပြုတ်​ရည်​နှင့် မကြာခဏ ငုံ​ပေး​ထွေး​ပေးပါ။

✔ သွားကိုက်​ခြင်းအတွက်​ မာလကာရွက်​ ဝါးပြီး အရည်​ခဏမျှငုံ​ပေးထားပြီး ​ထွေးပစ်​ပါ။

✔ အမျိုးသမီးများ အဖြူဆင်း ရနံ့ဆိုးခြင်း မိန်းမကိုယ်​ယားယံခြင်း တို့အတွက်​ မာလကာရွက်​၊ မာလကာ​ခေါက်​ ပြုတ်​ရည်​ဖြင့် ဖန်​​ရေစိမ်​​ပေး၊​ ဆေး​ပေးပါက သက်သာ​​​ပျောက်ကင်း​​ပါသည်​။

✔ က​လေးများ နာတာရှည်​သူငယ်​နာ ဝမ်းပျက်​​ရောဂါအတွက်​ အရွက်​၊ အမြစ်​၊ အ​ခေါက်​ ကျို တိုက်​ပါ။

မာလကာရွက်သည် သဘာဝဆေးဝါးတစ်မျိုးဖြစ်ပြီးတော့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ ၊ ရောဂါပိုးမွှားများ ကူးစက်ခြင်းကို ကာကွယ်နိုင်သော အစွမ်းသတ္တိ ၊ ရောင်ရမ်းခြင်း နှင့် နာကျင်မှုတွေကိုလည်း ပျောက်ကင်းစေတဲ့ ဂုဏ်သတ္တိတွေလည်း ပါဝင်ပါသည်။ အဲ့ဂလို အရွက်၏ဆေးဝါးအသုံးများကို နားလည်ကြသဖြင့် မာလကာရွက်ဆေး တို့ နှင့် မာလကာရွက်လက်ဖက်ခြောက်တွေပါ ထုတ်လုပ်ပြီး အသုံးပြုလာကြပီ ဖြစ်ပါသည်။ ကိုယ်အလေးချိန် လျှော့ချချင်ရင်လည်း အထောက်အကူပြုပြီးတော့ သွေးတွင်းသကြားဓာတ်ပမာဏကိုလည်း လျှော့နည်းစေတဲ့သတ္တိကြောင့် ဆီးချိုရောဂါသမားတွေအတွက်လည်း သင့်တော်လှပါသည်။ မာလကာရွက်အနုလေးများကို ခူးမယ် ရေဖြင့်စင်ကြယ်အောင် ဆေးပြီးတော့ သန့်တဲ့အဝတ် သို့ ဇကောတစ်ခုထဲကို ထည့်ကာ နေရိပ်မှာ အခြောက်ခံလှန်းရပါသည်။ အဲ့ဒီမာလကာရွက်ခြောက်လေးတွေကို လက်ဖက်ခြောက်အစား ထည့်ကာ မာလကာခြောက်ရေနွေးကြမ်း အဖြစ်သုံးဆောင်နိုင်ပါသည်။

၁။ မာလကာရွက်လက်ဖက်ခြောက်ကို သုံးလလောက် သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ကို အကျိုးမပြုသော ကိုလက်စထရောတွေကို ဖယ်ရှားပေးနိုင်ပါတယ်လို့ ဆိုကြပါသည်။ မကောင်းတဲ့ ကိုလက်စထရောတွေကိုပဲ ဖယ်ထုတ်တာဖြစ်ပြီး အကျိုးပြုတဲ့ ကိုလက်စထရော ကိုတော့ ချန်ထားပါသည်။

၂။ ဝမ်းပျက်ဝမ်းလျှော နဲ့ ဝမ်း ကိုက်တာတွေဖြစ်ပြီဆိုရင်လည်း မာလကာရွက်က ဆေးဖက်ဝင်ပါသည်။ မာလကာရွက်နုကလေးတွေကို ဝါးစားလိုက်ရုံဖြင့် ပျောက်ကင်းသက်သာစေပါသည်။ ဘာလို့လဲ ဆိုတော့ မာလကာ ရွက်က မကောင်းတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်လို့ပါ။

၃။ အစာအဆိပ်သင့်တာတွေ၊ အော့အန်တာတွေနဲ့ အစာမကြေဖြစ်တာတွေကို လည်း သက်သာပျောက်ကင်းစေပါသည်။ ဒါ့အပြင် ပန်းနာရင်ကျပ် ရောဂါအတွက်ဆိုရင်လည်းမာလကာရွက်နဲ့ ကုသနိုင်ပါသေးသည်။

၄။ သွားကိုက်တာ၊ လည်ချောင်းနာတာနဲ့ သွားဖုံးရောဂါတွေ ဆိုရင်လည်း မာလကာရွက် လတ်လတ်ဆတ်ဆတ်ကို ချေပြီး အရည်ညှစ် ပလုတ်ကျင်းပေးရင် ပျောက်ကင်းစေနိုင်ပါသည်။ ဒါကြောင့်မို့ မာလကာရွက်ကို သွားတိုက်ဆေးထုတ် လုပ်ရာမှာ ထည့်သွင်းထားကြတာပေါ့။
 

၅။ ခံတွင်းနံ့သင်းဖို့အတွက်သာမက ခံတွင်း ကျန်းမာရေးအတွက် မာလကာရွက်ကို ကြိတ်ခြေအနှစ်ပြု လုပ်ပြီး အိမ်မှာသဘာဝဆေးဝါး အဖြစ်သုံးနိုင်ပါသည်။

၆။ မာလကာရွက်ကို သွေးလွန်တုပ်ကွေးရောဂါ နဲ့ ပရော့စတိတ် ကင်ဆာရောဂါကုသဖို့လည်း အသုံးပြုပါတယ်။

၇။ ဓာတ်မတည့်လို့ ယားယံတာ၊ အဖုအပိမ့်ထွက်တာ တွေဖြစ်ရင်လည်း မာလကာရွက် နဲ့ပွတ်ပေးရင် သက်သာပျောက် ကင်းနိုင်သလို ထိခိုက်ရှနာဖြစ်ရင် လည်း မာလကာရွက်ကိုကြိတ်ခြေ ပြီးအုံပေးရင် ပျောက်ကင်းနိုင်ပါသည်။
 

၈။ အရေပြားအရောင်မမှန်တာတွေ၊ ဝက်ခြံ၊ ဆားဝက်ခြံတွေကိုလည်း မာလကာရွက်အနှစ်နဲ့ သုတ်လိမ်းပြီး ပျောက်ကင်းအောင်ပြုလုပ်နိုင်သလို မာလကာရွက်အနှစ်နဲ့ ပေါင်းတင်ပေးရင်လည်း အရေပြားတွန့်တာတွေပျောက် ကင်းပြီး တင်းရင်းလှပစေပါသည်။

၉။ မာလကာရွက် လက်တစ်ဆုပ်စာကို ရေတစ်လီတာလောက်နဲ့ မိနစ် ၂၀ လောက်ပြုတ်ပြီး အေးသွားတဲ့အခါ မာလကာရွက်ပြုတ်ရည်နဲ့ ဦးရေပြားကို သုတ်လိမ်းပြီး နှိပ်နယ်ပေးရင် ဆံပင်ကျွတ်တာတွေ ပျောက်ကင်းပြီး သန်စွမ်းစေပါသည်။
 

၁၀။ မာလကာရွက် ရေနွေးကြမ်းက သာမန် အဖျားရောဂါတွေကို ကုသနိုင်ပါသည်။ အကောင်းဆုံး နည်းလမ်းကတော့ မာလကာရွက် ကိုးရွက်ခန့်ကို ရေငါးခွက်စာထဲမှာ ထည့်ပြုတ်ပြီး သောက်ပါက အအေးမိ ကူးစက်ခြင်းကို သက်သာစေပါသည်။

၁၁။ မာလကာရွက် ရေနွေးကြမ်းက ယောကျာ်းအားကိုလည်း တိုးစေပါသည်။

၁၂။ ပိုးကြောင့်ဖြစ်တဲ့ နားရောဂါများကိုလည်း အအေးခံထားတဲ့ မာလကာရွက် ရေနွေးကြမ်းကို နားထဲ အစက်ချ ပေးလျှင် သက်သာစေပါသည်။

၁၃။ ဓာတ်မတည့်လို့ ဖြစ်တဲ့ အရေပြား ယားနာတွေကိုလည်း မာလကာရွက် ချေပြီး အုံရင်များစွာ သက်သာစေပါသည်။

၁၄။ ချေထားတဲ့ မာလကာရွက်ကလည်း ပိုးကောင် ကိုက်ထားတဲ့ အဖုအပိမ့်တွေ၊ အနာတွေကို သက်သာစေပါသည်။

၁၅။ မျက်နှာမှာ အမည်းစက်တွေ ဖြစ်နေရင် မာလကာရွက်ကို ရေအနည်းငယ် ရောကာ ညက်အောင် ထောင်းပြီး ရလာတဲ့ အရည်နဲ့ မျက်နှာကို ချေးချွတ်နိုင်ပါသည်။

၁၆။ အထက်ပါ အရည်ကိုလည်း မျက်နှာကို ပေါင်းတင်ပေးရင်လည်း အိုမင်းရင့်ရော်မှုကို အထိုက်အလျောက် တားဆီး ပေးနိုင်ပါသည်။

၁၇။ ရေထဲ ထည့်ပြုတ်ထားတဲ့ မာလကာရွက်တွေကို အအေးခံပြီး ဦးရေပြားမှာ ပွတ်ချေနှိပ်နယ် ပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကို သက်သာစေပါသည်။

၁၈။ မာလကာရွက် ခတ်ထားတဲ့ ရေနွေးကြမ်းကို ပုံမှန် သောက်သုံးပေးခြင်းဖြင့် ဆီးချိုဝေဒနာကို သက်သာစေပါသည်။
 

၁၉။ ကိုယ်အလေးချိန် လျော့စေပါသည်။ လက်ဖက်ခြောက်လို ခတ်သောက်လို့ရတဲ့ မာလကာရွက် ရေနွေးကြမ်းက အစာ ခဏခဏ စားချင်စိတ်ကို ထိန်းပေးလို့ ကိုယ်အလေးချိန် လျှော့ချချင်တဲ့ သူတွေအတွက် အထူးသင့်လျော်ပါသည်။

၂၀။ တောအရပ်က ဆေးဝါးတစ်ခုမှာ မာလကာရွက် ၊ ဇီးဖြူရွက်၊ ကြက်ဟင်းခါး ၊ ဖုန်းမသိမ်၊ ပျဉ်းတော်သိမ်း ၊ ကြက်သွန်ဖြူ ၊ ကြပ်ခိုး ၊ ရှိန်းခို ၊ ဆား ၊ မြက်မုံညှင်းဥ ၊ နနွင်း ၊ ကြောင်ပန်းရွက် စတာတွေကို ဆုံကြီးနဲ့ထောင်း ဆေးကိုလုံး အခြောက်လှန်း ကလေးများအုပ်ဆေး စားဆေး အဖြစ်နဲ့ အသုံးပြုပြီး လူကြီးအဖျားရောဂါအမျိုးမျိုးကို ပျောက်ကင်းစေပါသည်။

၂၁။ လက်တွေမှာ ဟင်းနံ့စွဲနေရင် ၊ မူးမော်နေရင် မာလကာရွက် သုံးလေးရွက်ကို လက်ဝါးထဲ ပွတ်ချေပေးလိုက်ရင် အနံ့ပျောက်ကင်းစေပါသည်။ ပွတ်ချေထားတာကို ရှူလိုက်ရင်အမူးအမော် ပြေစေပါသသည်။

၂၂။ မာလကာရွက်ကို နှာခေါင်းသွေးယိုရင် အရွက်ကို ပွတ်ချေပြီး နှာခေါင်းထိပ်နားကပ်ကာ မကြာခဏရှုပေးမယ်ဆိုရင် နှာခေါင်းသွေးယိုတာ ရပ်သွားပါသည်။

၂၃။ မာလကာရွက်နုကို ဆားအနည်းငယ်ဖြင့်ရော၍ သောက်ပါက ချောင်းဆိုးရောဂါသက်သာ ပျောက်ကင်းစေတတ်ပါသည်။
 

၂၄။ မာလကာရွက် နဲ့ သလဲသီးရွက်ကို ကြိုပီးတော့ ခံနိုင်သော အပူချိန်မှာ ငုံပြီး အေးလျှင် ထွေးထုတ်ပြုလုပ်ပေးပါက နဲ့နေသော သွားများ ပြန်ခိုင်စေပါသည်။

၂၅။ ဝက်အူကြက်အူကို မာလကာရွက်အကြမ်း နဲ့့နယ်ဆေးလိုက်ရင် အနံ့ဆိုးတွေ ပျောက်ပြီး သန့်စင် သွားပါသည်။ ပုလင်းတွေသုံးချင်လို့ ပုလင်းထဲက အခြားအနံ့တွေ ပျောက်ချင်ရင်လည်း မာလကာရွက်ချေပြီးပုလင်းထဲ အတော်ကြာထည့်ပြီး ပြန်ထုတ်ပါ အနံ့ပျောက်ကင်းနေတာကို တွေ့ရပါလိမ့်မည်။

လင်းညို့တာရာ

 

 


 

No comments