New Artical

မြတ်စွာဘုရားရှင်၏ ဉာဏ်တော် (၁၀)ပါး

 


ဒသဗလဉာဏေန
  အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ 

(၁)အကြောင်းဟုတ်သည် မဟုတ်သည်ကို သိမြင်တော်မူသော ဌာနာဌာနကောသလ္လ ဉာဏ်တော်။ 

(၂) ကံ၏ အမျိုး ကံ၏အကျိုးကို အမျိုးမျိုးပင် သိမြင်တော်မူသော ကမ္မဝိပါကကောသလ္လ ဉာဏ်တော် 

(၃) ထိုထိုဂတိ အဂတိသို့ ရောက်ဘိအကြောင်း ကျင့်လမ်းကြောင်းကို ကောင်းစွာထင်ထင် သိမြင်တော်မူသော အနေကဓာတု နာနာဓာတု ဉာဏ်တော်။ 

(၄) ဓာတ်အများနှင့် ဓာတ်အများတွင် ထူးခြားအင်ကို သိမြင်တော်မူသော အနေကဓာတုနာနာဓာတု ဉာဏ်တော်။ 

(၅) သတ္တဝါတို့၏ လွန်ကဲစွဲပိုက် စိတ်အကြိုက်ကို စိုက်စိုက်ထင်ထင် သိမြင်တော်မူသော နာနာဝိမုတ္တိကတာ ဉာဏ်တော်။

(၆) သတ္တဝါတို့၏ ဣန္ဒြေငါးဆင့် နုအရင့်ကို ထောက်ချင့်ကာလျှင် သိမြင်တော်မူသော ဣန္ဒြိယပရောပရိယတ္တိ ဉာဏ်တော်။ 

(၇) စျာန်သမာပတ် တရားမြတ်၏ ညစ်ကြောင်း ဖြူကြောင်း ထနိုင် ကြောင်းကို ကောင်းစွာထင်ထင် သိမြင်တော်မူသော စျာနသံကိလေသာဒိ ဉာဏ်တော်။ 

(၈) ရှေး၌ဖြစ်အင် ခန္ဓာစဉ်ကို သိမြင်တော်မူသော ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်တော်။ 

(၉) စုတေခါနီး သန္ဓေပြီးစ ဟူသမျှနှင့် သေးလှအာရုံ ဝေးအာရုံကို အကုန်သိမြင်တော်မူသော ဒိဗ္ဗစက္ခု ဉာဏ် တော်။ 

(၁၀) အရဟတ္တ မဂ်ဉာဏဖြင့် အာသဝလေးတန် ကုန်ရာအမှန် မြတ်နိဗ္ဗာန်ကို အမှန်သိမြင်တော်မူသော အာသဝက္ခယ ဉာဏ်တော်။ 

တည်းဟူသော ဉာဏ်အားတော်ဆယ်ပါးနှင့်၊ သမ္ပန္နံ- ပြည့်စုံတော်မူသော၊ ဗုဒ္ဓံ- မြတ်စွာဘုရားကို၊ အဟံ- ဘုရားတပည့်တော်သည်၊ နမာမိ- ရို သေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော်ပါ၏ မြတ်စွာဘုရား…။

No comments