New Artical

ပဋ္ဌာန်းတစ်လ အဓိဌာန် ဝင်နည်း


(၁) – နမောတသ ရွတ်ဆို၍ ဘုရားရှိခိုး ပါငါးပါးသီလခံယူပါ။ 

(၂) – (အဓိဋ္ဌာန်ပြုပါ) ဘုရားတပည့်တော်သည် (စရွတ်သည့်နေ့)မှစ၍ နေ့စဉ်မပြတ် တစ်လတိတိ ပဋ္ဌာန်း ဒေသနာတော်များ ရွတ်ဆိုပြီးမြတ်စွာဘုရားကို ပူဇော်ပါမည်ဟု အဓိဋ္ဌာန်ပြုပါသည်အရှင်ဘုရား ထိုကဲ့သို့ တစ်လအဓိဋ္ဌာန် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရာတွင် ယနေ့အဓိဋ္ဌာန်အဖြစ် ယခုအချိန်မှစ၍ ပဋ္ဌာန်းဒေသနာ တော်များကို ရွတ်ဖတ်ကာ မြတ်စွာဘုရားအား ပူဇော်ပါတော့မည် အရှင်ဘုရား။ 

 (၃) – (နတ်ပင့်)သမန်တာ စက်က-ဝါလေသု၊ အက်တရာ ဂစ်ဆန်တု ဒေဝတာ သတ်ဓမ်မံ မုနိရာဇတ်သ၊ သုဏန်တု သက်ဂမောက်ခဒံ။ (ဓမ်မတ်-သဝန-ကာလော အယံ ဘတ်ဒန်တာ)(ဓမ်မတ်-သဝန-ကာလော အယံ ဘတ်ဒန်တာ)(ဓမ်မတ်-သဝန-ကာလော အယံ ဘတ်ဒန်တာ) 

(၄) – (ခွင့်တောင်း)ဘုန်းတော်အနန္တ ဂုဏ်တော်အနန္တ ကံတော်အနန္တဉာဏ်တော်အနန္တ တန်ခိုးတော်အနန္တ ပါရမီတော်အနန္တ မေတ္တာတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဘုရား ဘုရားတပည့်တော်မသည် (လက်ရှိရောက်နေတဲ့ခုနှစ် လ ရက် အချိန်) ဤနေရာဤဋ္ဌာန တွင် မြတ်စွာ ဘုရား ရှင်ကိုယ်တော်မြတ်ကြီး နတ်ပြည်ခြောက်ထပ်တွင် ဟောကြားတော်မူခဲ့သည့် အဘိဓမ္မာ မဟာပဋ္ဌာန်း ကျမ်းတော်ကြီးကို ရွတ်ဖတ်၍ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား လေးစားကော်ရော် ပူဇော်တည်းခြင်းဟူသော ကုသိုလ်ကောင်းမှုကိုပြုလုပ်လိုပါသဖြင့် ရွတ်ဖတ်ပူဇော်ခွင့်ပေးသနားတော်မူပါရန် တရားတော်၏ပိုင်ရှင်အစစ် ဖြစ်တော်မူသော မြတ်စွာဘုရားရှင်ကိုယ် တော်မြတ်ကြီးထံမှ ခွင့်တောင်း အပ်ပါသည် အရှင်ဘုရားခွင့်ပေးတော်မူပါအရှင်မြတ်ကြီးဘုရား။ 

(၅) – (တရားနာဖိတ်) အဘိဓမ္မာမ ဟာပဋ္ဌာန်းကျမ်းတော်ကြီး ရွတ်ဖတ်ပူဇော်ခြင်းကို နာကြားနိုင်သော နာကြား လိုသော အားလုံးသော စကြဝဠာအနန္တတွင် ရှိကြကုန်သော အပါယ်ဘုံသား လူ နတ် ဗြဟ္မာ သတ္တဝါ အပေါင်းတို့နှင့် ဘုရားတပည့်တော်၏ ဆွေဆက်မျိုးဆက် ပဋ္ဌာန်းဆက်ဖြစ်သော ဆွေတော်မျိုးတော် အပေါင်းတို့ တရားတော်နာကြွရောက်ကြပါရ န်ဖိတ်ကြားအပ်ပါသည်။

(၆) – (ဖယ်ရှား) အဘိဓမ္မာ မဟာပဋ္ဌာန်းကျမ်းတော်ကြီး ရွတ်ဖော်ပူဇော်ခြင်းကို မနာကြားနိုင်သော ပုဂ္ဂိုလ်များနှင့် နတ်စိမ်းများ မာရ်နတ်၏ နောက်လိုက် နောက်ပါနတ်ဆိုးများ အားလုံးတို့ ဤနေရာ ဤ ဌာန နှင့်အနီးပတ်ဝန်းကျင်တွင် ရှိနေပါက ခေတ္တခဏဖယ်ရှားပေးကြပါရန် ပန်ကြားအပ်ပါ၏ ခေတ္တခဏ ဖယ်ရှားပေးကြပါကုန်လော့ ခေတ္တခဏဖယ်ရှားပေးကြပါကုန်လော့ ခေတ္တခဏဖယ်ရှားပေးကြပါကုန်လော့။ 

(၇) – (ရွတ်ဖတ်) နမောတသ သုံးကြိမ်ရွတ်ဆိုပါ။ ပစ္စယုဒ္ဒေသ အစချီ၍ ပဋ္ဌာန်းအကျဉ်းနှင့် တကွ ပဋ္ဌာန်း အကျယ်ကို အသံထွက်မှန်မှန်နှင့် ဖြည်းဖြည်းရွတ်ပါ။

(၈) – (ပြန်လည်ခေါ်ယူ) ဘုရားတပည့်တော်မှ ခေတ္တခဏဖယ်ရှားပေးပါရန် ပန်ကြားထားသော အဘိဓမ္မာ မဟာပဋ္ဌာန်းကျမ်းတော်ကြီး ရွတ်ဖော်ပူဇော်ခြင်းကို မနာကြားနိုင်သော ပုဂ္ဂိုလ်များနှင့် နတ်စိမ်းများ မာရ်နတ်၏ နောက်လိုက်နောက်ပါ နတ်ဆိုးများအားလုံးတို့ သင်တို့၏ နေရာဋ္ဌာနအသီးသီး ဘုံဗိမ္မာန်အသီးသီးသို့ ပြန်လည်ကြွမြန်း၍ နေလိုကနေနိုင်ပါပြီ နေလိုကနေနိုင်ပါပြီ နေလိုကနေနိုင်ပါပြီ။ 

(၉) – (မေတ္တာပို့ အမျှဝေ) မေတ္တာပို့သပြီးနောက် ဤသို့ပြုရ အစချီပြီး အမျှဝေပေးပါ။ 

(၁၀) – (နတ်ပို့) အစ်တာဝတာစ အမ်မှေဟိ၊ သမ်ဘတံ ပုန်ညသမ်ပဒံ သတ်ဗေ ဒေဝါ နုမောဒန်တု၊ သတ်ဗသမ်ပတ်တိ သိတ်ဓိယာ ဒါနံ ဒဒန်တု သတ်ဓာယ၊ သီလံ ရက်ခန်တု သတ်ဗဒါ ဘာဝနဘိရကာ ဟွန်တု၊ ဂစ်ဆန်တု ဒေဝတာ ဂတာ။

(၁၁) – (ဆုတောင်း) ယခုအခါတွင် ဘုရားတပည့်တော်/မ သည် တစ်လအဓိဋ္ဌာန် ရွတ်ဖတ်ပူဇော်ရာတွင် ယနေ့အဓိဋ္ဌာန်အဖြစ် မြတ်စွာဘုရားအား ပူဇော်ပြီးပါပြီ ဤသစ္စာစကားကြောင့် လည်းကောင်း ဤပဋ္ဌာန်းဒေသနာတော်၏ တန်ခိုးရှိန်စော် အာနုဘော်တို့ကြောင့်လည်းကောင်း ဤပဋ္ဌာန်းဒေနာတော်ကို ရွတ်ဆိုရသောကောင်းမှုကုသိုလ် နာကြားရသောကောင်းမှုကုသိုလ်တို့၏ တန်ခိုးတေဇော်အာနုဘော်တို့ကြောင့် လည်း ကောင်း ပဋ္ဌာန်းဒေသနာတော်ကိုရွတ်ဆိုပီးတိုင်းတပည့်တော်နှင့်ထပ်တူထပ်မျှရစေဖို့ အမျှပေးဝေရတဲ့ ကောင်းမှူကုသိုလ်ဝမ်းမြောက်နုမောသာဓုခေါ်ဆိုရတဲ့ကောင်းမှူကုသိုလ်တို့၏တန်ခိုးတေဇော်အာနုဘော်တို့ကြောင့်လည်းကောင်း တပည့်တော်သည် (လိုရာဆုတခုထဲသာတလတိတိဆုတောင်းပါ)ပြည့်ရပါလို၏ဘုရား။ 

မှတ်ချက်။ ။  အဓိဋ္ဌာန်ဝင်သည့် ရက်များတွင်သက်သက်လွတ် စားနိုင်လျှင် ပိုကောင်းပါတယ် ငါးပါးသီလလုံလျှင်လည်း ပိုကောင်းပါတယ် အချိန်အတိအကျ နေရာအတိအကျတွ င်ရွတ်နိုင်လျှင်ပိုကောင်းပါတယ် ဆုတခုမပြည့်မချင်း ရွတ်လျှင်လည်းရပါသည် ကိုယ်ရွတ်ချင်သလောက် တစ်လပီးတစ်လရွတ်နိုင်ပါသည် ယုံယုံကြည်ကြည်ဖြင့် ပူဇော်ပေးပါ အကယ်လို့အဓိဌာန်မဝင်ပဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်မည်ဆိုပါလျှင်လည်း(၁) နဲ့ (၁၁) ကိုသာဖြုတ်၍ ဆိုရပါမယ် ဒါမှသာပြီးပြည့်စုံသော ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း ဖြစ်ပါလိမ့်မယ်။ အားလုံးပြီးရင် မေတ္တာသုတ် ဆက်ရွတ်ပါတယ် ဆုတောင်းမေတ္တာ ပို့ပေးပါ။

အားလုံးပဲ အဆင်ပြေကြပါစေ တစ်လအဓိဋ္ဌာန်ဖြင့် ရွတ်ဖတ်ပူဇော်လိုသူ မိတ်ဆွေများရှိရင် ပူဇော်နိုင်ဖို့  ပြန်လည်ကူးယူ ဖော်ပြပါသည်။

Credit:

No comments