New Artical

ပဌာန်း လမ်း၊ရေလမ်း ၊ပန်းလမ်း ၊ဆီမီးလမ်း ဖြင့် ပူဇော်နည်း

 


ပဌာန်း၊ရေလမ်း ၊ပန်းလမ်း ၊ဆီမီးလမ်း ဖြင့် ပူဇော်ခြင်း

(၁) ရေဖန်ခွက် (၂၄)ခွက်

(၂) ဆူးမပါသော ပန်း / ပွင့်ဖတ် များ နှင့်

(၃) ဆီမီးတိုင်၂၄ တိုင်

သင့်တော်ရာစားပွဲ(သို့)လင်ဗန်းတွင် ရေဖန်ခွက် ၂၄ ခွက်ကို မိမိနှစ်သက်သလိုစီပြီး ကြားထဲတွင် ပန်းလေးများ/ပွင့်ဖတ်များ လှပအောင်စီပူဇော်ပါ။

ဆီမီး ၂၄ တိုင်ကိုလည်း စေတီပုံ သို့မဟုတ် အဆင်ပြေသလို ကြည်ည်ုဖွယ်ထွန်းပါ ။

ရေဖန်ခွက်ထဲ ရေသွန်းလောင်းထည့်ချိန် မိမိစိတ်တွင်း နှုတ်တက်ရွရွ ပဋ္ဌာန်း၂၄ပစ္စည်းကို တစ်ခွက်ချင်းပေါ် ရေသွန်းလောင်း ထည့်ရင်း “ဟေတုပစ္စယော”မှ “အဝိဂတပစ္စယော” ထိ ပူဇော်ပါ။

ပဋ္ဌာန်း(၂၄)ပစ္စည်းနှင့် ဖန်ခွက် ၂၄ခွက် အတိအကျစစ်ပြီးသလို ပဋ္ဌာန်းအကျဉ်း ၂၄ ကြိမ်ပူဇော်ပြီး ဖြစ်ပါမယ်။

ပူဇော်ရန်

(၁) ပဋ္ဌာန်း (၂၄)ခေါက် အကျဉ်း (ပစ္စယနိဒ္ဒေသ အကျယ် ၁ ခေါက်)

(၂) သံဗုဒ္ဓေ (၂၄)ခေါက် နှင့် (၃) “မေတ္တာသုတ်” တစ်ခေါက်ပူဇော်ပါ

ပဋ္ဌာန်း ရေလမ်း၊ ပန်းလမ်း ၊ပလင်းတန်းခင်းခြင်း ပဋ္ဌာန်းအရှိန်တန်ခိုးနှင့် ဘဝခရီးလမ်း ရေလိုကြည်လင်အေးချမ်းပြီး ဉာဏ်ရည်ထက်မြက်, သာယာတဲ့ဘဝ ခရီးလမ်းကို “

နေ့စဉ် ဘဝ နေစဉ် ခဏ”မှာ လျှောက်လှမ်းနိုင်ပါလိမ့်မယ်

မြတ်စွာဘုရား ပူဇော်ပြီး လှူဒါန်းပြီး ပြန်စွန့်ချိန်တွင် ပဋ္ဌာန်းပူဇော်ပြီး ရေများ, ပန်းများအား မိမိအလိုရှိသလို အသုံးပြူနိုင်ပါတယ်

(သတ္တဝါအများဝေနေယျာအတွက် ပြန်လှူသလို မိသားစု သောက်သုံးတဲ့ရေအိုးထဲထည့် ပြီး ဘေးအန္တရာယ်ကင်းရန် အလို့ဌာ သောက်သုံးနိုင်ပါတယ် –

မိသားစုသုံးရေကန်ထဲ ဆပွားရန်အနည်းငယ်ထည့် သုံးစွဲနိုင်ပါတယ်)

နတ်ပင့်(လိုပါက)

လောကစောင့်ကြပ် နတ်များအပေါင်းတို့၊
(
အရပ်ဋ္ဌာန-မိမိပူဇော်သောနေရာ)သို့ ပဋ္ဌာန်းရေလမ်းပန်းလမ်း အလင်းလမ်း လှူဒါန်းရန် လာကြပါကုန်လော့၊

တောစောင့်နတ်၊ တောင်စောင့်နတ်အပေါင်း၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်အပေါင်း၊ ရုက္ခစိုး၊ ဘုမ္မစိုး၊ အာကာသစိုး နတ်အပေါင်းတို့ ပဋ္ဌာန်းရေလမ်းပန်းလမ်း အလင်းလမ်းလှူဒါန်းရန် လာကြပါကုန်လော့၊ 🙏

မြေစောင့်နတ်၊ ရေစောင့်နတ်၊ သာသနာတော်စောင့်နတ်၊ သမုဒ္ဒရာစောင့်နတ်၊ ၀ဠာဟကနတ်၊ ပဇ္ဇုန်မိုးနတ် စတုလောကပါလနတ်၊ သိကြား၊ ဗြဟ္မာ၊ အသုရာ၊ ယမာ အစရှိသော နတ်ဗြဟ္မာအပေါင်းတို့၊ ပဋ္ဌာန်းရေလမ်းပန်းလမ်း အလင်းလမ်းလှူဒါန်းရန် လာကြပါကုန်လော၊ 🙏

နဂါး ၊ ဂဠုန် ၊ ဂုမ္ဘာန်၊ ယက္ခက် အစရှိသော သူတော်ကောင်းအပေါင်းတို့ ပဋ္ဌာန်းရေလမ်းပန်းလမ်း အလင်းလမ်းလှူဒါန်းရန် လာကြပါကုန်လော့

၀ိဇ္ဖာ၊ ဇော်ဂျီ တပသီ အစရှိကုန်သော သူတော်ကောင်းအပေါင်းတို့ ပဋ္ဌာန်းရေလမ်းပန်းလမ်း အလင်းလမ်းလှူဒါန်းရန် လာကြပါကုန်လော့၊

လူအပေါင်း နတ်အပေါင်း ဗြဟ္မာအပေါင်း၊ အပါယ်လေးပါး သတ္တဝါအပေါင်းတို့ ပဋ္ဌာန်းရေလမ်းပန်းလမ်း အလင်းလမ်းလှူဒါန်းရန် ဖိတ်ခေါ်ပါစေကုန်၏။

(တောင်တန်းသာသနာပြု့ဆရာတော်ထံမှ)

နေရာအခက်ခဲ ဖန်ခွက်အခက်အခဲ ရှိပါက ပန်းပန်းကန်/ပန်းကလပ်တော်နှင့် ဖန်ခွက်ကြီး တခုထဲသို့ ရေဇွန်းတစ်ဇွန်းချင်းခပ် ပဌာန်းပစ္စည်း တစ်ခုချင်း ပူဇော်ရင်းပူဇော်နိုင်ပါတယ်**

အချိန် သိပ်မပေးနိုင်ပါက ရေ ပန်း မီး ပြင်ဆင်နေစဉ် ပဋ္ဌာန်းအကျဉ်း ကိုမပြတ်ရွတ်ပါ။

အားလုံးပြင်ဆင်ပြီးမှနတ်ပင့်မေတ္တာသုတ် သံဗုဒ္ဓေ ရွတ်ပဋ္ဌာန်း အကျယ် ပစ္စယုဒ္ဒေသ ဖြင့် နိုင်သလောက်ပူဇော်ပါ

မေတ္တာပို့လိုရာဆုတောင်းအမျှဝေနတ်ပို့ပါ။မေတ္တာဖြင့်

No comments