New Artical

သရက်ရွက်၏ အံ့ဖွယ် ဆေးဖက်ဝင် အသုံးဝင်ပုံ

 


သရက်ရွက် မှာ Vitamins – Enzymes A ntioxidants အများ အပြားပါဝင်ခြင်းကြောင့်ကျန်းမာရေးအတွက်များစွာ အသုံးပြုနိုင်ပါသည်။

သရက်ရွက်ဆေး အသုံးပြုခြင်းများမှာ ..

၁ – သွေးတိုးကိုကျစေခြင်း သရက်ရွက်ကသွေးကြောများကို ကြံ့ခိုင်စေသည်။

သရက်ရွက်ကိုရေဆေးပြီး ရေနွေးကြမ်းကဲ့သို့ကျိုသောက်ပေးခြင်းသည်သွေးဖိအားကိုကျစေသည်။သွေးကြောထုံးခြင်းကိုကာကွယ်ပေးသည်။သွေးပေါင် ကျစေသည်။

၂ – ဆီးချို

သရက်ရွက် နုနု ၁၀ရွက် မှ၁၅ရွက်အထိခူးပြီးရေတစ်ဖန်ခွက်စာပမာဏနဲ့ ပြုတ်ပါ ပြီးလျှင်တစ်ညထားပါ။နောက်နေ့ မနက်ဘာမှ မစားရသေးခင် ပြုတ်ထားသည့်အရည်ကို သောက်ပါ။

၃ လဆက်တိုက် သောက်ပေးမည် ဆိုလျှင်ဆီးချို ရောဂါ ပျောက်ကင်း သည့် အပြင်ခန္ဓာကိုယ် အတွင်းပြောင်းလဲမူ ကို သိသာစွာခံစား ရမည် ဖြစ်ပါသည်။

ဒုတိယ နည်း …နေရောင် မကျသည့် နေရာမှာ သရက်ရွက်များကို အခြောက်ခံထားပါ။ခြောက်နေသည့်အရွက်များကိုအမှုန့် ပြုလုပ်ပါ။တစ်နေ့ ကို လက်ဖက်စား ဇွန်းနဲ့ ၂ ဇွန်းသောက်ပါ။

၃ – ကျောက်ကပ် ကျောက်တည်ခြင်း

အခြောက် လှန်း ထားသည့် သရက်ရွက်ကို ရေစိမ်ပြီး မနက်တိုင်းသောက်ပေးလိုက်ပါ ။

၄ – အသက်ရှူလမ်းကြောင်း ဆိုင်ရာ

သရက် ရွက်နု၃ရွက် ရရွက် ပြုတ်ရည် ပျားရည်အနည်းငယ်ထည့်သောက်ပါ။အအးမိနှာစေးခြင်း ကိုသက်သာပျောက်ကင်းစေသည်။

၅ – လည်ပင်းနာခြင်း

သရက်ရွက်ကိုမီးရှို့ပြီး ထွက်လာသည့် အငွေ့ကိုရှူ ပေးပါ။ကြို့ထိုးလျှင်လည်း သရက်ရွက်မီးရှို့သည့် အငွေ့ကိုရှူပေးပါ။

၆ – အပူလောင်ခြင်း

ဆီပူမီးပူ အပူလောင်ထားသောဒါဏ်ရာ ပေါ်သို့ သရက်ရွက်ကိုမီးအပူ ပြပြီးဒါဏ်ရာပေါ်သို့ကပ်ထားပေးပါ။သရက်ရွက်ပြာချပြီး အမူန့်အုံပေးလိုက်ပါ။

၇ -စိတ်ဖိစီးမူသက်သာစေရန်

စိတ်မငြိမ်သူများ သရက်ရွက်ရေနွေးကြမ်း သောက်ပါ။သရက်ရွက်ပြုတ်ရေနဲ့စပ်ရေချိုးပေးပါ။

၈ -မျက်လုံး

သရက်ရွက် ကို ရေ တစ်ည စိမ်ပြီး သောက်ခြင်း ဖြင့်မနက်တိုင်း သောက်ခြင်းဖြင့်..ဆီးချို ကြောင့် မျက်စိသွေးကြောပျက်ဆီးခြင်းကိုကာကွယ် ပေးပါတယ်။

၉ – သည်းခြေကျောက်ဆီးကျောက်များ

သရက်ရွက်အခြောက်မူန့်ကိုရေတစ်ဖန်ခွက်နဲ့ တစ်ညစိမ်ထားပြီးမနက်သောက်ပေးပါက ဆီးကျောက်များပျော်ကျစေသည်။

၁၀ – ဝမ်းကိုက်ခြင်း

သရက်ရွက်အခြောက်မူန့်ရေနွေးနဲ့စိမ်ထားပြီးမနက်နေ့ည ၃ကြိမ်သောက်ပေးပါ။

မှတ်ချက်

သရက်ရွက်ရည် သောက်သူတိုင်းတစ်ဦးနဲ့တစ်ဦးမတူသည်များရှိသည်။

မိမိခန္ဓာကိုယ်တွင်းရောဂါပျောက်ပေမည့် အခြားသူနဲ့မသင့်သည်ရှိသည်။အခြားသူနဲ့ သင့်ပြီး မိမိနဲ့မသင့်သည်လည်းရှိသည်။

မိမိငယ်

No comments