New Artical

မုန့်ကျွဲသည်း လုပ်စားမယ်

 


မုန့်ကျွဲသည်း လုပ်နည်းလေးကိုဖော်ပြပေးလိုက်ပါတယ်

လွယ်လွယ်ကူကူနဲ့ မုန့်ကျွဲသည်း လုပ်စားမလား။ ကလေးကော လူကြီးတွေအတွက် သင့်တော်တဲ့ မုန့်လေးပါ။ လွယ်ကူပြီး စားကောင်းတာမို့လက်မလွတ်သင့်ပါဘူး။ လုပ်ကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ

၁။ ဆန်စိမ်းမှုန့် – ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း

၂။ ကွမ်းယာမှာထည့်တဲ့ စားထုံး (lime stone) – လက်ဖက်ရည်ဇွန်း တဝက်

၃။ ရေ – ၁ လီတာ

၅။ ညောင်စေးကျအောင်ကြိုထားသော ထန်းလျက်ရည် – ထမင်းစားဇွန်း ၈ ဇွန်း

၆။ ဆား – လက်ဖက်ရည်ဇွန်း လေးပုံတပုံ

၇။ ဆီ – ထမင်းစားဇွန်း ၂ ဇွန်း

၈။ အုံးသီးခြစ်ဖတ်

ပြုလုပ်နည်း

၁။ ထုံးကို ရေ၁ လီတာထဲထည့်ပြီး ကြက်ဥခလောက်တံဖြင့်နာနာခလေက်ပါ။ ပြီးရင်အနည်းဆုံး ၈ နာရီခန့် ထားပါ။

၂။ ထုံးကို ၈ နာရီခန့်ရေစိမ်ပြီးရင် အပေါ်ထုံးရည်ကြည်ကို ၇၅၀ မီလီလီတာကို ယူပါ။

(ထုံးရည်ကြည်ယူလျှင် စိမ်ထားတဲ့ ဇလုံကို ဘေးစောင်းပြီး ရေကိုအခြားခွက်ထဲကို ဖြည်းဖြည်းချင်းလောင်းယူပါ။ ထုံးရည်ကို ခပ်ပြီးမယူရပါ။ ခပ်ပြီးယူရင်ထုံးတွေပါလာတတ်ပါတယ်။)

၃။ ဇလုံတခုထဲမှာ ဆန်စိမ်းမှုန့်၊ ထုံးရည်ကြည် ၇၅၀ မီလီလီတာ၊ ဆား၊ ထန်းလျက်ရည်၊ ဆီတို့ကိုထည့်၍ သမအောင်လုပ်ပါ။

၄။ ထို့နောက် မကပ်တဲ့ အိုးထဲကို ဖျော်ထားသော အရည်များထည့်ရျ် အပူပေးပါ။

၅။ အပူပေးထားသောအိုးကို အဆက်မပျက်မွှေပေးပါ။ ၁၅ မိနစ်လောက်မွှေပြီးလျှင် ပုံမှာပြထားသလိုပျစ်လာပါလိမ့်မည်။

၆။ ပုံမှာပြထားသလိုပျစ်လာလျှင် ဆီသုတ်ထားသော မုန့်ထည့်အအေးခံမည့် ထဲကိုထည့်ပါ။ထို့နောက်အအေးခံပါ။

၇။ လုံးဝအေးသွားလျှင် ကြိုက်နှစ်သက်သလိုလှီး၍အုန်းသီးဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

Ei Sans Home made Inspiration

No comments