New Artical

ဆေးစွမ်းထက်တဲ့ ဗာဒံရွက် (ဗန်ဒါ)

 


ဒီနေ့ပြောပြချင်တဲ့ဆေးနည်းက ဗန်ဒါရွက် အစွမ်းထက်ပုံအကြောင်းပါ။

ဗန်ဒါ(ဗာဒံ)ရွက် ဗာဒံသီးဟာ မြေပြန့်ဒေသ ပူအိုက်တဲ့ရာသီဥတုအတွက်တော့ မြန်မြန်နဲ့ လွယ်လွယ်အရိပ်ရလို့၊ တချို့ကမိမိအိမ်ခြံဝင်းမှာ အရိပ်ရအောင် စိုက်ကြတယ်။ နေရာတိုင်းမှာလည်း အလေ့ကျ ပေါက်ပါတယ်။ သို့သော် ဗန်ဒါပင်ရဲ့အစွမ်းကိုတော့ သိသူနည်းပါးပါတယ်။

ဗန်ဒါရွက်(ယခုပုံ)မှာပြထားတဲ့အတိုင်း ဗန်ဒါရွက်အရင့်ကို ၃ခွက်၁ခွက်တင်ကျိူ ပီးသောက်ပေးခြင်းဖြင့် အစာအိမ်လေနာ၊အစာအိမ်အောင့်၊ အစာအဆိပ်သင့်၊ ဝမ်းဖောဝမ်းရောင်၊ ကိုက်ခဲနာကျင်တာတွေ လက်တွေ့ပျောက်တဲ့ဆေးပါ။ ဆန်ပြုတ်ကျိူ သောက်နေရသူ အစာအိမ်သမားတွေအတွက် သဘာဝကပေးတဲ့ ဆေးဖြစ်တယ်။ ဆီးဝမ်းသွေးလေ မကွဲ၊ အထက်လေဆန်ဖြစ်နေရင် ကျိူသောက် ပျောက်တဲ့ဆေးလည်းဖြစ်တယ်။

တချို့က ဗန်ဒါရွက်ကို နေရိပ်မှာလှန်းပီး အမှုန့်လုပ်ပီး လျက်ဆားလျက်သလို စားကြပါတယ်။ အမှုန့်လုပ်သောက်နိူင်ရင်ပိုကောင်းတယ်။ ကျနော် အရင်က အစာအိမ်ရောဂါဝေဒနာကို အလူးအလိမ့်ခံစားခဲ့ရတယ်။ ဆန်ပြုတ်ကို လချီသောက်ရတယ်။ ဆန်ပြုတ်သောက်တိုင်း မျက်ရည်ကျခဲ့ရတယ်။ ဆေးရုံမှာ ၁လကျော်၂လနီးပါး တက်ရောက်ကုသဖူးတယ်။စိတ်ဓာတ်တွေလည်း ကျခဲ့တယ်။ ငါ ဒီရောဂါနဲ့ သေရတော့မယ်ဆိုတဲ့ အသိနဲ့ပါ။ သေမယ့်သေရင်တောင် ကိုယ်စားချင်တာစားပီး သေချင်တယ်။ ကံကောင်းစွာနဲ့ ဗန်ဒါရွက်ရဲ့အစွမ်းသတ္တိကို မြည်းစမ်းခွင့်ရခဲ့တယ်။ ချက်ချင်းပဲ လိုက်ရှာခူးတယ်။ အပင်ကမဝေးပါဘူး။ ကိုယ့်အနီးအးနာမှာပဲ အဆင်သင့်ရှိနေခဲ့တယ်။ ၁၀ရွက်လောက် ကျိူသောက်လိုက်တယ်ဆိုရင်ပဲ နာကျင်ကိုက်ခဲနေတာတွေ တဖြည်းဖြည်းသက်သာလာတယ်။ အချိန် ၁၀မိနစ်ပါပဲ။ သောက်ပီးမကြာဘူးဗိုက်ဆာလာတယ်။ ကြာဇံဟင်းခါး ၂ပွဲဆက်တိုက် သောက်လိုက်တယ်။ ဗန်ဒါရွက်ပြုတ် ထပ်သောက်တယ်။ ထမင်းစားတယ်။ ယူပစ်လိုက်သလိုပဲ လုံးဝကောင်းသွားတယ်။ ဘာမှစားလို့မရတဲ့လူက စားချင်တာစားလို့ ရသွားပီ။ 

အခုလည်းအိမ်ကသမီး ကျောက်ကပ်ရောင်လို့ ဗိုက်ကြီးဖောင်းကားနေတာ ဗန်ဒါ ရွက်၂ရက် တနေ့၂ခွက်ပဲ တိုက်လိုက်တယ်။ ဒီနေ့၃ရက်မြောက်နေ့မှာပဲ ဗိုက်ကြီးဖောင်းကားနေတာ လုံးဝလျော့သွားလို့ သမီးလည်း သက်တောင့်သက်သာဖြစ်ပီး အရမ်းပျော်နေပါတယ်။ ဒူးနာခါးနာတွေအတွက် အရွက်မနုမရင့်ကို မီးနဲနဲပြပီး စည်းထား၊ ကြပ်ထုတ်ထိုးထားပေးရင်လည်း သက်သာပျောက်ကင်းပါတယ်။ ဗန်ဒါစေ့ကတော့ နှလုံး၊ ဆီးချိူ၊ သွေးချိူရောဂါသည်တွေအတွက် အထူးကောင်းလို့ စားပေးသင့်ပါတယ်။ ဗန်ဒါစေ့ကို အနောက်နိုင်ငံတွေမှာ ဧည့်ခံပွဲတွေမှာ အထူးဟင်းလျာအဖြစ် တည်ခင်းပါတယ်။ ချောကလက်ထဲမှာ ထည့်သွင်းရောင်းချတယ်။ ၁ ဂရန်ကို ၁၀၀ဒေါ်လာနဲ့ ရောင်းချနေကြတယ်။

သိတဲ့သူက ဗန်ဒါစေ့ကို ထုခွဲစားရင်လည်း အမေးအမြန်းမရှိ တန်းပီးကဲ့ရဲ့ အပြစ်တင်တာတွေရှိတယ်။ ကျနော်တို့မြန်မာပြည်မှာတော့ ပေါပေါရလို့ ရောင်းချသူမပြောနဲ့ စားသုံးသူတောင်မရှိဘူး။ ဟုတ်ကဲ့ပါ စာလည်းရှည်သွားပြီ၊ စာကိုဆုံးအောင်ဖတ်ပေးကြလို့ ကျေးဇူးအများကြီး တင်ပါတယ်ဗျ။

ဆီ မီး ခွက်

No comments