New Artical

နားကျပ်ဂွမ်းက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေနိုင်


နားသန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ရန်အသိဖြင့် နားကျပ်ဂွမ်းဖြင့် ထိုးသွင်းသန့်ရှင်းခြင်းကို ပြုလုပ်ကြသော ကြောင့် အမေရိကန်ပြည်ထောင်စုတွင် နေ့စဉ် ကလေး ၃၄ ဦးထက်မနည်း အရေးပေါ်ဆေးကုသမှုခံယူ နေကြရကြောင်း အိုဟိုင်းယိုးပြည်နယ်ရှိ Ohio State University မှ သုတေသီများက သတိပေးချက် ထုတ်ပြန်ထားသည်။

နားကျပ်တဲ့ဂွမ်းတွေက ကြည့်လိုက်ရင် ထိခိုက်မှုမပြုနိုင်ဘူးလို့ထင်ရပါတယ်။ နောက်ပြီး နားသန့်ရှင်းရေး ကို မှန်မှန်လုပ်ရမယ်လို့ လူတွေက ထင်ကြပါတယ်။ တစ်ကယ်တော့ နားထဲကို အဲဒီနားကျပ်တဲ့ဂွမ်းနဲ့ မကြာခဏထိုးသွင်းနေကြတဲ့အတွက် ကောင်းကျိုးထက်ဆိုးကျိုးကိုပိုဖြစ်စေပါတယ်ဟု သုတေသီ ဒေါက် တာ Kris Jatana က ပြောပြသည်။

တစ်ကယ်တော့ နားမှာ သူ့အလိုအလျောက် သန့်ရှင်းတဲ့စနစ် ပါဝင်ပါတယ်။ နားဖာချေးက အမှိုက်တွေ ကို ဖမ်းယူပြီး နားရဲ့အပြင်ဘက်ကို တွန်းထုတ်ပေးပါတယ်။ နားအတွင်းပိုင်းကို စိုစွတ်ချောမွေ့စေပါတယ်။ မိုက်ခရိုဗက်တီးရီးယားတွေကိုလည်း သုတ်သင်နိုင်တဲ့အစွမ်း ရှိပါတယ်။

နားဖာချေးက နားအပြင်ဘက်ကို ရောက်လာမှ အဝတ်စအစိုလေးနဲ့ အသာအယာပွတ်ပြီး သန့်ရှင်းရေးလုပ်ပေးရမှာပါ။ နားထဲကို မည်သည့် အရာမှ ထိုးမထည့်တာ အကောင်းဆုံးဖြစ်ပါတယ် ဟု ၎င်းက ဆက်လက်ရှင်းပြသည်။ နားကျပ်သောဂွမ်းကို ၁၉၂၃ ခုနှစ်က စတင်အသုံးပြုခဲ့ကြောင်း၊ သို့သော် ၁၉၇၀ နောက်ပိုင်းတွင် ၎င်းနား ကျပ်ဂွမ်းများ၏ အန္တရာယ်ကို ဆရာဝန်များက သတိပေးလာကြောင်း၊ ၎င်းဂွမ်းချောင်းများသည် နားဖာချေး ကို ပို၍နက်သောနေရာထဲသို့ တွန်းပို့ပေးနိုင်ကြောင်း၊ နားဖာချေးများ နားအတွင်းပိုင်း နက်ရှိုင်းသော နေရာတွင် စုမိ၊ခဲမိသွားပြီး နားစည်ပျက်စီးမှုကို ဖြစ်စေနိုင်ကြောင်း သိရသည်။

ထို့အပြင် ထိုးသွင်းချိန်၌ အရှိန်လွန်ပြီး နားစည်ပေါက်သည့်ကလေးများလည်း အများအပြားရှိကြောင်း၊ လွန်ခဲ့သော ၂၁ နှစ်အတွင်း အသက် ၁၈ နှစ်အောက်အရွယ် လူပေါင်း ၂၆၃၀၀၀ ဦးထက်မနည်းသည် နားကျပ်ဂွမ်းကိုအသုံးပြုမိရာမှ နားထိခိုက်ဒဏ်ရာရပြီး ဆေးရုံတက်ရောက်ကာ ဆေးကုသမှုခံယူခဲ့ရ ကြောင်း၊ ၎င်းအရေအတွက်သည် တစ်လလျင် ၁၀၀၀ ဦး၊ တစ်ရက်လျင် ၃၄ ဦးနှင့် ညီမျှကြောင်း သိရ သည်။

No comments