New Artical

ယခုလမှထုတ်တဲ့ အရောင်ပြယ်လွင့်နေတဲ့ ထီလက်မှတ်များကို စိစစ်ပြီးမှ ဆုငွေထုတ်ပေးမည်

 


ယခုလမှထုတ်တဲ့ အရောင်ပြယ်လွင့်နေတဲ့ ထီလက်မှတ်များကို စိစစ်ပြီးမှ ဆုငွေထုတ်ပေးမည်


ယခုလထုတ် အရောင်ပြယ်လွင့်နေတဲ့ ထီလက်မှတ်တွေမှာ လုံခြုံရေးဆိုင်ရာ အခြားအချက်အလက်တွေ ကျန်ရှိနေသေးတဲ့အတွက် အဲဒီအချက်တွေနဲ့တိုက်ပြီး ထီဆုငွေ ထုတ်ပေးသွားမှာဖြစ်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောပါတယ်။

အောင်ဘာလေ ထီလက်မှတ်တွေကို လုံခြုံမှုအရည်အသွေး ပိုမိုကောင်းမွန်ဖို့ရည်ရွယ်ပြီး လုံခြုံရေးနှင့်သက်ဆိုင်သောလုပ်ငန်းများ ညွှန်ကြားရေးမှူးရုံး (ဝါဇီ) က ပြီးခဲ့တဲ့ဇန်နဝါရီလ (၁) ရက်ကထုတ်တဲ့ (၂၄) ကြိမ်မြောက်ထီလက်မှတ်တွေရဲ့ အောက်ခံ အရောင်ကို အစိမ်းနုရောင် အဖြစ်ပြောင်းလဲခဲ့ပါတယ်။

အဲဒီလိုပြောင်းခဲ့ပေမယ့် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာ အရောင်ပြယ်လွင့်မှုတွေ ဖြစ်ပေါ်နေပြီး အရောင်ပြယ်ထီလက်မှတ်တွေနဲ့ ပတ်သက်လို့ အများပြည်သူကစိုးရိမ်မှုတွေရှိနေတဲ့အပေါ် ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က အခုလိုပြောပါတယ်။

ယခု (၂၄) ကြိမ်မြောက် အောင်ဘာလေထီလက်မှတ်တွေဟာဆိုရင် နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့ နေရာတွေမှာ အရောင်ပြယ်လွင့်မှုတွေ ဖြစ်နေကြောင်း လုံခြုံရေးနဲ့ဆိုင်တဲ့ပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံးကိုလည်း အသိပေးအကြောင်းကြားထားခဲ့ပါတယ်။ ဒီအရောင်ပြယ်လွင့်တဲ့ ထီလက်မှတ်တွေမှာ လုံခြုံရေးဆိုင်ရာအခြား အချက်အလက်တွေ ကျန်ရှိနေသေးတဲ့အတွက် ထီဖွင့်ပွဲကပေါ်လာတဲ့ ဆုရလက်မှတ်တွေကို စနစ်တကျစစ်ဆေးပြီးတော့ ဆုငွေထုတ်ပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီအရောင်ပြယ်လွင့်နေတဲ့ ဆုရထီလက်မှတ်တွေကို ထီဆုငွေထုတ်ယူရာမှာ အခက်အခဲမရှိကြောင်းနဲ့ စိတ်ချယုံကြည်စွာ ကံစမ်းနိုင်ပါကြောင်း အသိပေးပြောကြားလိုပါတယ်။အဲဒီလိုအရောင်ပြယ်လွင့်နေတဲ့ ထီလက်မှတ်တွေထဲက အောင်ဘာလေဆု ပေါက်တဲ့အခါ ထီဆုငွေထုတ်ယူရာမှာ အခက်အခဲမရှိထုတ်ယူနိုင်မှာဖြစ်လို့ အများပြည်သူအနေနဲ့ စိတ်ချစွာကံစမ်းနိုင်တယ်လို့လည်း ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

No comments