New Artical

မြန်မာပြည်ရောက်နေတဲ့ ကိုဗစ် ကာကွယ်ဆေးနှင့် ပတ်သက်ပြီး သိရှိသင့်သည့် အချက်များကို ဒေါက်တာခင်ခင်ကြီး ပြောပြီ..

 


မြန်မာပြည်ရောက်နေတဲ့ ကိုဗစ် ကာကွယ်ဆေးနှင့် ပတ်သက်ပြီး သိရှိသင့်သည့် အချက်များကို ဒေါက်တာခင်ခင်ကြီး ပြောပြီ..

မြန်မာနိုင်ငံအတွက် Covishield ကိုဗစ်ကာကွယ်ဆေး ရောက်ပြီဆိုတော့ Covishield ကာကွယ်ဆေးနဲ့ပတ်သက်လို့ ဘယ်သူတွေထိုးနှံသင့်သလဲဆိုတာကို တင်ပြလိုက်ပါတယ်..

၁။ ဘယ်သူတွေကိုထိုးရမလဲ..

အသက် ၁၈ နှစ်အထက်သာ ထိုးနှံရပါမယ်..

၂၊ ဘယ်သူတွေကို မထိုးသင့်ဘူးလဲ..

ကိုယ်ဝန်ဆောင်တွေ ကိုယ်ဝန်ရှိနိုင်တဲ့သူတွေ နို့တိုက်မိခင်တွေအနေနဲ့ ယခုအချိန်မှာတော့ မထိုးသင့်သေးပါဘူး.. ယခင်တခေါက် ကာကွယ်ဆေးတခုခု ထိုးစဉ်က ဓာတ်မတည့်ဖြစ်ခဲ့ဖူးသူများ မထိုးသင့်ပါ.. ယခင်က ကိုဗစ်ကာကွယ်ဆေးထိုးခဲ့စဉ် ချက်ချင်း သို့ နောက်မှဆေးမတည့်ခြင်း, အစားအသောက်ဓာတ်မတည့်ခြင်း ဖြစ်ခဲ့ဖူးသူများ မထိုးသင့်ပါ..

၃။ ကာကွယ်ဆေးနှင့်ပတ်သက်၍ သိသင့်သည့် အချက်များ..

ကိုဗစ်ကာကွယ်ဆေးနှင့် အခြားကာကွယ်ဆေးများကို အနည်းဆုံး ၁၄ ရက်ခြားရပါမည်.. ကိုဗစ်ကာကွယ်ဆေးတစ်မျိုးထိုးပြီးနောက် အခြားတစ်မျိုးနှင့် လဲလှယ်ထိုးခြင်းခွင့်မပြုပါ.. ကာကွယ်ဆေးအမျိုးအစားချင်း တူရပါမည်..

၄။ လောလောဆယ် ကာကွယ်ဆေးမထိုးသင့်သောသူများ..

အောက်ပါအခြေအနေများရှိပါက လတ်တလောတွင် ကာကွယ်ဆေးထိုးခြင်းကို ဆိုင်းငံ့ထားသင့်ပါသည်.. ခဏတဖြုတ် မထိုးသင့်သေးပါ.. ကာကွယ်ဆေးထိုးခြင်းကို နေကောင်းပြီး ၄-၈ ပတ်အကြာမှ ပြန်ထိုးသင့်ပါသည်..

လက်ရှိအချိန် ကိုဗစ်လက္ခဏာခံစားနေရသူများ.. ကိုဗစ်ပိုးတွေ့လူနာဖြစ်ပြီး Monoclonal Antibodies နှင့်ကုသမှုခံယူနေသူများ, ပြန်ကောင်းလူနာ၏သွေးရည်ကြည်သွင်းပြီး ကုသမှုခံယူနေသူများ.. ရောဂါတစ်မျိုးမျိုးကြောင့် လောလောဆယ် နေမကောင်းဖြစ်နေပြီး ဆေးရုံတင်ကုသမှုခံယူနေသူများ မထိုးသင့်ပါ..

၅။ ကာကွယ်ဆေးနှင့် ပတ်သက်၍ အထူးသတိထားရမည့်အချက်များ..

Covishield ကိုဗစ် ကာကွယ်ဆေးကို သွေးနှင့်ဆိုင်သောရောဂါတစ်မျိုးမျိုး သွေးမတိတ်ရောဂါခံစားနေရသူများ (သွေးခဲသည့်ဓာတ်ချို့ယွင်းနေသူ, သွေးခဲစနစ်တွင်ပြသနာရှိသူ, သွေးမွှားတွင်ချို့ယွင်းချက်ရှိသူ) များ ဂရုစိုက်၍ ဆေးထိုးရပါမည်..

၆။ ကိုဗစ်ကာကွယ်ဆေး ထိုးနှံလို့ရသည့် အခြေအနေများ..

ယခင်က ကိုဗစ်ကူးစက်ခံရသူများ.. နာတာရှည်ရောဂါရှိသူများ.. ကိုယ်ခံအားကျဆင်းသည့် ဝေဒနာခံစားနေရသူများ.. HIV ရှိသူများ.. အကြောင်းကြောင်းကြောင့် ကိုယ်ခံအားကို ဖိနှိပ်ထားရသူများ..

၇။ Covishield ထိုးပြီးနောက် ဘယ်လိုမျိုး နောက်ဆက်တွဲဖြစ်ရပ်ဖြစ်တတ်ပါသလဲ..

ဆေးထိုးသည့်နေရာနီနေခြင်း, နာကျင်ခြင်း, ခေါင်းကိုက်ခြင်း, မောပန်းခြင်း, ပျို့အန်ခြင်းတို့ ခံစားရနိုင်ပါသည်.. အာရုံကြောအပေါ်လွှာတွင် ထိခိုက်မှု demyelinating disorders ကို အလွန်ရှားပါးစွာတွေ့ရနိုင်ပါသည်..

အထက်ပါပို့စ်ကို ဇန်နဝါရီလ ၁၆ ရက်နေ့ အိန္ဒိယတူဒေး သတင်းစာမှ ဘာသာပြန်တင်ပြအပ်ပါသည်.. (ဒေါက်တာခင်ခင်ကြီး)

No comments