New Artical

မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ကိုဗစ်ကာကွယ်ဆေးအကြောင်း သိကောင်းစရာ


မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ကိုဗစ်ကာကွယ်ဆေးအကြောင်း သိကောင်းစရာ

အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အကြီးဆုံးကာကွယ်ဆေး ထုတ်လုပ်မှုကိုစတင်ပြီးနောက် တစ်ပတ်မပြည့်မီမှာပင် Covid-19 ကာကွယ်ဆေးများကို မြန်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ "ကာကွယ်ဆေးသံတမန်ရေး" အဖြစ် အခမဲ့ကျယ်ပြန့်စွာတင်ပို့ခဲ့သည်။
 
အိန္ဒိယဆေးဝါးထိန်းသိမ်းရေးအဖွဲ့က Covishield (ဗြိတိန်တွင်တည်ဆောက်ခဲ့သော Oxford-AstraZeneca ကာကွယ်ဆေး၏ဒေသအမည်) နှင့် Bharat Biotech ​ဆေးဝါးကုမ္ပဏီ မှဒေသအလိုက်ထုတ်လုပ်သည့် Covaxin တို့အားခွင့်ပြုပေးခဲ့သည်။
 
အခုမြန်မာနိုင်ငံကို ရောက်ရှိနေတာက Covishield အမျိုးအစားပါ။
 

Covishield က ဘယ်လို အလုပ်လုပ်လဲ ?

 
Covishield (သို့) Oxford-AstraZeneca ကာကွယ်ဆေးကို ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သည့် အိန္ဒိယသွေးရည်ကြည်အင်စတီကျုမှ ဒေသတွင်းမှာ ထုတ်လုပ်ပါတယ်။ ၎င်းက တစ်လလျှင် ပမာဏ သန်း (၅၀) ကျော်ထုတ်လုပ်နေသည်ဟု ဆိုပါတယ်။
 
Covishield လို့ လူသိများတဲ့ ဒီကာကွယ်ဆေးဟာ ချင်ပန်ဇီမျောက်တွေဆီက အအေးမိဗိုင်းရပ်စ် (adenovirus) ကို အားနည်းအောင်ပြုလုပ်ပြီးမှ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ အဲဒီဗိုင်းရပ်စ်က coronavirus နဲ့ဆင်တူပါတယ်။ ဒါပေမဲ့ ဖျားနာခြင်းကိုတော့ မဖြစ်စေနိုင်ပါ။
 
ဒီကာကွယ်ဆေးကို လူတစ်ဦးအား ထိုးလိုက်တဲ့အခါ ကိုယ်ခံအားစနစ်က ပဋိပစ္စည်းများကို စတင်တီထွင်ရန် နှင့် coronavirus ကူးစက်ပိုးများကို တိုက်ခိုက်ရန် လှုံဆော်ပေးပါတယ်။
 
ကာကွယ်​ဆေးက နှစ်ကြိမ်ထိုးရပြီး နောက်တစ်ကြိမ်ကို (၄) ပတ်မှ (၁၂) ပတ်အကြားမှာ ထိုးပေးရပါတယ်။ ဆေးကို 2°C မှ 8°C အပူချိန်တွင် သိမ်းထားနိုင်ပါတယ်။ ဒါဟာ အိမ်တွင်းရေခဲသေတ္တာအပူချိနိနှင့် အတူတူပင် ဖြစ်ပါတယ်။ ဒါကြောင့် ဒီကာကွယ်ဆေးက အခြားကာကွယ်ဆေးများထက် ဖြန့်ဝေရန် ပိုမိုလွယ်ကူစေပါတယ်။
 
လက်ရှိနိုင်ငံများစွာမှာ ထိုးနှံပေးရှိတဲ့ Pfizer-BioNTech မှထုတ်လုပ်တဲ့ ကာကွယ်ဆေးက -70°C မှာ သိုလှောင်ထားရမှာဖြစ်ပြီး အကြိမ်အနည်းငယ်သာ ရွေ့လျားနိုင်ပါတယ်။ ဒါဟာ နွေရာသီမှာ အပူချိန် ၅၀°C အထိရောက်ရှိနိုင်တဲ့ အိန္ဒိယအတွက် အထူးစိန်ခေါ်မှုဖြစ်နေပါတယ်။
 

Covishield က မည်မျှထိရောက်သနည်း?


Covishield ကာကွယ်ဆေးက နိုင်ငံတကာလက်တွေ့စမ်းသပ်မှုများအရ လူများကို ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးတဲ့အခါ ၉၀% ထိထိရောက်မှုရှိတယ်လို့ဆိုပါတယ်။
 
ဒါပေမယ့် ပထမအကြိမ်ထိုးပြီး နဲ့ နှစ်ကြိမ်ထိုးပြီး ထိရောက်မှုကို အတည်ပြုရန် ရှင်းရှင်းလင်းလင်းဒေတာအချက်အလက် လုံလုံလောက်လောက် မရှိသေးပါ။
 
သို့သော် အတည်မပြုရသေးသောအချက်အလက်များအရ ပထမနှင့်ဒုတိယအကြိမ်အကြား ကြာရှည်သောကွာဟချက်ကို ထားရှိပြီး ထိုးခြင်းက အလုံးစုံအကျိုးသက်ရောက်မှုကိုတိုးစေပါတယ်။ အုပ်စုငယ်ခွဲများတွင် ကာကွယ်ဆေးပထမအကြိမ်ထိုးပြီးနောက် ၇၀% ထိရောက်မှုရှိတာ တွေ့ရှိခဲ့ရပါတယ်။
 
အိန္ဒိယနိုင်ငံ Serum Institute (SII) က ထုတ်လုပ်တဲ့ Covishield ကာကွယ်ဆေးဟာ အလွန်ထိရောက်မှုရှိတယ်လို့ ဘရာဇီးနဲ့ယူနိုက်တက်ကင်းဒမ်းတို့ရဲ့အဆင့် -၃ စမ်းသပ်မှုအချက်အလက်များက ထောက်ခံပေးပါတယ်။
 
ကာကွယ်ဆေးတစ်ခုအတွက် လက်တွေ့စမ်းသပ်မှုများမှာ ဒီကာကွယ်ဆေးက ကောင်းမွန်သောကိုယ်ခံအားတုန့်ပြန်မှုရှိမရှိ နဲ့ ၎င်းသည်လက်မခံနိုင်သောဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်စေခြင်းရှိ / မရှိကိုဆုံးဖြတ်ရန်အဆင့်သုံးဆင့် ပါဝင်စမ်းသပ်ရတာဖြစ်ပါတယ်။
 
သို့သော် အိန္ဒိယနိုင်ငံရှိ လူနာများအခွင့်အရေးအဖွဲ့ ၊ အိန္ဒိယဆေးဝါးလှုပ်ရှားမှုကွန်ယက်က ဆေးဝါးထုတ်လုပ်သူများက အိန္ဒိယလူမျိုးများအပေါ် ကာကွယ်ဆေးကို“ ပေါင်းကူးလေ့လာမှု” "bridging study" မပြီးဆုံးသေးသောကြောင့်အတည်ပြုချက်ကိုမြန်မြန်ဆန်ဆန်ထုတ်ယူလိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။
 
ထိုကုမ္ပဏီက ဖေဖော်ဝါရီလအတွင်း အိန္ဒိယနိုင်ငံတွင် ကာကွယ်ဆေးရဲ့ ပေါင်းကူးစမ်းသပ်မှုပြုလုပ်ရန် ကြိုးစားလိမ့်မယ်ဟု ပြောကြားခဲ့ပါတယ်။ ကျွမ်းကျင်သူများက စမ်းသပ်မှုများမှာ အသက်အရွယ်စုံ နှင့်မျိုးနွယ်စုများ ပါဝင်တာကြောင့် ဒီဆေးဝါးက အလုပ်မလုပ်နိုင်ဘူးလို့ သံသယရှိစရာအကြောင်းမရှိဘူးလို့ ဆိုပါတယ်။
 
Ref:BBC.com

 

No comments