New Artical

ကောက်ကျစ်သော ခွေး (ပုံပြင်)


 ကောက်ကျစ်သော ခွေး (ပုံပြင်)

ခွေးတကောင်သည် တွေ့တဲ့လူနောက် တိတ်တိတ်လေး လိုက်ချောင်းပီး အလစ်မှာ ဖနောင့်ကို ကိုက်တက်သည်။ သူ့သခင်က ခွေးလာမှန်း တခြားလူတွေသိအောင် တခါတရံ ခြူဆွဲပေးတက်၏။ ရံဖန်ရံခါ လေးလံသောခုံဖိနပ်ကြီး ကို ခွေးလည်ပင်းမှာ သံကြိုးဖြင့် ချည်နှာင်ပေးတက်၏။ ထိုအခါ ခွေးသည် လူအများ၏ ခြေဖနောင့်ကို လျင်လျင်မြန်မြန် မကိုက်နိုင်တော့ချေ။🌸

ထိုခွေးသည် သူ၏ ခြူနှင့် ခုံဖိနပ် အတွက် အလွန် ဂုဏ်ယူလျက် ဈေး အနှံ့ ပတ်လျှောက်နေလေ၏။ အမဲလိုက်ခွေးအိုကြီးတကောင်က သူ့ကို လှမ်းပြောလေ၏
"ဘာလို့ မင်းကိုယ်မင်း ပြပွဲ တခုမှာလို လျှောက်ပြနေတာလဲ။ 🌸
မင်းဆွဲထားတဲ့ ခြူနဲ့ ခုံဖိနပ်က မင်းကို တော်လွန်းလို့ ပေးထားတာမဟုတ်ဘူး။ ငါ့ကို ယုံလိုက်ပါ။ အဲဒါတွေက မင်းအထင်နဲ့ ဆန့်ကျင်ဘက်တွေပဲ။ အဲပစ္စည်းတွေက မင်းအတွက် ရှက်ဖွယ်ကောင်းတဲ့ အမှတ်အသားတွေပဲ။ မင်းကို ခွေးရူးလို့ လူတွေထင်ပြီး ရှောင်ပြေးဖို့ အတွက် မင်းကို အဲဒီပစ္စည်းတွေ ဆင်ပေးထားတာ"

တချို့လူတွေက ကိုယ်နာမည်ကြီးနေတာပဲ သိနေတာ ရွံစရာကောင်းပြီး နာမည်ကြီးနေတာကို တော့မသိကြဘူး။


မေတ္တာဖြင့်
Credit_Original_Writer ✍👸
ပြန်လည်မျှဝေပါတယ် ။

No comments