New Artical

ကြိတ်မှန်ရွက်ရဲ့အသုံးဝင်ပုံ၂၆မျိုး

 ကြိတ်မှန်ရွက်ရဲ့အသုံးဝင်ပုံ၂၆မျိုး



ရောဂါပေါင််း၂၆ မျိူးကျော်ကို သက်သာစေတဲ့ ဆေးဖက်ဝင် ကြိတ်မှန်ပင်


(၁) အပင်တစ်ပင်လုံး (ပ ဉ္စငါးပါး) ပြုတ်ရည်ကို အားတိုးဆေးအဖြစ်လည်းကောင်း၊ အသည်းရောင် ရောဂါနှင့် အရေပြားရောဂါကုဆေးအဖြစ်လည်းကောင်း၊ အသုံးပြုလေ့ရှိပါတယ်။ျ


(၂) အမြစ်ပါမကျန်် အပင်တစ်ပင်လုံးကိုကြိတ်၍ ရရှိလာသော သတ္တုရည်နှစ်စက်ခန့်ကို ပျားရည်နှင့် ရော၍ မွေးကင်းစကလေးများကို တိုက်ကျွေးပေးခြင်းဖြင့် နှာစေးချောင်းဆိုးရောဂါတို့ကို ပျောက်ကင်း စေပါတယ်။


(၃) ဆံံပင်ကျန်းမာရေးအတွက် ကြိတ်မှန်ပင်ကို အောက်ပါနည်းလမ်းအသွယ်သွယ်တို့ဖြင့် အသုံးပြု နိုင်ပါတယ်။


(က) ဆံပင်ပေါက်မှုကို အားပေးသည့်အပြင် ဆံပင်ကိုနက်မှောင်သန်စွမ်းစေပါတယ်။ အပင်တစ်ပင် လုံးကို ကြိတ်ချေ၍ ရလာသောသတ္တုရည်ကို ဆံပင်နက်ဆိုးဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ၎င်းအ ရည်ဖြင့် ဦးရေပြားကိုနှိပ်နယ်ပေးခြင်းဖြင့်လည်း ဆံပင်သန်စွမ်းစေပါတယ်။


(ခ) ကွမ်းရွက်၊ ကြိတ်မှန်ရွက်၊ မြင်းခွာရွက်၊ ထောလပတ်ရွက်၊ လက်ဖက်ပုပ်နှင့် ဆီးဖြူသီး စတဲ့ ခြောက်မျိုးကို အလေးချိန်ပမာဏ ဆတူရောထောင်း၍ ကြိတ်ချေပါ။ ရလာသည့် ၎င်းခြောက်မျိုး၏အ ရည်ကို အုန်းဆီစစ်စစ်နှင့် ဆတူရောစပ်၍ အညိုရောင်ဖန်ပုလင်းသန့်သန့်ထဲမှာ ထည့်သိမ်းပြီး နေ့စဉ် လိမ်းပေးခြင်းဖြင့် မကြာမီဆံသားများ နက်မှောင်တောက်ပြောင်လာပါလိမ့်မယ်။ ၎င်းဆံပင်နက်လိမ်း ဆေးဆီလိမ်းရင်း တရော်ကင်ပွန်သီးတို့ဖြင့် ခေါင်းလျှော်ပေးပါ။ ခေါင်းမလျှော်မီ တစ်ရက်ကြို၍ ည ဘက်မှာဆံပင်နက်အုန်းဆီကို များများလိမ်း၍အိပ်ပြီး နံနက်မှာခေါင်းလျှော်ပါ။ ၎င်းဆံပင်နက်အုန်းဆီ ကို လိမ်းပေးခြင်းဖြင့် အရွယ်မတိုင်မီ ဆံပင်ဖြူသူရော၊ ဇရာကြောင့်ဆံပင်ဖြူသူများအတွက်ပါ ဆံသား နှင့်ဦးရေတို့ကို ကျန်းမာစေပြီး ဆံပင်တွေ နက်မှောင်လာစေနိုင်ပါတယ်။


(ဂ) ကြိတ်မှန်ရွက်နှင့် နှမ်းနက်တို့ကို ဆတူရောကာ အမှုန့်ပြုပြီး နွားနို့နှင့်အမြဲမှီဝဲ သောက်သုံးပေး ခြင်းဖြင့် အနာရောဂါများကင်းစင်၍ အသက်ရှည်ကာ ဆံပင်များနက်မှောင်လာစေနိုင်ပါတယ်။


(ဃ) ကြိတ်မှန်ရွက်၊ မန်ကျီးသီး၊ ဆီးဖြူသီးတို့ကိုရောပြီး ညက်စွာကြိတ်၍ မှီဝဲစားသုံးခြင်းဖြင့် ဆံပင် ကျွတ်ခြင်းနှင့် ထိပ်ပြောင်ခြင်းတို့ သက်သာလာပြီး ဆံပင်ပြန်ပေါက်လာပါလိမ့််မယ်။


(၄) အရွက်ကို ချောင်းဆိုး၊ ခေါင်းကိုက်ရောဂါ၊ အဆစ်ရောင်ရောဂါ၊ ထိပ်ပြောင်မွှေးကျွတ်ရောဂါ၊ အကြိတ်နာ၊ မီးယပ်ထိန်ခြင်းနှင့် ကာလသားရောဂါများအတွက် အသုံးပြုနိုင်သလို၊ ချွေးပေါက်ဖွင့်ဆေး၊ အနာအုံဆေးနှင့် ဖန်ဆေး (အနာသန့်စင်ဆေး) အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။


(၅) ကြိတ်မှန်ရွက် လတ်လတ်ဆတ်ဆတ်ကို နေရိပ်ထဲမှာ အခြောက်လှန်း၍ အမှုန့်ထောင်းပါ။ ထိုအမှုန့်နှင့် နွားနို့ကိုတစ်လတိတိသောက်ပေးခြင်းဖြင့် ယိုင်နဲ့နေသောသွားများလည်း ခိုင်မာလာစေပါ တယ်။ တစ်နှစ်သောက်ခဲ့ပါက မျက်စိကန်းနေသူများလည်း အမြင်သန်နိုင်ပါတယ်။ ဆွံ့အနေသောသူ များပင် စကားပြောနိုင်ပါလိမ့်မယ်။ နားပင်းသူများ အသံကြားလာပါလိမ့်မယ်။


(၆) ကြိတ်မှန်ပင်် အစိုိတစ်ပင်လုံးကို ညက်ညက်ကြိတ်ချေပြီး နှမ်းနက်၏အဆီ (နှမ်းနက်ဆီ) ဖြင့် ချက်ကာ ကိုယ်ရေပြားရောဂါ အနူစွဲခြင်းများကို လိမ်းပေးခြင်းဖြင့် ရောဂါပျောက်ကင်းစေပါတယ်။


(၇) ကြိတ်မှန်ရွက်် သတ္တုရည်နှင့် ပင်စိမ်းရွက် သတ္တုရည်တို့ကိုဆတူရော၍ တစ်နေ့နှစ်ကြိမ်ခန့် မီးလောင်နာပေါ်တွင် လိမ်းပေးခြင်းဖြင့် အပူလောင်ခြင်း လုံးဝပျောက်ကင်းစေရုံသာမက အမာရွတ် လုံးဝမကျန်စေတော့ပေ။


(၈) ကြိတ်မှန်ရွက်နှင့် ခွေးသေးပန်းရွက်တို့ကို ရှိန်းခိုအနည်းငယ်ထည့်ကြိတ်၍ ရလာသောထိုဆေး ရည်အနှစ်တို့ကို – –


(က) ကလေးနှာပိတ်ခြင်းအတွက် ငယ်ထိပ်မှ နှာခေါင်းအထိဆွဲချပေးပါ။ –


(ခ) ကျောပူ၊ ခေါင်းပူ၊ ချွဲထခြင်းအတွက် ငယ်ထိပ်ပေါ်တွင် ပါးပါးလိမ်းပေးပါ။ –


(ဂ) ကလေးအညှော်မိိ၊ သန်ထ၊ သန်ဝမ်းသွား၊ ကျောက်ဝက်သက်၊ ရေကျောက် ရောဂါများအတွက် မိခင်နို့ရည်ဖြင့် ဖျော်ပြီးတိုက်ပေးပါ။


(၉) မီးယပ်သွေးငုပ်ခြင်းအတွက် အရွက်ကို ထန်းလျက်အနက်ရောင်ဖြင့် သုံးခွက်တစ်ခွက်တင် ကြို၍သောက်ပေးခြင်းဖြင့် ရာသီသွေးပေါ်လာစေနိုင်ပါတယ်။ သားဖွားပြီးနောက် သားအိမ်ကိုက်ခဲခြင်း ကိုလည်း ပျောက်ကင်းစေပါတယ်။


(၁၀) နို့တိုက်မိခင်များ နို့ရည်ခမ်းခြင်းအတွက် ကြိတ်မှန်ရွက်ကို ဟင်းခါးချက်၍ သောက်ပေးပါ။


(၁၁) အရေပြားပေါ်တွင်် ရေယုန်ကြီးနာဖြစ်ပါက ကြိတ်မှန်ပင်၏ အမြစ်နှင့် နနွင်းမှုန့်တို့ိကို ရေဖြင့် သွေး၍နေ့စဉ် လိမ်းကျံပေးပါက ပျောက်ကင်းနိုင်ပါတယ်။


(၁၂) ကြိတ်မှန်ရွက်၊ နှမ်းနက်နှင့် ဆီးဖြူသီးခြောက်ကိုိ အလေးချိန်တူယူ၍ အလေးချိန်သုံးဆ သကြားကိုထည့်ရော၍ အမှုန့်ပြုလုပ်ပြီး နေ့စဉ်မပြတ် မှီဝဲစားသုံးခြင်းဖြင့် သက်ရှည်ကျန်းမာ၍ အိုသော အဖြစ်မှ နှေးပါလိမ့်မယ်။


(၁၃) ကြိတ်မှန်ပင် အမြစ်နှင့်နနွင်းကို အရွယ်အစားအညီအမျှ အမှုန့်ထောင်းပြီး လိမ်းပေးပါက လိပ် ခေါင်းရောဂါ ပျောက်ပါတယ်။


(၁၄) ကာလသားရောဂါအတွက်် ရှေးတိုိင်းရင်းသမားတော်ကြီးများ၏ ဆေးဖော်နည်းဖြစ်ပါတယ်။ ကြိတ်မှန်ရွက်၊ ကြစုသီး၊ သစ်ဆိမ့်သီး၊ နှပ်ချိုမြစ်၊ ကြေးနီမှုန့်၊ သံမှုန့်တို့ကို အညီအမျှအလေးချိန်ယူ၍ မှုန့်ညက်အောင်ထောင်းပြီး အနာရှိရာလိမ်းပါက ပျောက်ကင်းစေပါတယ်။


(၁၅) အကျိတ်ရောဂါအတွက် ပင်စိမ်းရွက်၊ ရွေးဖြူရွက်၊ ဗုံလုံခါးရွက်တို့ကို အညီအမျှစီယူ၍ ၎င်းပမာ ဏ၏သုံးဆမျှပိုသော ကြိတ်မှန်ရွက်သတ္တုရည်တွင်ရော၍ ကြိတ်ပြီး အတောင့်လုပ်ထားပါ။ ၎င်းအ တောင့်ကို ဆန်ပုန်းရည်ဖြင့်ရောပြီးလိမ်းပါက အကျိတ်ရောဂါများကို လျက်မြန်စွာ ပျောက်ကင်းနိုင်ပါ တယ်။


(၁၆) နေပူထဲအထွက်များ၍ ခေါင်းအုံး၊ ခေါင်းခဲကိုက်ခြင်းအတွက် ကြိတ်မှန်ရွက်သတ္တုရည်တွင် ဆိတ်နို့ကိုဆတူယူရောပြီး နေရောင်အောက်တွင် လှမ်းပါ။ ပူနွေးနွေးရှိလာသောအခါ ရှူရှိုက်ပေးပါက ထိုရောဂါပျောက်ကင်းစေပါတယ်။


(၁၇) အသားဝါရောဂါအတွက်် ကြိတ်မှန်ရွက် သတ္တုရည်ကို ငြုပ်ကောင်းမှုန့်ရော၍ နံနက်စောစော တွင် ဒိန်ရည်ဖြင့်သောက်ပါ။ ခုနှစ်ရက်တိတိဆက်သောက်ပါက ပျောက်ကင်းသွားပါလိမ့်မယ်။ (သို့) အသည်းရောင်အသားဝါနှင့် အသည်းကြီးခြင်းအတွက်ကိုလည်း ကြိတ်မှန်ပင်ကို ကြိတ်၍ရလာသော သတ္တုရည် စားပွဲတင်ဇွန်းနှစ်ဇွန်းကို နေ့စဉ်မှန်မှန်သောက်ပေးခြင်းဖြင့် အသက်ချမ်းသာရာရစေပါတယ်။


(၁၈) ပြဒါးအဆိပ်သင့်ရောဂါအတွက် ကြိတ်မှန်ရွက်သတ္တုရည်၊ ပေါက်ပန်းဖြူရွက်သတ္တုရည်၊ ဆော်ဒါ မှုန့်တို့ကို ဆန်ပုန်းရည်ဖြင့်ရောပြီး တစ်နေ့သုံးကျပ်သားခန့် သောက်ပေးပါက ပြဒါးများသည် ကျင်ငယ် (ဆီး) မှ သက်ဆင်းပျောက်ကင်းပါမယ်။


(၁၉) အဝလွန်၊ အဆီပိုနေသူများအတွက် နေ့စဉ် ညအိပ်ရာဝင်ချိန်တွင် ကြိတ်မှန်ရွက်သတ္တုရည်ဖြင့် ခန္ဓာကိုယ်ကို လိမ်းပေးပါ။ ခြောက်လတိုင်အောင် ဇွဲရှိရှိဖြင့်ပြုလုပ်ပေးခြင်းဖြင့် များပြားနေသောအဆီ များ လျော့ပါးသွားပြီး အဆီကျိတ်များလည်း ပျောက်ကင်းနိုင်ပါတယ်။


(၂၀) ကလေးငယ်များ စအိုဝတွင် တုတ်ယားယံခြင်းအတွက် ကြိတ်မှန်ရွက်သတ္တုရည်ကို စအိုဝ၌ သုံးကြိမ် (သို့) လေးကြိမ်လူးပေးပါက ပိုးများကျဆင်းလာပါလိမ့်မယ်။


(၂၁) ကြိတ်မှန်ပင်တစ်ပင်လုံးကိုယူ၍ အရိပ်တွင်သွေ့စေကာ အမှုန့်ပြု၍ ထိုအမှုန့်ဖြင့် အလေးချိန်တူ တြိဖလအမှုန့်ရောစပ်ပါ။ ထိုနှစ်မျိုးလုံး၏အလေးချိန်ဖြင့်ညီမျှသော သကြားအလေးချိန်ကိုယူပြီး အမှုန့် ပြုရောစပ်၍ ၎င်းအမှုန့် သုံးမတ်သားကို မှီဝဲစားသုံးခြင်းဖြင့် အစာမကျေရင်ပြည့်ရင်ကယ်ခြင်းနှင့် သွေး အားနည်းရောဂါတို့ ပျောက်ကင်းလာပါလိမ့်မယ်။


(၂၂) နိုင်ငံတကာ သုတေသနစမ်းသပ်ချက်အရ ကြိတ်မှန်ပင်ဟာ ဗီီတာမင်ကေ၏ အစွမ်းသတ္တိနှင့် တူညီပြီးသွေးတွင်းရှိ prothrob-obin ဓာတ်ကို မြှင့်တင်ပေးသဖြင့် သွေးတိတ်စေကြောင်း၊ ပိုးသတ် ဆေးအာနိသင်ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့်လည်း ကြိတ်မှန်ပင်များကို မီးဖွားသည့် ကိစ္စများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ခွဲစိတ်ရာတွင်လည်းကောင်း ထည့်သွင်းအသုံးပြုကြပါ တယ်။ ဒါ့အပြင် ချောင်းဆိုးသွေးပါ၊ ဝမ်းကိုက်သွေးပါ၊ မီးယပ်သွေးများခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ လိပ်ခေါင်းသွေးယိုခြင်း၊ သွေးအန်ခြင်း၊ ဆီးတွင်သွေးပါခြင်း၊ ဒဏ်ရာသွေးထွက်ခြင်းတို့အတွက်လည်း ကြိတ်မှန်ပင်ကို သုံးနိုင်ပါတယ်။


(၂၃) ကြိတ်မှန်ရွက်ကို ရေနွေးဖြောပြီး ပါးပါးလှီးကာ ကြက်သွန်နီဆီချက်၊ နှမ်းမှုန့်၊ ပဲမှုန့်အကျက်၊ မန်ကျည်းမှည့် (သို့) ရှောက် (သို့) သံပရာရည်၊ ငံပြာရည်တို့ဖြင့် သုပ်စားပေးခြင်းဖြင့် အသားအရည် ကြည်လင်စိုပြည်လာပြီး ဝက်ခြံများလည်းပျောက်ကင်းစေပါလိမ့်မယ်။ အမျိုးသမီးများနှင့် အထူးသင့် လျော်ပါတယ်။


(၂၄) ဆင်ခြေထောက်ရောဂါအတွက် ကြိတ်မှန်တစ်ပင်လုံးကိုကြိတ်၍ နှမ်းဆီဖြင့်ရော၍ လိမ်းပေး သင့်ပါတယ်။


(၂၅) ကြိတ်မှန်ပင်အရွက်နှင့် အမြစ်တိုိ့ကို ကြိတ်ချေ၍သောက်ပေးခြင်းဖြင့် သည်းခြေရည်ကောင်းစွာ ထွက်ရှိစေပါတယ်။


(၂၆) ဆေးဖက်ဝင် ကြိိတ်မှန်ရွက်ယိုထိုးနည်း ကြိတ်မှန်ရွက် ပ ဉ္စငါးပါးကို နုတ်နုတ်စင်းပြီးသား ၂၅ ကျပ်သား၊ ထန်းလျက်သန့်သန့် ၁၀ ကျပ်သား၊ အရည်ညှစ်ပြီးသား ရှောက်သီးဖတ် ၁၀ ကျပ်သား၊ ကြက်သွန်နီ ပါးပါးလှီးပြီးသား ၁၀ ကျပ်သား၊ စမုန်ျ မျိုးငါးပါး (ဇီယာ-စမုံစပါး-စမွတ်-စမံဖြူ-စမုံဖွဲ) အမှုန့်နှစ်ပဲသားစီ လိုအပ်ပါတယ်။ ၎င်းဆေးအစုတို့ကို အိုးသစ်တစ်လုံးထဲတွင် ဆားသင့်ရုံနှင့် ရေသင့်ရုံထည့်ပါ။ ပြီးနောက် မီးဖိုတွင် ယိုထိုးသလို ထိုးပါ။ ယို အဖြစ်သို့ရောက်လာပါက အအေးခံ၍သန့်စင်သောဘူးသစ်တွင်ထည့်ပြီး အစာနှင့်ဝေးချိန် နံနက်အိပ် ရာထ၊ နေ့လည်-ညအိပ်ရာဝင် တစ်နေ့သုံးကြိမ်စားပေးပါ။


ကြိတ်မှန်ရွက်ယိုဖြင့် ပျောက်ကင်းနိုင်သောရောဂါများမှာ ခံတွင်းပျက်၊ ကိုယ်လက်ဖောရောင်၊ ကိုယ်ဝန် ရှိ ပျို့အန်နာ၊ ကိုယ်ဝန်ပျက်၊ ကြက်မျက်သင့်၊ ချောင်းဆိုးပန်းနာ၊ ခြေတုန်လက်တုန်၊ တစ်ကိုယ်လုံး ယားနာ၊ နှလုံးတုန်ရင်ခုန်၊ နှလုံးရောဂါ၊ ပွေးဝဲနှင်းခူ၊ ဖိုမအင်္ဂါစပ်ရောင်ရောဂါ၊ ဗရင်ဂျီနာ၊ မီးယပ်ကွက်၊ မီးယပ်ခေါင်းကိုက်၊ မီးယပ်ထုံကျင်၊ မေထုံလွန်၊ မျက်စိမှုန်၊ သည်းခြေပျက်၍ ယောင်ပြီးလန့်အော်သော ရောဂါ၊ လေနာ၊


ဝမ်းကိုက်၊ ဝမ်းချုပ်လွန်၊ ဝမ်းသက်လွန်၊ သလိိပ်နာ၊ သားအိမ်ကိုက်ခဲ၊ သွေးပုပ်၊ သွေး ဆုံး၊ သွေးလွန၊ သွေးအားနည်း စသည့်ရောဂါများအတွက် လွန်စွာထိရောက်ပါတယ်။


ကိုးကား - ကြေးမုံသတင်းစာ

No comments