New Artical

သူခိုးဖမ်းပွဲသူခိုးဖမ်းပွဲ (ပုံပြင်)


 သူခိုးဖမ်းပွဲသူခိုးဖမ်းပွဲ (ပုံပြင်)

သူဌေးကြီးတစ်ဦးအိမ်ကို သူခိုးဝင်ခိုးတာ တန်ဖိုးရှိတာတွေပဲ‌ရွေး ပါသွားတယ်။ သူဌေးကြီးကလည်း သူခိုးဟာ မိမိရဲ့ဝန်ထမ်းများထဲမှ တစ်ဦးသာ ဖြစ်ရမည်လို့ သံသယရှိခဲ့တယ်။ ဒါကြောင့်သူက Birbal (အိန္ဒိယပုံပြင်များမှ ပညာရှိ) ထံကို သွားပြီးအဖြစ်အပျက်ကိုပြောပြခဲ့တယ်။ Birbalကလည်း သူဌေးကြီး အိမ်ကိုရထားလုံးနဲ့ လိုက်လာခဲ့ပြီး သူဌေးကြီးရဲ့ ဝန်ထမ်းအားလုံးကို စုစည်းပြီး တစ်ယောက်ချင်းစီကို ပစ္စည်းခိုးမခိုး မေးမြန်းခဲ့တယ်။ လူတိုင်းက ငြင်းကြတယ်။

Birbal သည်တခဏမျှစဉ်းစားပြီးနောက် အထူးပြုလုပ်ထားပြီး အရှည်တူညီတဲ့ သစ်သားတုတ်‌တွေကို ရထားလုံးပေါ်ကထုတ်ယူပေးခဲ့ပြီး သူဌေးကြီးရဲ့ ဝန်ထမ်းတွေကို ပြောလိုက်တာက "ဒီတုတ်တွေက သာမန်တုတ်တွေမဟုတ်ဘူး၊ နတ်မင်းကြီးပေးထားတဲ့ တုတ်တွေပဲ၊ မနက်ဖြန် နံနက်မှာ သူခိုးအစစ်ရဲ့ တုတ်က ၂လက်မ ပိုရှည်လာလိမ့်မယ်" လို့ ပြောခဲ့ပြီး ဝန်ထမ်း‌တွေကို အိမ်ပြန်လွှတ်လိုက်တယ်။

နောက်နေ့နံနက်မှာ ဝန်ထမ်း‌တွေကို Birbalက ပြန်ခေါ်လိုက်ပြီး သူတို့တုတ်ချောင်းတွေကို ပြန်ပေးဖို့ပြောတယ်။ တုတ်ချောင်းတစ်ချောင်းမှ ပိုရှည်နေတာမရှိပဲ ဝန်ထမ်းတစ်ဦးရဲ့ တုတ်တစ်ချောင်းကတော့ ၂လက်မတိုနေခဲ့တယ်။ တိုနေတဲ့တုတ်ပိုင်ရှင် ဝန်ထမ်းကိုBirbal ညွှန်ပြပြီး သူဟာ သူခိုးပဲလို့ပြောလိုက်တယ်။

နောက်ပိုင်းမှာ သူဌေးကြီးက Birbal ကို “သူခိုးကို ဘယ်လိုဖမ်းမိတာလဲ”ဟု မေးခဲ့တယ်။ Birbalက “သူ့ရဲ့တုတ်တွေက မနက်မှာ ၂လက်မလောက်ပိုရှည်လာမှာကို စိုးရိမ်တဲ့အတွက် သူခိုးဟာ ညမှာကတည်းက ၂လက်မလောက်ဖြတ်ထားခဲ့တာ” လို့ပြောပါတယ်။🌸
Moral - အမှန်
တရားကို ဖုံးကွယ်မရပါ။.


မေတ္တာဖြင့် Credit_Original_Writer ✍👸
ပြန်လည်မျှဝေပါတယ် ။

No comments