New Artical

အာနာပါနမှ ဝိပဿနာသို့

https://i.ytimg.com/vi/J_WZKxW8i3s/maxresdefault.jpg

အာနာပါနကမ္မဋ္ဌာန်းသည် အံကျိတ်တရားမဟုတ်

တရားအားထုတ်ခြင်းသည် တဖြည်းဖြည်းခြင်း ငြိမ်သက်အေးချမ်း၍ သာလာရပေမည် ။ ပင်းပန်း၍ ဆင်းရဲရခြင်းသည် တရား၏ လမ်းကြောင်းမှန် မဟုတ်ပေ ။

အာနာပါကမ္မဋ္ဌာန်းကို စတင်အားထုတ်စ ယောဂီများတွင် ဖြစ်တတ်သော အကြောင်းအရာက ခန္ဓာကိုယ်အောက်ပိုင်း၌ နာရီဝက် သို့မဟုတ် ၄၅ မိနစ်ခန့်လောက်တွင် နာကျင်မှုလေးတွေ ဖြစ်တတ်ပါတယ်။ ထိုနာကျင်မှုကို အကြောင်းပြု၍ ဝေဒနာအားရှုသည်ဟု ဆိုကာ ဝေဒနာနုပဿနာဟု အမည်တတ်ကာ ဖြစ်ပေါ်လာသော ထိုကာယိကဒုက္ခဝေဒနာတို့အား လိုက်၍ မှတ်ပါတယ် ။

ထိုသို့ပြုလုပ်မိပါက အာနာပါနကမ္မဋ္ဌာန်းသည် ဆုတ်ယုတ်ပျက်စီးတတ်၏ ။ ထိုသို့ရှုနေသော ဝေဒနာနုပဿနာ မမည် ၊ အသင်သူတော်ကောင်းသည် နာမ်ကမ္မဋ္ဌာန်းပိုင်းမှ ရှင်းပြပါကပို၍ နားလည်လာနိုင်ပေမည် ။ ရှေးဦးစွာ အာနာပါန၌ သတိအားနည်းမှုကြောင့် ထိုဝေဒနာတို့သည် ထင်ရှားဖြစ်ပေါ်လာ၏ ။ သတိကြီးစွာထား၍ လေကိုသာရှုနေပါက မကြာခင်မှာပင် ပျောက်သွားတတ်ပါတယ်။ မိမိ၏စိတ်၌လည်း ငါသည် ခန္ဓီပါရမီကို ဖြည့်သည် မည်၏ဟု စိတ်ကိုထားကာ အားထုတ်သင့်၏ ။

ထိုသို့သတိကြီးစွာထား၍ အားထုတ်သော်လည်း ဝေဒနာတို့၏ နှိပ်စက်မှုကြောင့် မခံမရပ်နိုင်ဖြစ်လာပါက ၊ ပြင်ပြောင်း၍ ထိုင်နိုင်ပါတယ် ။

အတင်းဖိညစ်ကာ အံကျိတ်၍ထိုင်ရသော ကမ္မဋ္ဌာန်းမျိုးမဟုတ်ပေ။ ကာယ၌ ဖြစ်နေသော ထိုထိုသော ဝေဒနာတို့ကြောင့် အသင်သူတော်ကောင်းသည် စိတ်၏ ငြိမ်းချမ်းမှုကို မည်သို့မျှမဖြစ်နိုင်ပေ။ အာနာပါနကမ္မဋ္ဌာန်းသည် တိုး၍ တိုး၍သာငြိမ်သက်သိမ်မွေ့လာစေသော ကမ္မဋ္ဌာန်းဖြစ်၏။

ထို့ကြောင့် ကာယိကဝေဒနာကြောင့် စိတ်၏ ငြိမ်းအေးမှုကို ရစေခြင်းငှာ မတတ်နိုင်က ပြင်ပြောင်းသင့်က ပြင်နိုင်ပါတယ်။ ပြင်ပြောင်းရာ၌လည်း မိမိသတိကပ်ထားသော လေကိုမှတ်သိ၍ ဖြေးညင်းစွာပြောင်းနိုင်ပါတယ် ။ စိတ်၏အေးငြိမ်းမှုကိုရကာ ကမ္မဋ္ဌာန်းသည် တိုးတက်လာပေမည် ။ တစ်ခါတစ်ရံ စိတ်၏ အလိုသို့လိုက်ကာ ပြင်ပြောင်းခြင်းကိုလည်း ရှောင်ကြဉ်ပါ ။

မကြာမီ ဘာဝနာမှု၌ စိတ်သည်အထိုင်ကျ ငြိမ်ဝပ်စွာ ကပ်လာပါက ထို ကာယိကဝေဒနာတို့သည် အလိုလို ဥက္ခောပြုကာ အာနာပါနသမာဓိ ကမ္မဋ္ဌာန်းသည်လည်းပဲ တိုးတက်ခြင်းသို့ ရောက်ရှိလာပေမည်။

"ဖားအောက်တောရဆရာတော်

No comments