New Artical

ဝက်သတ်သမားရဲ့ ဝဋ်ကျွေး (ပုံပြင်)


 ဝက်သတ်သမားရဲ့ ဝဋ်ကျွေး (ပုံပြင်)

မကောင်းမှုကို ပြုသောသူသည် ဤဘဝ၏၌လည်း စိုးရိမ်ပူဆွေးရ၏ နောင်ဘဝ၌လည်း မကောင်းသောအကျိုးကို ခံစားရသောကြောင့် စိုးရိမ်ပူဆွေးရပြန်တယ်။ မြတ်စွာဘုရားလက်ထက်တော် အခါတုန်းက သာဝတ္တိမြို့မှာ စုန္ဒဟုခေါသော ဝက်သတ်သမားတစ်ဦးရှိသည်၊ သူဟာ ဝက်တွေကို နေ့စဥ်သတ်ပြီး စီးပွားရှာခဲ့တယ်။ သူကိုယ်တိုင်လည်းသတ်စားတယ်။

ဝက်သတ်သမားစုန္ဒသည် ဝက်များကိုဝယ်ယူကာ အသားတိုးအောင်လို့ အစာတွေကျွေးတယ်။ သူဝက်သတ် တော့မယ်ဆိုရင် သတ်တော့မည့်ဝက်ကို မလှုပ်နိုင်အောင် အရင်ကြိုးဖြင့်ချည်ထားတယ်။ ပြီးလျှင် တုတ်ဖြင့်ဝက်ကို ပြင်းထန်စွာရိုက်ပြန်တယ်။ ပါးစပ်ကိုဖြဲကာ တုတ်ဖြင့်ထောက်၍ ပွက်ပွက်ဆူနေတဲ့ ရေနွေးတွေကို လောင်းထည့်လိုက်တယ်။ 

ဝက်၏ကိုယ်ပေါသို့လည်း ရေနွေးတို့ဖြင့် ဝက်မွှေးတွေကျွတ်အောင် လုပ်တယ် ကျန်ရှိနေသေးတဲ့ ဝက်မွှေးများကိုလည်း မီးမြိုက်ဖယ်ရှားပြီးမှလည်ပင်ကိုဓားနဲ့ခုတ်ဖြတ်ပြီးသတ်တယ်။ ဘယ်လောက် ကြောက်စရာကောင်း လိုက်လဲနော်။ အဲ့လိုနဲ့ သူဟာရက်စက်စွာ သတ်ဖြတ်ပြီး စီးပွားရှာလာလိုက်တာ သူ့အသက်(၅၅)နှစ် တိုင်အောင်ကြာခဲ့တယ်။

ဝက်သတ်သမား စုန္ဒသေခါနီးအချိန် ရောက်လာတဲ့အခါ သူပြုခဲ့တဲ့ကံတွေက နောက်ဘဝတောင် မကူးဘူးပေါ့။ ဝက်တွေလို လေးဖက်ထောက်သွားကာ ဝက်တွေလိုအော်မြည်ရင်း ဆင်းရဲပင်ပန်းစွာ သေသွားရတယ်။ သေဆုံးပြီးအခါ သတ္တဝါ တို့ကိုသတ်ခဲ့သော မကောင်းမှု့ကြောင့် အပါယ်ငရဲကိုသွားရလေတယ်။ 

ဝက်သတ်သမားသည် မိမိ၏ညစ်နွမ်းသော အကုသိုလ်ကံကိုမြင်ရ၍ သေခံနီးရောက်တဲ့အခါ စိတ်အားငယ် ရသည့်အပြင် နောင်တကြီးစွာ ရပြီး စိုးရိမ်ပူဆွေးရတယ်။ ဒီပုံပြင်လေကို လူကြီးပိုင်း တော်တော်များများကတော့ သိကြပါတယ်နော် မသိသေးသောသူများကိုမျှဝေပေးခြင်းပါ။ 

မကောင်းတာလုပ်ရင် မကောင်းမှုခံရမှာ သိပေမဲ့လည်း နောင်ဘဝနောက်မှခံမယ် ဆိုပြီး ကျုးလွန်နေကြတဲ့ သူတွေအများကြီးပါ။ သတ္တဝါလေးတွေမှာလည်း အသက်ရှိပါတယ် တုတ်နဲ့ရိုက်ရင် နာတက်တယ် သူတို့မှာလူတွေလို အသိစိတ်မရှိတာလေးပဲ။

လူတွေတောင် တခြားသူက ကိုယ့်အသားကို နာအောင်လုပ်ရင် စိတ်ဆိုးတာတွေဖြစ်ပြီး တချို့ဆို ရန်ဖြစ်စကားများတဲ့ အထိပါပဲ။ ဒါပေမဲ့ သတ္တဝါလေးတွေကတော့ သူတို့ကို သတ်တော့မယ်ဆိုတာတောင် မသိရှာပါဘူး။ ဒီဘဝမှာသူဟာ ဝက်ဖြစ်နေပေမဲ့ အတိတ်ဘဝမှာ သူလည်းလူဖြစ်ချင် ဖြစ်ခဲ့မှာပါ သူပြုခဲ့တဲ့ကံ​​ ကြေ​ာင့် သံသရာတဖန် ပြန်လည်ရတာပါ။ ဒါမို့သတ္တဝါလေးတွေကို စာနာသနားပေးကြပါနော်။

အဆုံးထိဖတ်ပေးသောစာချစ်မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါသည်။

ပြန်လည်ရေးသားမျှဝေသည်။🖊(Aye Myat)

Credit_Original_Writer ✍👸

1 comment: