New Artical

ဝက်ဝံကြီးပြောတဲ့စကား (ပုံပြင်)


 ဝက်ဝံကြီးပြောတဲ့စကား (ပုံပြင်)

တစ်ခါတုန်းက သူငယ်ချင်းနှစ်ယောက် တောကြီးမျက်မည်းထဲမှာ လှည့်လည်သွားလာနေတုန်း ဗြုန်းဆို ခပ်လှမ်းလှမ်း လာနေတဲ့ ၀က်ဝံကြီးတစ်ကောင်ကို တွေ့လိုက်ရသတဲ့။ တစ်ယောက်ဟာ ချက်ချင်းဆိုသလို ဝုန်းကနဲထွက်ပြေးသွားပြီး နီးစပ်ရာအပင်ပေါ်ကို တွယ်တက်သွားတယ်။ နောက်တစ်ယောက်ကတော့ ဘာလုပ်ရမှန်းမသိဘဲ ၀က်ဝံကြီးလာရာ လမ်းကြောင်းတည့်တည့်မှာ ထီးတည်းကြီး ကျန်နေခဲ့တာပေါ့။🌸

ကြံရာမရတဲ့အဆုံး သူဟာ မြေကြီးပေါ် လှဲချလိုက်ပြီး အသေကောင်လို ဟန်ဆောင်နေလိုက်တယ်။ ၀က်ဝံကြီးဟာ သူ့လမ်းကြောင်းအတိုင်း လျှောက်လာပြီး လမ်းပေါ်မှာလဲနေတဲ့ သူ့အနား ရောက်လာတဲ့အခါ ရပ်လိုက်တယ်။ပြီးတော့ သူ့ရဲ့မျက်နှာနားကပ်ပြီး အနံ့ခံလိုက်သတဲ့။

အောက်ကလူကတော့ အသက်ရှူရပ်မတတ်ကို ကြောက်လန့်နေရှာတော့တာပေါ့။ အသက်မရှူတဲ့သူကို တွေ့တဲ့ ၀က်ဝံကြီးဟာ အသေကောင်လို့ထင်ပြီး အနားက ထွက်ခွာသွားတော့တယ်။🌸

၀က်ဝံကြီးပြန်သွားတဲ့အခါ အပင်ပေါ်ကလူဟာ အောက်ကိုပြန်ဆင်းလာတယ်။ ပြီးတော့ အသက်ထွက် မတတ် ကြောက်ရွံ့နေရှာတဲ့ သူ့သူငယ်ချင်းကိုကြည့်ပြီး ခွက်ထိုးခွက်လန် ရယ်တော့တယ်။ ရယ်နေရင်းနဲ့ပဲ "၀က်ဝံကြီးက မင်းမျက်နှာနားကပ်ပြီး ဘာပြောသွားတာလဲကွ" လို့ မေးလိုက်တယ်။🌸

အဲဒီအခါ မြေကြီးပေါ်မှာ လှဲနေတဲ့သူဟာ ပြန်ထလာပြီး.....
"အေး... ဒုက္ခတစ်စုံတစ်ရာနဲ့ တွေ့တဲ့အချိန်မှာ အနားက ထွက်ပြေးရှောင်ပုန်းသွားတဲ့ သူဟာ မပေါင်းအပ်တဲ့ မိတ်ဆွေပဲလို့ ပြောသွားတယ်လေ" ဟုပြန်ဖြေလိုက်လေသည်။


(လီယိုတော်စတွိုင်း)
Credit_Original_Writer

No comments