New Artical

မြန်မာဆေးဖက်ဝင် သင်္ဘောမညိုးပင်

 


မြန်မာဆေးဖက်ဝင် သင်္ဘောမညိုးပင်

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

(ဒေသအလိုက် အမည် အခေါ်အဝေါ် ကွဲလွဲနိုင်ပါတယ်)


ဒီအပင်က တစ်ပင်လုံး ဆေးဖက်ဝင်တယ် ခင်ဗျ..မသိသူကတော့ ကျော်သွားပေါ့..သိသူကတော့ ဖော်စားပေတော့..



ဘာတွေ ဆေးဖက်ဝင်သလဲဆိုရင်..👇


Hypertension (high blood pressure) သွေးတိုးရောဂါ 

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸


အရွက်ခြောက် (၂၅-၂၀) ဂရမ် နဲ့ ဂန္ဓမာပန်းပွင့်( ၁၀) ဂရမ် ကို ရေသုံးခွက် တစ်ခွက်တင်ကျန်အောင် ပြုတ်သောက်ပါ။


နောက်တနည်းက အရွက် (၇) ရွက် (သို့) ပန်း (၇)ပွင့်ကို ရေနွေးပူပူထဲ၌ထည့်၍ သောက်ပါ။


ဒါကတော့ အိပ်ယာမဝင်ခင်(drink before bed)သောက်သုံးပေးပါ။



Leukemia (သွေးကင်ဆာ)

🌸🌸🌸🌸🌸🌸🌸🌸🌸


 

ဒီပန်းပင်ရဲ့အရွက်ခြောက် ၂၀-၂၅ ဂရမ် ထဲကို စမုံးစပါးအနည်းငယ်ထည့်၍ ရေ (၁)လီတာခန့်ဖြင့် ရောပြုတ်ပြီး သတ္တုရည်ကျန်တဲ့အထိ့ ကျိုချက်ပါ။


ရရှိလာသော သတ္တုရည်ကို မနက်တစ်ကြိမ် နေ့လယ်တစ်ကြိမ် တစ်နေ့ ၂ကြိမ် သောက်သုံးပေးပါ။


Asthma and bronchitis(ပန်းနာ၊လည်ချောင်းနာ) 

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸


ပန်းနာ လည်ချောင်းနာအတွက် ဒီအပင်ရဲ့အမြစ်ကို တူးယူပါ။ရရှိလာသောအမြစ်ကို သန့်စင်အောင်ရေဆေးကြောပြီး ရေ ၅ခွက်ထည့်၍ ပြုတ်သောက်ပါ။


မနက်တစ်ကြိမ် နေ့လယ်တစ်ကြိမ် တစ်နေ့ ၂ကြိမ်သောက်ပေးပါ။


Fever(အဖျား)

🌸🌸🌸🌸🌸🌸


အဖျားရောဂါအတွက် အမြစ် နှင့် အရွက်ကို ရောပြုတ်ပြီးတော့ ကျန်ရှိတဲ့အရည်ကို သကြားအနည်းငယ် ရောထည့်ပြီး တစ်နေ့ ၂ကြိမ် သောက်သုံးပါ။


Inflammation of the stomach and dysentery(အစာအိမ်ရောင်ခြင်းနှင့်ဝမ်းကိုက်ခြင်း)

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸


အစာအိမ်ရောင်တဲ့သူများနှင့်ဝမ်းကိုက်တတ်သူများအတွက် သူ့ရဲ့အရွက်ကို သုံးခွက်တစ်ခွက်တင်ကျန်အောင် ကျိုချက်ပါ။ကျန်ရှိတဲ့ သတ္တုရည်ကို သကြားအနည်းငယ်ထည့်၍ တစ်နေ့ ၂ကြိမ်သောက်သုံးပါ။


Anemia(သွေးအားနည်းရောဂါ)

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸


သွေးအားနည်း ရောဂါသမားတွေအတွက်က ဒီပန်းရဲ့ အဖြူပွင့်များကို ခူးဆွတ်ပြီး ရေတစ်ဖန်ခွက်စာဖြင့် တစ်ည စိမ်၍ မနက်အိပ်ယာထတစ်ကြိမ် သောက်သုံးပေးပါ။


Mumps, swelling, abscesses and ulcers (ပါးချိတ်နာခြင်း၊ရောင်ခြင်း နှင့် ပြည်တည်နာ)

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸


ပါးချိတ်နာခြင်း၊ရောင်ခြင်း နှင့် ပြည်တည်နာများအရွက် အရွက်ကို ခူးဆွတ်ပြီး ကပ်ပေးထားပါ။


Burns(မီးလောင်ဒဏ်ရာ)

🌸🌸🌸🌸🌸🌸🌸🌸🌸

အပူလောင်၊မီးလောင်းခံထားရသူများအတွက် အရွက် လက်တစ်ဆုပ်စာကို ထမင်းဖြူနှင့်ရောနယ်ပြီး ဒဏ်ရာတဝိုက်ကို ဖိ့၍ အုံပေးထားပါ။


New wound(သွေးထွက်ဒဏ်ရာ)

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸


လောလော လတ်လတ် သွေးထွက်ဒဏ်ရာ ရရှိသူများအနေဖြင့် အရွက်ကို ပါးစပ်ဖြင့်ဝါးပြီး အရည်ရောအဖတ်ပါ အနာပေါ်သို့ဖိ့အုံပေးပါ။


Pregnant women are prohibited from taking the herbal medicine of Rose periwinkle.


#တားမြစ်ချက်

#ကိုယ်ဝန်ဆောင်မိခင်လောင်းများသောက်သုံးရန်မသင့်ပါဘူးတားမြစ်ထားပါတယ်။


ကျေးဇူးတင်ပါတယ်

#Credit 


No comments