New Artical

ဝမ်းမသာကောင်းတဲ့ အရာ (၃) မျိုး


ကျွန်ုပ်တို့တွေမှာ    လူမှု ကျင့်ဝတ်အရ ဖြစ်စေ၊ ဘာသာရေး အရ ဖြစ်စေ ဝမ်းမသာကောင်းတဲ့   အရာ (၃)မျိုး ရှိပါတယ် ။

(၁) သူတစ်ပါးရဲ့ အသက်ခန္ဓာ  ဆုံးရှုံးရခြင်းကို ဝမ်းမသာကောင်း ပါဘူး။ ကိုယ်က  ဘယ်လောက် မုန်းတီးတဲ့ ရန်သူ ဖြစ်ပါစေ … တနည်းနည်း နဲ့ သေဆုံးခဲ့ရင်  သို့မဟုတ်  သေဆုံး တော့မယ့် အခြေအနေကို ရင်ဆိုင် နေရရင် ဝမ်းနည်း စာနာမှု မပေးနိုင်ရင်တောင် ဝမ်းမသာကောင်း ပါဘူး။

ဝမ်းသာလိုက်ခြင်းအားဖြင့် ကိုယ်က  အဲဒီလူကို  သေကြေပျက်စီးစေလိုတဲ့ စိတ် ရှိနေပြီး ဖြစ်တာကြောင့် ကိုယ်တိုင် လူမသတ်သော်လည်း သေစေလို စိတ်ကြောင့် ပါဏာတိပါတကံ ထိုက်ပါသတဲ့ ။

(၂) သူတစ်ပါးရဲ့  စည်းစိမ်ဥစ္စာ ပျက်ဆီးဆုံးရှုံးခြင်းကို ဝမ်းမသာကောင်း ပါဘူး ။ သူ့ဘာသာ တရားသော နည်းဖြင့် ဖြစ်စေ မတရားသော နည်းဖြင့် ဖြစ်စေ ပိုင်ဆိုင်ထားတာဟာ အဲဒီ သူရဲ့ ကုသိုလ်ကံနဲ့   အကုသိုလ်ကံသာ ဖြစ်တာကြောင့် ကိုယ်က   ဥပေက္ခာ ပြုနိုင်ရမှာ ဖြစ်ပါတယ်။

ဒီလို မဟုတ်ဘဲ   မနောကံ အားဖြင့် ပျက်စီး ဆုံးရှုံးစေလိုခြင်းဆိုတဲ့ ဗျာပါဒ ဒုစရိုက် စိတ်ကြောင့် အပါယ်လား တတ်ပါတယ် ။ ကိုယ်တိုင် မခိုးယူ   မဖျက်ဆီး သော်လည်းအဒိန္ဒဒါနာကံ ထိုက်တဲ့ သဘောပါပဲ ။

(၃) သူတစ်ပါးရဲ့ ချစ်ခင်ညီညွတ်မှု  ပျက်စီးခြင်းကို ဝမ်းမသာကောင်း ပါဘူး ။ မိမိရဲ့ မုန်းတီး စိတ်ကြောင့် လူနှစ်ဦးရဲ့ ချစ်ခင် ညီညွတ်မှု ပျက်စီးမှာကို ဝမ်းသာခြင်း ချစ်ခင် ညီညွတ်မှုကို  မနှစ်မြို့ခြင်း ဆိုတဲ့ ပင်ကိုယ် ဆန္ဒတွေ  ပါသွားတဲ့ အတွက် ဗျာပါဒ ဒုစရိုက်ကံ မြောက်သွား ပါတယ် ။

ချစ်ခင်သူ နှစ်ဦးကြားမှာ  စိတ်ဝမ်း ကွဲသွားအောင် သို့မဟုတ် မိမိကို ချစ်ခင်လာအောင် ရန်တိုက် ပေးခြင်း၊ သင့်တင့် ညီညွတ်နေသော မိတ်ဆွေတို့ကို မသင့်မတင့်ဖြစ်အောင် စိတ်ဝမ်း ကွဲအောင် ပြောဆိုခြင်း စတဲ့  ကုန်းတိုက် ပြောဆို ခြင်းဖြင့် ယုတ်ညံ့သော ပိသုဏဝါစာကံ ကျူးလွန် မိတတ်ပါတယ် ။

ကံဥပါဒ်ကို မသိလို့ မကြောက်ခြင်း ၊သိလျက်နဲ့ မ ကြောက်ခြင်း တို့မှ  ကင်းဝေး နိုင်ကြပါစေ ။

Credit

No comments