New Artical

"သိမ်ထွက်ရဟန်းသစ်များအား ဖျက်ဆီးခြင်း နှစ်မျိုး"


    သိမ်ထွက်လောင်းရင် အများစုက ငွေသားလေးတွေစာအိတ်ထဲ ထည့်ကပ်ကြတယ် ကိုယ်လည်းကပ်ခဲ့ဖူးပါတယ် .. နောက်..ကပ်ရမလား မကပ်ရလားမသိတော့ပါ

"သိမ်ထွက်ရဟန်းသစ်များအား ဖျက်ဆီးခြင်း နှစ်မျိုး"

သိမ်မှထွက်ခါစ ရဟန်းသည် အပြစ်အားလုံးတို့မှ  စင်ကြယ်ဆဲပင်ရှိရာ ရဟန္တာ ၏ ကိုယ်ကာယပမာ တူလှစွာ၏။...

ထိုစဉ်......

(က) တောနေတို့ကား သိမ်ဝမှကြို၍ ဆံပင်ကိုဖြန့်ခင်း နင်းစေ၏။

(ခ) မြို့နေတို့ကား သိမ်ဝမှပင်ကြို၍ ငွေကိုအလှူခံစေ၏။ 

 ထိုဓလေ့ ထုံးတမ်း နှစ်မျိုးတို့တွင်.....

(က) ဆံပင်ဖြန့်ခင်း နင်းစေခြင်းကား ဤကာယသံသဂ္ဂ သိက္ခာပုဒ်အရ သံဃာဒိသိသ်အပြစ် ငြိစွန်းသွားစေပြီ။

(ခ) ငွေလက်ခံစေမူကား လာမည့် ဇာတရူပရဇတ သိက္ခာပုဒ်အရ နိဿိဂ္ဂိ ပါစိတ်အာပတ် အသင့်ခံလိုက်ရရှာပြီ။

ထိုဓလေ့နှစ်မျိုးစလုံးပင် သိက္ခာတင် ရဟန်းသစ်၏ ဖြူစင်သောစိတ်ကို ညစ်စေသော အမူအကျင့် နှစ်မျိုးချည်း ဖြစ်နေကြ၍ ဆင်ခြင်သင့်ကြ၏ ။


"မဟာဗောဓိမြိုင်ဆရာတော်"

No comments