New Artical

ဗုဒ္ဓဘာသာ အခြေခံ အတိုချုပ်

 


 ကလေးငယ်​တွေကပဲမေးမေး ၊
ဘာသာခြား​တွေကပဲမေးမေး ၊  ဘယ်သူမေးမေး
ဗုဒ္ဓဘာသာ အခြေခံ ၊အတိုချုပ်လောက်တော့
ဖြေနိုင်အောင်၊ သိထားသင့်​တယ်​။ အဲဒီလိုဖြေနိုင်အောင်
သိရ​အောင်​လို့ ဖော်ပြပေးလိုက်ပါတယ်။
#ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော
#သိမှတ်ဖွယ်ရာများ
 ဗုဒ္ဓဘာသာ
**********
ဗုဒ္ဓ = မြတ်​စွာဘုရား
ဘာသာ = အယူ
သာသနာ​တော်​
************
အဆုံးအမကို လိုက်​နာကျင်​့သုံး
လက္ခဏာ​ရေးသုံးပါး
****************
အနိစ္စ = မမြဲခြင်​း
ဒုက္ခ = ဆင်​းရဲခြင်​း
အနတ္တ = အစိုးမရခြင်​း
ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ
***********************************
၁။ ကကုသန်မြတ်စွာဘုရား
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၄။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်)
သာသနာတော်သုံးရပ်
******************
၁။ ပရိယတ္တိ သာသနာ = ပိဋကတ်စ​ာပေသင်ကြားခြင်း
၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်း
ရတနာသုံးပါး
************
၁။ ဘုရား
၂။ တရား
၃။ သံဃာ
ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သော
အချက်များ•••••
မြတ်စွာဘုရား၏ ဖခမည်းတော်အမည် = သုဒေါ္ဓဓန
မြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာ
မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလဝတ်
မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ထမင်းသား
မြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာ
မြတ်စွာဘုရား၏ သားတော် = ရာဟုလာ
မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊
ရွှေအိုးကြီးလေးလုံး၊ ညီတော်အာနန္ဒာ၊ ယသော်ဓရာ၊ ဗောဓိညောင်ပင်
သံဝေဇနိယ လေးဌာန
*******************
၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ် = လုံမ္ဗနီဥယျာဉ်
၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ = ဗုဒ္ဓဂါယာ
၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ = မိဂဒါဝုန်တော
၄။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ
သတ္တဌာန ခုနှစ်ပါး
****************
၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန
၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ်
၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြ ံ
၄။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်
၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင်
၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန
၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ်
.
ဘုရားဂုဏ်တော်ကိုးပါး
********************
၁။ အရဟံ = ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။
၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသိမြင်တော်မူသောဂုဏ်။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့်
ပြည့်စုံတော်မူသောဂုဏ်။
၄။ သုဂတော = ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။
၅။ လောကဝီဒူ = လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။
၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တဝါတို့ကို
ယဉ်ကျေးအောင်ဆုံးမသောဂုဏ်။
ရ။ သတ္ထာဒေဝမနုဿာနံ = နတ်လူတို့၏ ဆရာဖြစ်တော်​မူသောဂုဏ်။
၈။ ဗုဒ္ဓေါ = သစ္စာလေးပါးကို သိတော်မူသောဂုဏ်။
၉။ ဘဂဝါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။
.
တရားဂုဏ်တော် ခြောက်ပါး
************************
၁။ သွာက္ခာတော = တရားတော်၏ အစ,အလယ်,အဆုံးကောင်း
သောဂုဏ်။
၂။ သန္ဒိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို
အောင်တတ်သောဂုဏ်။
၃။ အကာလိကော = အခါမလင့် ကောင်းကျိုးချမ်းသာပေးတတ်သောဂုဏ်။
၄။ ဧဟိပဿိကော = လာလှည့်ရှုလှည့်ဟူ၍ အစီရင်ကိုခံထိုက်သောဂုဏ်။
၅။ သြပနေယျိကော = စိတ်နှင့်မခွာဘဲဆောင်ခြင်းငှာထိုက်သောဂုဏ်။
၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ = ပညာရှိတို့စိတ်၌ သိအပ်ခံစားအပ်သောဂုဏ်။
.
သံဃာ့ဂုဏ်တော် ကိုးပါး
*********************
၁။ သုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ကောင်းစွာကျင့်တော်မူသောဂုဏ်။
၂။ ဥဇုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ဖြောင့်မတ်စွာကျင့်သောဂုဏ်။
၃။ ဉာယပ္ပဋိပန္နော = နိဗ္ဗာန်၏ အကျိုးငှာ ကျင့်တော်မူသောဂုဏ်။
၄။ သာမိစိပ္ပဋိပန္နော = အရိုအသေပြုထိုက်အောင် သိက္ခာတို့ကိုရိုသေထိုက်သောဂုဏ်။
၅။ အာဟုနေယျော = အဝေးမှဆောင်၍ သီလဝန ္တတို့အား လှူအပ်သော ပစ္စည်းကို
ခံယူတော်မူထိုက်သောဂုဏ်။
၆။ ပါဟုနေယျော = ချစ်ခင်နှစ်လိုအပ်သောဧည့်သည်တို့အဖို့ စီရင်ထားသော
မြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။
ရ။ ဒက္ခိနေယျော = တမလွန်လောကကို ယုံကြည်၍ပေးအပ်သော မြတ်သော
အလှူကိုခံတော်မူထိုက်သောဂုဏ်။
၈။ အဥ္ဇလီကရဏီယျော = ကောင်းမူကိုအလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ
ထိုက်တော်မူသောဂုဏ်။
၉။ အနုတ္တရံပုညခေတ္တံ = ကောင်းမှုတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ
လယ်မြေကောင်းသဖွယ်ဖြစ်သောဂုဏ်။
.
အနှစ်သုံးပါး
***********
၁။ ဒါန   ၂။ သီလ   ၃။ ဘာဝနာ
.
ပစ္စည်းလေးပါး
**************
၁။ ဆွမ်း     ၂။ ဆေး      ၃။ သင်္ကန်း      ၄။ ကျောင်း
.
 ဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး
****************************
၁။ ပကတိမျက်စိကြည်လင်ခြင်း
၂။ ဉာဏ် (မျက်စိ)ကြည်လင်ခြင်း
.
ဆွမ်းအကျိုး ငါးပါး
*****************
၁။ အာယု = အသက်ရှည်ခြင်း
၂။ ဝဏ္ဏ = အဆင်းလှခြင်း
၃။ သုခ = ချမ်းသာကြီးခြင်း
၄။ ဗလ = ခွန်အားကြီးခြင်း
၅။ ပရိဘာန = ဉာဏ်ပညာကြီးခြင်း
.
ပန်းလှူရသည့် အကျိုးသုံးပါး
**************************
၁။ ရုပ်ရည်လှပသည်။
၂။ ခန္ဒာကိုယ်သန့်ရှင်းစင်ကြယ်စေသည်။
၃။ ခံတွင်းအနံ မွှေးကြည်စေသည်။
.
သီလရှိသူ ရနိုင်သောအကျိုး ငါးပါး
******************************
၁။ စည်းစိမ်ဥ​စ္စာရရှိနိုင်သည်။
၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။
၃။ တင့်တင့်တယ်တယ်နေနိုင်သည်။
၄။ မတွေမဝေဘဲသေရမည်။
၅။ သေပြီးနောက် ကောင်းသောဘဝရောက်နိုင်သည်။
.
တရားနာခြင်း၏ အကျိုး ငါးပါး
***************************
၁။ မကြားဖူးသော ထုံနည်းပုံစံ တရားကောင်းတို့ကို ကြားရခြင်း။
၂။ ကြားဖူးသော တရားကောင်းကို အဖန်တလဲလဲ မှတ်မိအောင်နာကြားရခြင်း။
၃။ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း။
၄။ အယူဝါဒကို ဖြောင့်မတ်စွာ ယူနိုင်ခြင်း။
၅။ သဒ္ဓါယုံကြည်သောစိတ်တိုးပွားစေခြင်း။
.
မေတ္တာအကျိုး ၁၁ ပါး
*******************
၁။ ချမ်းသာစွာအိပ်ရသည်။
၂။ ချမ်းသာစွာနိုးရသည်။
၃။ မကောင်းသောအိမ်မက်မမြင်
၄။ လူနတ်ချစ်သနားသည်။
၅။ ဘေးလွတ်အောင်နတ်တို့စောင်မသည်။
၆။ မီးမလောင်နိုင်
၇။ ဓားလက်နက်မထိနိုင်
၈။ အဆိပ်နှင့်မသေနိုင်
၉။ မကောင်းသောစိတ်ပျောက်သည်။
၁၀။ မျက်နှာအဆင်းလှသည်။
၁၁။ မတွေဝေဘဲသေ၍ ဗြမ္မာပြည်သို့ရောက်သည်။
.
သည်းခံခြင်းအကျိုး ငါးမျိုး
***********************
၁။ လူအများချစ်ခြင်း။
၂။ ရန်ငြိမ်းခြင်း။
၃။ အပြစ်နည်းခြင်း။
၄။ မတွေမဝေသေရခြင်း။
၅။ သုဂတိဘဝသို့လားရခြင်း။
.
အပါယ်လေးပါး
*************
၁။ ငရဲ        ၂။ တိရိစ္ဆာန်       ၃။ ပြိတ္တာ     ၄။ အသူရကာယ်
.
ကပ်သုံးပါး
**********
၁။ ဒုဗိ ္ဘက္ခန ္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ်
၂။ သတ္တန ္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးသောကပ်
၃။ ရောဂန ္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးသောကပ်
.
ရပ်ပြစ်ရှစ်ပါး
************
၁။ ငရဲ = ချမ်းသာမှုအလျဉ်းမရှိသောအရပ်
၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျေပေးသောသတ္တဝါ
၃။ ပြိတ္တာ = ကိုယ်လက်အင်္ဂါ မမျှတသောသတ္တဝါ
၄။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိ၍ အသက်နာမ်မရှိသော ဗြဟ္မာဘုံ
၅။ ပစ္စန ္တရော = ရတနာသုံးပါး မသိ၊ မရှိသော တောချုံ အုံခြားအရပ်
၆။ မိစ္ဆာဒိဌိ = မှားသောအယူရှိသော လူမျိုးစု
၇။ ၀ိကလိန္ဒြိယ = သစ္စာလေးပါးတရားကိုနာကြားရသော်
၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သော
ကာလနှင့်လွဲ၍ လူဖြစ်ရခြင်း။
.
ရန်သူမျိုး ငါးပါး
***************
၁။ ရေ       ၂။ မီး      ၃။ မင်းဆိုး      ၄။ သူခိုး      ၅။ မချစ်မနှစ်သက်သောသူ
.
၀ိပတ္တိတရား လေးပါး
*******************
၁။ သီလဝိပတ္တိ = သီလပျက်ခြင်း
၂။ ဒိဌိ၀ိပတ္တိ = အယူပျက်ခြင်း
၃။ အာစာရဝိပတ္တိ = အကျင့်ပျက်ခြင်း
၄။ အာဇီဝ၀ိပတ္တိ = အသက်မွေးမှုပျက်ခြင်း
.
ဗျသနတရား ငါးပါး
******************
၁။ ဉာတိဗျသန = ဆွေမျိုးဉာတိတို့ သေကျေပျက်စီးခြင်း
၂။ ဘောဂဗျသန = ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာလျောကျပျက်စီးခြင်း
၃။ ရောဂဗျသန = အနာရောဂါ နှိပ်စက်ပျက်စီးခြင်း
၄။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း
၅။ ဒိဌိဗျသန = အယူဝါဒ လွဲမှားပျက်စီးခြင်း
.
ကိလေသာ သုံးပါး
****************
၁။ လေဘ       ၂။ ဒေါသ       ၃။ မောဟ
.
ကာလ သုံးပါး
*************
၁။ အတိတ် = လွန်လေပြီးသောကာလ
၂။ ပစ္စုပ္ပါန် = လက်ရှိကာလ
၃။ အနာဂတ် = နောင်ကာလ
.
အဂတိတရား လေးပါး
********************
၁။ ဆန္ဒ        ၂။ ဒေါသ       ၃။ ဘယာ       ၄။ မောဟ
.
မျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား
သုံးပါး
*****************************************
၁။ ဣတ္ထိဓုတ္တ = မိန်းမလိုက်စားခြင်း
၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း
၃။ အက္ခဓုတ္တ = လောင်းကစားခြင်း
.
သရဏဂုံပျက်ရသောအကြောင်း နှစ်ပါး
**********************************
၁။ မိစ္ဆာဒိဌိအယူကိုပြောင်းယူခြင်း          ၂။ သေဆုံးခြင်း
.
ကံသုံးပါး
*********
၁။ ကာယကံ = ကိုယ်ဖြင့်ပြုခြင်း
၂။ ဝစီကံ = နှုတ်ဖြင့်ပြုခြင်း
၃။ မနောကံ = စိတ်ဖြင့်ပြုခြင်း
.
အာရုံ ခြောက်ပါး ကာမဂုဏ်တရားများ
*********************************
၁။ ရူပါရုံ = အဆင်းအာရုံ
၂။ သဒ္ဒါရုံ = အသံအာရုံ
၃။ ဂန္ဓာရုံ = အနံအာရုံ
၄။ ရသာရုံ = အရသာအာရုံ
၅။ ဖောဌဗ္ဗရုံ = အတွေ့အာရုံ
၆။ ဓမ္မာရုံ = တရားသဘောအာရုံ
.
ပိဋကတ် သုံးပုံ
***************
၁။ သုတ္တန်        ၂။ ၀ိနည်း       ၃။ အဘိဓမ္မာ
.
စေတနာ သုံးတန်
***************
၁။ ပုဗ္ဗ = ကြိုတင်စေတနာ
၂။ မုဥ္စ = ပြုဆဲစေတနာ
၃။ ပရ = ပြုပြီးစေတနာ
.
လောကပါလ တရားနှစ်ပါး ( လောကကို စောင့်ရှောက်သော တရား။ )
*************************************
ဟိရီ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ရှက်ခြင်း၊
ဩတ္တပ္ပ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ကြောက်ခြင်း၊
လောက သုံးပါး
***************
၁။ သတ္တလောက = လူသတ္တဝါများ၏ လောက
၂။ သင်္ခါရလောက = ဖြစ်ပျက်ပြုပြင်လောက
၃။ သြကာသလောက = ရှိရှိသမျှလူသတ္တဝါအားလုံးရှိသောလောက
.
ဗြဟ္မစိုရ်တရား လေးပါး
*********************
၁။ မေတ္တာတရား       ၂။ ကရုဏာတရား       ၃။ မုဒိတာတရား      ၄။
ဥပက္ခာတရား
.
သမ္ပတ္တိတရား လေးပါး
*******************
၁။ ကာလသမ္ပတ္တိ = ခေတ်အခါကောင်းနှင့် ကြုံတွေ့ရခြင်း။
၂။ ဂတိသမ္ပတ = လူ့ဘဝနတ်ဘဝကဲ့သို့ ကောင်းသောဂတိနှင့် ကြုံတွေ့ရခြင်း။
၃။ ဥပဓိသမ္ပတ = ခြေလက်အင်္ဂါညီညာပြည့်စုံခြင်း၊ ရုပ်ရည်ရူပကာတင့်တယ်ခြင်း။
၄။ ပယောဂသမ္ပတ = ကာယကံ၊ ဝစီကံ၊ မနောကံ ကံသုံးပါးဖြူစင်ကောင်းမွန်ခြင်း။
.
သမ္ပဒါတရား လေးပါး (မျက်မှောက်ကြီးပွားကြောင်းတရား လေးပါး)
****************************************
၁။ ဥဌာနသမ္ပဒါ = ထကြွလုံ့လဝီရိယနှင့် ပြည့်စုံမှု
၂။ အာရက္ခသမ္ပဒါ = စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု
၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု
၄။ သမဇီဝိတသမ္ပဒါ = မျှတစွာအသက်မွေးမှု
.
ခန္ဓာ ငါးပါး
**********
၁။ ရူပက္ခန္ဓာ
၂။ ဝေဒနာက္ခန္ဓာ
၃။ သင်္ခါရက္ခန္ဓာ
၄။ သညာက္ခန္ဓာ
၅။ ဝိညာဏက္ခန္ဓာ
သိက္ခာ သုံးပါး
*************
၁။သီလ
၂။သမာဓိ
၃။ပညာ
.
သစ္စာ လေးပါး
**************
၁။ ဒုက္ခသစ္စာ
၂။ သမုဒယသစ္စာ
၃။ နိရောဓသစ္စာ
၄။ မဂ္ဂသစ္စာ
.
စေတီ လေးမျိုး
**************
၁။ ဓမ္မစေတီ
၂။ ဓါတုစေတီ
၃။ ဥဒ္ဓိဿစေတီ
၄။ ပရိဘောဂစေတီ
.
ဥပါယ်တံမျဉ် လေးမျိုး
********************
၁။ ဘေဒဥပါယ် = သဘောထားအယူအဆကွဲလွဲအောင် သွေးတိုးသပ်လျှိုသည့်နည်းလမ်း။
၂။ ဒဏ္ခုဥပါယ် = ထောင်ချခြင်း၊ အချုပ်ချခြင်းစသော ဒဏ်ခတ်သည့်နည်းလမ်း။
၃။ သာမဥပါယ် = ရင်းနှီးအောင်ပေါင်းသင်းဆက်ဆံခြင်း၊ ကိုယ်ဘက်ပါအောင် ဖျောင်းဖျ
ပြောဆိုစည်းရုံးခြင်းနည်းလမ်း။
၄။ ဒါနဥပါယ် = ပေးကမ်းခြင်းနည်းလမ်း။
ငရဲ
****
ဆင်​းရဲခြင်​းအပြည့်၊​ချမ်​းသာမှု မြူမှုန်​မျှမရှိ၊အကြားအလပ်​မရှိ
ဒုက္ခဆင်​းရဲ အဖန်​တလဲလဲဖြစ်​​နေ​သောဆင်​းရဲခြင်​း။
ကမ္မသကတဉာဏ်​
***************
ကံ,ကံ၏အကျိုး​ပေးကို ယုံကြည်​သက်​ဝင်​​သောဉာဏ်​။
( ​ကောင်​းတာလုပ်​ရင်​ ​ကောင်​းကျိုးရမည်​။မ​ကောင်​းတာလုပ်​ရင်​
မ​ကောင်​းကျိုးရမည်​လို့ ယုံကြည်​​သောဉာဏ်​။)
ဗုဒ္ဓသာသနံ စိရံတိဋတု
******************
မြတ်​စွာဘုရားရှင်​၏ သာသနာ ​ရောင်​ဝါ​နေသို့လင်​း​စေ​သောဝ်​။
အဓွန်​့ရှည်​ကြာတည်​တံ့ခိုင်​မြဲပါ​စေ​သောဝ်​။


🙏 သင်ကြားလေ့လာဗုဒ္ဓဘာသာ..🙏

No comments