New Artical

"တန်ဖိုးသိမှ တန်ဖိုးရှိတာပါ"

May be an image of 1 person

"တန်ဖိုးသိမှ တန်ဖိုးရှိတာပါ"

သမီးအတွက်အဖေတစ်ယောက်ရဲ့ဥပမာကောင်းလေးတစ်ခုလို့ပဲ ဆိုကြပါစို့_

အဖေဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စလိုက်ကြရအောင်ဗျာ

အဖေသမီးကိုတစ်ခုပြမယ် အရေးကြီးတယ်နော်လို့ပြောပြီးတော့ အဖေဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိုက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။

ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။

သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော အဖေဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။

သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။

သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။

ပြီးတော့ အဖေဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။

ထိုအခါ သမီးဖြစ်သူက ၁၀ခေါက်လုပ်ပြီးတော့ အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။

အဲ့ဒီအကြွေစေ့လေးကိုပဲ အဖေဖြစ်သူကလက်ထဲမှာနောက်တစ်ခါပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောပြန်တယ်။ သမီးဖြစ်သူက မကြည့်ချင်ပါဘူး သမီးတွေ့ပြီးပြီပဲလို့ပြန်ပြောလိုက်တယ်။

ထိုအခါ အဖေဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ် အဖေပြပါ့မယ်လို့ဆိုသတဲ့။ ၁ခေါက်လဲမလုပ်နိုင်ဘူး တွေ့ပြီးမြင်ပြီးသားပဲလို့ သမီးကပြန်ပြောသတဲ့။

ဒါဆို အလကားပဲပြမယ်သမီးရယ် ကြည့်မလားလို့အဖေဖြစ်သူကပြန်မေးတယ်။

အလကားလဲ မတွေ့ချင်ပါဘူး တွေ့ပြီးမြင်ပြီးမှတော့ ဘာတန်ဖိုးရှိတော့တာမှတ်လို့ဆိုပြီး သမီးဖြစ်သူကပြန်ပြောတယ်။

အဲ့ဒီတော့မှအဖေဖြစ်သူက ဒီဥပမာလေးလိုပါပဲသမီးရယ် မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား

"ဒီလိုပဲသမီးရေ ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး"

သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။ 

 တန်ဖိုးသိမှ တန်ဖိုးရှိတယ် တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်

တန်ဖိုးရှိတဲ့ အရာတွေဟာ တန်​ဖိုးမမဲ့သလို၊

တန်ဖိုးမဲ့တဲ့ အရာတွေဟာ တန်​ဖိုးမရှိပါဘူး။

No comments