New Artical

အသောက ​ကျောက်တိုင်၏ ရည်ရွယ်ချက်နှင့် အနှစ်သာရ

 


အသောက ​ကျောက်တိုင်၏ ရည်ရွယ်ချက်နှင့် အနှစ်သာရ

 သီရိဓမ္မာမင်းကြီးသည်
(၁)ငါသည် တိုင်းပြည်နှင့် သာသနာ အတွက်   နွားကဲ့သို့  သည်းခံ၍ ရုန်းတော့မည်    ဆိုသည့်  ရည်ရွယ် ချက်ဖြင့် ကောလိယတိုင်း ရွာမရွာ အနီးစိုက်ထူထားသည့် ​ကျောက်တိုင်ထိပ်တွင် နွားလား ဥသဘရုပ်ကို တင်ခဲ့သည်။

(၂)ငါသည် သာသနာတော်နှင့် လူသားတို့အတွက်  မြင်းကဲ့သို့ လျှင်မြန် သွက်လက်စွာ  ဆောင်ရွက် မည်ဆိုသည့်  .. အဓိဋ္ဌာန်ဖြင့်   မြတ်စွာဘုရားရှင်  ဖွားမြင်တော်မူရာ လုမ္ဗိနီတွင်  စိုက်ထူထားသော ကျောက်တိုင်ထိပ်​ တွင် သိန္ဓောမြင်းရုပ်ကို တင်ခဲ့သည်။

(၃)ငါသည် တိုင်းပြည်နှင့် သာသနာတော်အတွက်  ဆင်ကဲ့သို့   ခွန်အား အပြည့်ဖြင့်  ဆောင်ရွက် တော့မည် ဆိုသည့်... ရည်ရွယ်ချက်ဖြင့် မြတ်စွာဘုရားရှင်  တာဝတိံသာ မှ  ဆင်းသက်တော်မူရာ သင်္ကဿမြို့ တံခါးဝတွင်စိုက်ထူသည့် ကျောက်တိုင် ထိပ်တွင်  ဆင်ရုပ်ကိုတင်ခဲ့သည်။

(၄)ငါသည် တိုင်းကျိုး  ပြည်ကျိုး သာသနာအကျိုး သယ်ပိုးရာ၌ လည်းကောင်း .. တိုင်းပြည် အန္တရာယ် သာသနာ့ အန္တရာယ်  အသွယ်သွယ်ကို ကာကွယ် စောင့်ရှောက်ရာတွင် လည်းကောင်း .. ခြင်္သေ့ကဲ့သို့    သတ္တိရှိရှိ ပြုလုပ်ဆောင်ရွက်မည်  ဆိုသည့်  သူရစိတ်  ဝီရိယစိတ် တို့ကို ဖော်ညွှန်းသည့် အနေဖြင့် ..ဗာရာဏသီ မိဂဒါဝုန်တွင် စိုက်ထူခဲ့သည့် ​ကျောက်တိုင် ထိပ်တွင် ကေသရသီဟရာဇာ  ခြင်္သေ့ရုပ်ကို တင်ထားခဲ့သည်။

ဤသည်ကား အသောက ကျောက်တိုင်၏ ရည်ရွယ်ချက်နှင့် အနှစ်သာရ များဖြစ်တော့သည်။

ဗုဒ္ဓဘာသာဝင်တို့သည် သီရိဓမ္မာမင်းကဲ့သို့ သာသနာတော်နှင့် တိုင်းပြည်အပေါ်မှာ .. ရည်ရွယ်သည့် အတိုင်း စွမ်းဆောင်နှိုင်သော ပုဂ္ဂိုလ်များ  ယခုအခါ များစွာရှိခဲ့ပါမူ .. တိုင်းပြည်နှင့် သာသနာ အလွန်တရာ အေးချမ်းသာယာ၍ စည်ပင်ဝပြောကာ ထွန်းလင်း တောက်ပ နေမည်မှာ မြေကြီး လက်ခတ် မလွဲရာတည်း။

ဗုဒ္ဓဘာသာဝင်တိုင်း ဒီအသိမျိုး ရှိကြပါစို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

No comments