မျောက် ၅ ကောင် ( ပုံပြင်)
တစ်ခါတုန်းက …သိပ္ပံပညာရှင် တစ်စုဟာ မျောက် ၅ကောင်ကို လှောင်အိမ်ထဲ ထည့်ပြီး စမ်းသပ်မှုတစ်ခုကိုပြုလုပ်ကြပါတယ်။ လှောင်အိမ်ရဲ့ အလယ်မှာတော့ လှေခါးတစ်ခုကို ထောင်ထားပြီး လှေခါးထိပ်မှာ ငှက်ပျောသီး တစ်ဖီးကိုတင်ထားပါတယ်။
မျောက်တစ်ကောင်ကောင်ဟာ လှေခါးထိပ်က ငှက်ပျောသီးကို တက်ယူတဲ့အခါတိုင်း မျောက် လှောင်အိမ်ကို အပေါ်ကနေ ရေခဲရေနဲ့ လောင်း ချပါတယ်..။ မျောက်တစ်ကောင်ကောင်က ငှက်ပျောသီး ယူဖို့ကြိုးစားတိုင်း မျောက်အားလုံး ရေခဲရေ အလောင်းခံရတာပေါ့။
ခဏကြာမှာတော့ မျောက်တွေဟာ ငှက်ပျောသီး တက်ယူရင် ရေခဲရေလောင်းချခံရတာကို သတိထားမိ လာကြပါတယ်။ ငှက်ပျောသီးကိုယူဖို့လည်း လက်လျော့လိုက်ကြတယ်..။ သူတို့ထဲက တစ်ကောင်ကောင်က လှေခါးပေါ်တက်တိုင်း ကျန်မျောက်တွေက ဆွဲချ.. ထုကြထောင်းကြ သတဲ့။
သိပ္ပံပညာရှင်တွေဟာ လှောင်အိမ်ထဲက မျောက်တစ်ကောင်ကိုထုတ်ပြီး မျောက်အသစ် တစ်ကောင်ကို အစားထိုးထည့် လိုက်ပါတယ်..။ မျောက်အသစ်က ရေခဲရေအကြောင်းကို မသိတော့ ငှက်ပျောသီးမြင်တာနဲ့ တက်ယူဖို့ ကြိုးစားတာပေါ့။ သူလှေခါးပေါ်တက်တိုင်း ကျန်တဲ့မျောက်တွေက ဆွဲချ ရိုက်နှက်ကြပါတော့တယ်..။
ဒီတော့ နောက် ရောက်လာတဲ့မျောက်ကလည်း ငှက်ပျောသီး ယူရင် အထောင်းခံရတယ် ဆိုတာသိပြီး လက်လျော့လိုက်တယ်။ နောက်တစ်ခါ မျောက် အဟောင်းထဲက တစ်ကောင်ကို အခြားမျောက်သစ် တစ်ကောင်နဲ့ လဲလိုက်ပြန်တယ်..။ အလားတူပဲ ဒီမျောက် သစ်လည်း ငှက်ပျေားသီးတက်ယူတာနဲ့ အထောင်းခံရတာပါ။ စိတ်ဝင်စားစရာကောင်းတာက ပထမဆုံးအလဲ ခံရတဲ့ မျောက်ကလည်း ဒုတိယမျောက် သစ်ကို ဝင်ဆော်ပါသတဲ့..။
ဘာလို့လည်းဆိုတော့ သူ့တုန်းကလည်းဒီလိုပဲ အထောင်းခံရလို့ သူက လည်းပြန်ထောင်းတာပါ။ ဒီလိုနဲ့မျောက်တွေကို တစ်ကောင်ချင်း အစားထိုးလိုက်တာ.. နောက်ဆုံးမှာ မျောက်အသစ်တွေ ချည်းပဲ ကျန်ပါတော့တယ်။ သူတို့ဟာ ရေခဲရေ အကြောင်းကို မသိပါဘူး။ ဒါပေမယ့်...."ငှက်ပျောသီးကိုမယူရ၊ ယူတဲ့ မျောက်ကို ထုထောင်းရမယ်" ဆိုတဲ့ အယူကို တော့ ဆက်လက်ကျင့်သုံး နေမြဲပါပဲတဲ့။
ကျွန်ုပ်တို့ဟာ နေ့စဉ်နေ့တိုင်း ဆုံးဖြတ်ချက်တွေ ချနေကြရပါတယ်။ နေ့စဉ်ဘဝမှာ ဆုံးဖြတ်ချက် တွေချတဲ့အခါ
ကိုယ့် အတွေ့အကြုံတွေ သူတစ်ပါး အတွေ့အကြုံတွေ ဓလေ့ ထုံးတမ်း လုပ်ရိုးလုပ်စဉ် တွေရဲ့ လောင်းရိပ် မိနေတတ်ကြပါတယ်။
ဒါကြောင့်.. ကျွန်ုပ်တို့ ကိုယ့်ကိုယ် ကို မေးခွန်း နှစ်ခုလောက် မေးကြည့်ဖို့ လိုပါလိမ့်မယ်။
၁။ သင်ခံယူထားတဲ့ အတွေးအခေါ် အယူအဆ တွေဟာ ကိုယ်တိုင် စိစစ်ပြီး အမှန်တရားကို မြင်လို့ ကျင့်သုံးနေတာလား ???
၂။သင်လုပ်ဆောင်နေတဲ့ အပြုမူတွေဟာလည်း လုပ်ရိုး လုပ်စဉ်မို့၊ သူများလုပ်တာတွေ့လို့ လိုက်လုပ်နေတာလား ၊ ကိုယ်တိုင် စီစစ်ပြီး လုပ်သင့်လို့ လုပ်နေတာလား? ဆိုတာ ကိုယ့်ကိုယ် ကို မေးကြည့်ပါ။
ဒီမေးခွန်းတွေ အတွက် အဖြေ မရှိရင်တော့.. ကျုပ်တို့ဟာ ပုံပြင်ထဲက မျောက်တွေလိုပါပဲ။ အထူးအဖြင့်.. ကျန်ုပ်တို့ နိုင်ငံက လူငယ်တွေရဲ့ စိတ်ဓာတ်တွေကို ပုံသွင်းခံ၊ မှိုင်းတိုက်ခံထား ရပါတယ်။
ပုံပြင်ထဲက မျောက်တွေကို လုပ်ထားသလိုမျိုးပါပဲ.. ဘာလို့လဲဆိုတော့ “ တို့လူလေးများ ဆိုသလေ.” လို့ဆိုလိုက်ရင် “ ဝေ.. လေ…လေး…” ဆိုတာတွေ များပါတယ်။ ဝေလေလေတွေ များတယ်။ ကိုယ်ပိုင် အတွေးအခေါ် မရှိဘူး။ ဘယ်သူမှ ရှေ့မထွက်ချင်ဘူး။ မထွက်ရဲဘူး။ သူများထွက်ရင်လည်း နောက်က နေဆဲတယ်..။
ခုခေတ်က အင်တာနက်ခေတ်ဆိုတော့ online ပေါ်ကနေ လက်သီးလက်မောင်းတွေ တမ်းကြ၊ ပစ်ပစ်နှစ်နှစ်တွေ ဆဲလိုက်ကြ။
ဒါတွေ အသာထားလို့ ပတ်ဝန်းကျင်ရဲ့ မှိုင်းတိုက် မခံရအောင် ပုံသွင်း မခံရအောင်.. ကိုယ့်ရဲ့ အတွေး အခေါ်နဲ့ လုပ်ရပ်တွေကို စိစစ် ကြဖို့ အမှန်တရားကို ရှာဖွေကြဖို့ စေတနာစကား ပါးလိုက်ရပါတယ် ။
No comments