New Artical

သက်သတ်လွတ်စားတဲ့အခါ ချို့တဲ့နိုင်တဲ့ ဗီတာမင်များ

 


ဘာသာရေးကြောင့်ဖြစ်ဖြစ်၊ မိမိရဲ့စိတ်ဆန္ဒအရဖြစ်ဖြစ် သက်သတ်လွတ်စားသူတွေ ရှိကြပါတယ်။ သက်သတ်လွတ်စားခြင်းဟာ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့အာဟာရဓာတ်တွေ ပြည့်ဝဖို့တော့ လိုတာပေါ့။ သက်သတ်လွတ် အစားအစာတွေမှာ သံဓာတ်၊ ကယ်လ်စီယမ်၊ ဗီတာမင်ဘီတွဲတွေ ချို့တဲ့နေတတ်ပါတယ်။ ဒါကြောင့် ကျန်းကျန်းမာမာနဲ့ သက်သတ်လွတ်စားနိုင်ဖို့ ဒီဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အစားအသောက်တွေကို အဓိကထား စားသောက်ဖို့ လိုပါတယ်။ ဒါတွေကို ရနိုင်မယ့်အစားအစာတွေကို ပြောပြပေးပါမယ်နော်။

● သံဓာတ်
သွေးနီဥနဲ့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့သံဓာတ်ကို အသားငါးအပြင် အစိမ်းရင့်ရောင်အသီးအရွက် (ဟင်းနုနွယ်)၊ ပဲအမျိုးမျိုး၊ သံဓာတ်ဖြည့်စွက်ထားတဲ့ အစားအသောက်တွေနဲ့ သစ်သီးခြောက်တွေက ရနိုင်ပါတယ်။

● ဗီတာမင်ဘီတွဲ
ပဲပိစပ်ချဉ်၊ နို့နဲ့နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုး၊ ဖြည့်စွက်ထားတဲ့အစားအစာများ

● ကယ်လ်စီယမ်
နို့နဲ့နို့ထွက်ပစ္စည်းများ၊ အစိမ်းရင့်ရောင်အသီးအရွက်များ၊ ကယ်လ်စီယမ်ဖြည့်စွက်ထားတဲ့ ပဲနို့လိုအစားအသောက်တွေ၊ ရေ၊ အအေး၊ ဆီရီယယ်မနက်စာ၊ ပေါင်မုန့်၊ ဘီစကစ်၊ ကယ်လ်စီယမ်ဆားထည့်ထားတဲ့ပေါင်မုန့်

● ဇင့်
အနှံပြည့်အစေ့အဆံများ၊ ပဲအမျိုးမျိုး

လုံးဝသက်သတ်လွတ် အသီးအရွက်ပဲ စားသူတွေအဖို့ ဗီတာမင်ဘီတွဲ ပြည့်ဝအောင် စားပေးဖို့လိုပါတယ်။ ဘယ်လို သက်သတ်လွတ်စားတာလဲပေါ် မူတည်ပြီးတော့ သံဓာတ်နဲ့ ကယ်လ်စီယမ်လိုမျိုး တခြားဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း လိုနိုင်ပါတယ်။ လိုအပ်ရင် ဖြည့်စွက်အားဆေး သောက်ပေးနိုင်ပါတယ်။ ကာလရှည် သက်သတ်လွတ်စားပါက ဆရာဝန်နဲ့ တိုင်ပင်ပါ။

Dr. Mya Phoo Ngon

No comments