မပေါ့ဆသင့်တဲ့ သွေးပေါင်ကျခြင်း
လူတွေက သွေးတိုးရောဂါကိုပဲ ကြောက်ကြပြီး သွေးပေါင်ကျတာကိုတော့ သိပ်ပြီးစိတ်ပူလေ့မရှိကြပါဘူး။
ပုံမှန်သွေးပေါင်ချိန်ဟာ
၁၂၀/၈၀ ပတ်ဝန်းကျင်ရှိရမှာဖြစ်ပြီး ၉၀/၆၀ အောက်ဆိုရင်တော့
သွေးပေါင်ကျတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ သွေးပေါင် အရမ်းကျတဲ့အခါ
ကိုယ်တွင်းအင်္ဂါတွေဆီ အောက်ဆီဂျင် အလုံအလောက် မရောက်ဘဲ ဖြစ်တတ်ပါတယ်။
>> သွေးပေါင်ကျတဲ့ လက္ခဏာတွေကတော့ -
● ခေါင်းမူးတာ
● စိတ်အာရုံ မစူးစိုက်နိုင်တာ
● မူးဝေ ပျို့အန်တာ
● အသားတွေ အေးစက်ဖြူဖျော့လာတာ
● အသက်ရှူမြန်တာ
● ပင်ပန်းနွမ်းနယ်တာ
● စိတ်ဓာတ်ကျတာ
● ရေငတ်တာ
● သတိလစ်တာ စတာတို့ ဖြစ်ပါတယ်။
>> ဘာကြောင့် သွေးပေါင်ကျတာလဲ?
နောက်ခံအကြောင်းရင်းမရှိဘဲ သွေးပေါင်ကျတတ်သလို အချို့သောအကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင်ပါတယ်။
● ဆေးတွေ
သွေးတိုးလို့
သောက်ရတဲ့ သွေးပေါင်ကျဆေးတွေ၊ နှလုံးရောဂါဆေး၊ စိတ်ကျန်းမာရေးဆေး၊
အမျိုးသားရောဂါအတွက် သောက်ရတဲ့ဆေးတွေ ဖြစ်ပါတယ်။ တခြားအပြင်ဆေးဆိုင်မှာ
လွယ်လွယ်ကူကူ ဝယ်သောက်လို့ရတဲ့ ဆေးတချို့ဟာလည်း သွေးတိုးကျဆေးနဲ့
တွဲသောက်ရင် သွေးပေါင်ကျတတ်ပါတယ်။
● ရုတ်တရက် မတ်တတ်ရပ်လိုက်တဲ့အခါမျိုး
ထိုင်ရာကနေ
ဒါမှမဟုတ် အိပ်နေရာကနေ ရုတ်တရက် ထလိုက်ရင် သွေးပေါင်ကျသွားတတ်ပါတယ်။ ဒီအခါ
မူးတာ၊ အမြင်အာရုံ ဝေဝါးတာ၊ မူးလဲတာမျိုး ဖြစ်တတ်ပါတယ်။
● နှလုံးနဲ့ ပတ်သက်တဲ့ပြဿနာ
နှလုံးခုန်သံနှေးတာ၊ နှလုံး ရုတ်တရက် ထဖောက်တာ၊ နှလုံးက ကောင်းကောင်း အလုပ်မလုပ်တော့တာတွေကြောင့် ဖြစ်ပါတယ်။
● ရေဓာတ်ခန်းခြောက်တာ၊ သွေးလန့်တာ၊ ဆီးချိုရောဂါ ဆိုးလာတာ၊ လည်ပင်းကြီးရောဂါတွေမှာလည်း ဖြစ်တတ်ပါတယ်။
● သွေးပေါင်ကျခြင်းဟာ မျိုးရိုးလည်း လိုက်တတ်ပါတယ်။
>> ပုံမှန်ကို သွေးပေါင်အမြဲ ကျနေတတ်တဲ့လူလည်း ရှိပါတယ်။
● ကိုယ်ဝန်ဆောင်တွေ
● ရောဂါပိုး ဆိုးဆိုးရွားရွားဝင်တဲ့အခါ
● ဓာတ်မတည့်တာ ဖြစ်တဲ့အခါ
● သွေးအားနည်းရောဂါ ဆိုးရွားရင်
● ဟော်မုန်းရောဂါတွေ
● သွေးထွက်များရင် (အူလမ်းကြောင်းက သွေးထွက်တာဖြစ်ဖြစ်၊ ဒဏ်ရာရလို့ သွေးထွက်ရင်ဖြစ်ဖြစ် သွေးပေါင်ကျတတ်ပါတယ်)
>> ဘယ်လိုကုသကြမလဲ?
သွေးပေါင်ကျပြီး
တခြားလက္ခဏာမပြတဲ့ နဂိုကျန်းမာရေး ကောင်းတဲ့လူဆိုရင် အထူးတလည် ကုသစရာ
မလိုပါဘူး။ အမြဲတမ်း သွေးပေါင်ကျနေတတ်ပြီး လက္ခဏာပြနေရင်တော့ ဆေးသောက်တာ၊
နေထိုင်စားသောက်မှုပုံစံ ပြောင်းတာတွေနဲ့ ကုသလို့ ရပါတယ်။
>> ဒီနည်းလမ်းတွေကလည်း အကူအညီ ဖြစ်ပါတယ်။
● ရေများများသောက်ပါ၊
အရက်မသောက်ပါနဲ့၊ အရက်က ရေဓာတ်ခန်းခြောက်စေပြီး ဆေးတွေရဲ့ အာနိသင်ကိုလည်း ပြောင်းလဲစေပါတယ်။
ထိုင်ရာက ထတာ၊ လှဲရာက ထတဲ့အခါ ဖြည်းဖြည်းချင်း လှုပ်ရှားပါ။
No comments