New Artical

မြင့်မိုရ်တောင်တကယ်ရှိ မရှိ


ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေကို ဘာသာခြားတွေ လာလာမေးတိုင်းအခက်တွေ့စေတဲ့မေး ခွန်းပေါ့... ဗဟုသုတတွေရအောင် သေချာလေးဖတ်ကြည့်ကြပါနော် . . .

https://upload.wikimedia.org/wikipedia/commons/thumb/1/1c/Mount_Meru.jpg/259px-Mount_Meru.jpg

ဗြဟ္မဏ ဝါဒ ဖြစ်တဲ့ ဟိန္ဒူ နဲ့ ဂျိန်းဘာသာ မဟာဘာရတ္တ ကျမ်းမှာတော့

မေယု ဆိုတဲ့ မြင်းမိုရ် တောင်ကို သက္ကတ ဘာသာနဲ့ သုမေရု၊ မဟာမေရု ခေါ်ပြီး မြင်းမိုရ်တောင်မှာ နတ်ပြည် အထပ်ထပ် ရှိနေပြီး ဂန္ဓမာ ဒန (Gandhamadana) နဲ့တစ်ကွ တောင်စဉ် ( ၇ ) သွယ် ကျွန်းကြီး လေးကျွန်း နဲ့ ဂင်္ဂါ (Ganga) မြစ် တို့ရှိကြောင်း ဖေါ်ပြထားတာကို တွေ့နိုင်ပါတယ် ... မြင်းမိုရ် တောင်ကို ဗဟိုပြုပြီး နေလ နက္ခတ် တာရာများ သွားလာ လည်ပတ် လျှက် ရှိသည် တဲ့

https://upload.wikimedia.org/wikipedia/commons/thumb/7/76/Bhutanese_thanka_of_Mt._Meru_and_the_Buddhist_Universe.jpg/415px-Bhutanese_thanka_of_Mt._Meru_and_the_Buddhist_Universe.jpg
Bhutanese thanka of Mt. Meru and the Buddhist Universe


ဘူတန် လူမျိုးတွေရဲ့ မြင်းမိုရ် တောင်လည်း ဒီသဘော အတိုင်းပင်ပါပဲ
ဂျပန် လူမျိုးတွေက တော့ (Shumisen) ဟု ခေါ်ဝေါ်ကြပါတယ် ကောင်းကင်၊ ငရဲ နှင့် လူ့ပြည်တို့ ကို ဆက်သွယ်ထားတယ် လို့ ယုံကြည်ခဲ့ကြပါတယ် ...။

အေဒီ ၅၀၀ ခုနှစ် (ဗုဒ္ဓပေါ်ပြီး- အနှစ် ၁၀၀၀ ခန့်)မှာ ပေါ်ထွန်းခဲ့တဲ့ နက္ခတ် ဗေဒင် ပညာ ၏ မီးရှုးတန်ဆောင် ဖြစ်ခဲ့တဲ့ ဆရာ ဝါဟရ မိဟိရ က သူ့ရဲ့ပဉ္စ သိဒ္ဓန္တ ကျမ်း အခန်း ၁၃ မှာ

မြင်းမိုရ် တောင် မေရု သည် ကမ္ဘာကြီး၏ လည်နေသော ၀င်ရိုးမျဉ်း ကြီး ဖြစ်ကြောင်း နှင့် သုမေရု နှင့် ကုမေရု ဆိုသည်မှာလည်း ကမ္ဘာ၏ တောင်မြောက် ၀င်ရိုးစွန်း ၂-ဘက်ကို ဆိုလိုခြင်း ဖြစ်ကြောင်း၊

မေရုသည် ကမ္ဘာကြီး၏ အလယ် တည့်တည့် နေရာ ဆုံချက် ဖြစ်ကြောင်း တို့ကို ရှင်းပြခဲ့ဖူးပါတယ်။

★ ★ အင်း .... ဒီအပေါ်က မှတ်ချက်တွေကိုကြည့်ခြင်းအားဖြင့် ... လေးကျွန်း တစ်မြင်းမိုရ် ဆိုတဲ့ စကားလေးတစ်လုံးကို ရှေး ဆရာကြီးတွေက ... ကိုယ့်အယူဝါဒ နဲ့ကိုယ် ချဲ့ကားပြီး .... မြင်းမိုရ်တောင်ဟာ ကမ္ဘာကြီးပေါ်မှာ ပဲရှိနေသယောင် ...
ဟိမ၀န္တာ နားမှာပဲရှိနေသယောင် ... သီတာ ( ၇ ) တန်မှာ ဂင်္ဂါမြစ်ပဲပါသယောင် .... ကိုယ်ထင်ရာ အမှန်လုပ် ... ရေးနေတာကိုတွေ့ရမှာပါ ... ဥပမာပေးရရင်

★ တစ်ခါက .... မျက် မမြင် တစ်ယောက်ဟာ... လူတစ်ယောက်ကို ..ဗျိုင်းဟာဘယ်လိုပုံစံ ရှိလဲ ဆိုတာ မေးတယ် တဲ့ ဒီအခါ .. ဒီလူက ဗျိုင်းဆိုတာ ဖြူသော အရောင် ရှိပါတယ်လို့ပြန်ဖြေတာပေါ့ ...

ဖြူတာကိုသူကမသိပြန်ဖူး ... ဒီတော့ ဖြူတယ်ဆိုတာ ဘာကိုပြောတာလဲတဲ့ ပြန်မေးတဲ့ အခါမှာ ...ဟိုလူကပြန်ဖြေတယ် ... ဖြူတယ်ဆိုတာ မင်းအခုသောက်နေတဲ့ နို့လိုပေါ့တဲ့ ...

ဒီအခါမှာ မျက်မမြင်ကကောက်ချက် ချလိုက်တာကတော့ .... ဗျိုင်းဆိုတာ ... ငါသောက်နေတဲ့ နွားနို့ ကဲ့သို့ ဆိမ့်သော အရသာ ရှိသည့် အရည်လို့ နားလည်သွားတော့တာပေါ့... သူတို့လဲ ဒီလိုပါပဲ ... မသိတာကိုအသိလုပ် ... ထင်ရာ မှန်းပြောတော့ တာ။

★ ★ ကဲရှင် ... ဘုရားရှင်ဟောတဲ့ မြင်းမိုရ်တောင်ကို ကြည့်ရအောင် ...။

ကျမတို့ သာသနာတော်မှာရော ... ဘုရားရှင်က မြင်းမိုရ်တောင် ရှိတယ် ၊ မရှိဖူး ဟောခဲ့လား ဆိုတာ အရင် လေ့လာရအောင်ပါ ...။

★ သုတ်ပါထေယျအဋ္ဌကထာ ၁၄၆ မှာ

မြင်းမိုရ်တောင်သည်အရှေ့ဘက်တွင် ငွေသားအတိပြီး၏။ ငွေရောင်ရှိ၏။ တောင်ဘက်သည် မြ ... မြရောင်။ အနောက်ဘက်.. ဖလ်… ဖလ်ရောင်။ မြောက်ဘက်… ရွှေ.. ရွှေရောင် ရှိကြောင်းပြပါတယ်။

★ ဝိသုဒ္ဓိမဂ် ဋ္ဌ.၂၀၀၊ သုတ္တနိပါတဋ္ဌ ဒု-၁၆၄-၁၆၅ မှာတော့

သတ္တဝါတို့တည်ရာ ဤ စကြာ၀ဠာသည် အလျားရော အနံပါ.. ယူဇနာပေါင်း တစ်သိန်းနှစ်သောင်း သုံးထောင်လေးရာ ငါးဆယ်ရှိကြောင်း။

အ၀န်း(လုံးထည်)အားဖြင့် ယူဇနာ သုံးသန်း ခြောက်သိန်း တစ်ထောင့် သုံးရာငါးဆယ်ရှိကြောင်း…..
.
အောက်တွင် ယူဇနာနှစ် သိန်းလေးသောင်း အထူရှိတဲ့ ရေပြင် …….
ရေအောက်မှာ ယူဇနာကိုးသိန်းခြောက်သောင်းအထုရှိ လေ။ စကြာ၀ဠာဗဟိုတွင် ရေအထက် ယူဇနာ၈၄၀၀၀ပေါ်နေသော မြင်းမိုရ်တောင်။
မြင်းမိုရ်တောင်၀တွင်(ယုဂန္ဓရ၊ ဣသန္ဓ ၊ ကရဝီက၊ သုဒဿန၊ နေမိန္ဒ၊ ဝိနတက၊ အဿကဏ္ဍ) တောင်စဉ် ၇ထပ် တို့ရှိပြီး တစ်ခုသည် တစ်ခုအောက် ထက်၀က်နိမ့် ဆင်းလာခဲ့ တယ်လို့ ဆိုပြန်ပါတယ် ...။
.
★ ဇာတကပါဠိတော်လာ နေမိမင်း နတ်ပြည်ကြွခန်းမှာ
.
နတ်သားများက နေမိမင်း၏အဆုံးမတော်ကြောင့် ငါတို့ဒီကိုရောက်ကြရပါတယ်လို့ပြောတဲ့အတွက် ထိုမင်းကြီးအား ဖူးလိုကြောင်း တာ၀တိံသာ နတ်များကလျှောက်ထားရာ သိကြားမင်းက မာတလိနတ်သားအား အပင့်ခိုင်းခဲ့ပါတယ် ။
.
မာတလိက ငရဲကိုဖြတ်၍၎င်း နတ်ဘုံများကိုဖြတ်၍၎င်း တာ၀တိံသာသို့ သွားရာနှစ်လမ်းတွင် ကြိုက်ရာကိုရွေးရန် မင်းကြီးအားပြောခဲ့ပါတယ် ။ နေမိမင်းက ပထမ ငရဲလမ်း ထို့နောက် အပြန် နတ်လမ်း က သွားလိုကြောင်း မိန့်ကြားပါတယ် ။
.
နတ်လမ်းခရီးသွားချိန်မှာ ဗရဏီနတ်သမီးဗိမာန်၊ ဖလ်ဗိမာန်၊ မြဗိမာန်၊ သောဏဒီနိ နတ်သားဗိမာန် ၊ ကြောင်မျက်ရွဲ ဗိမာန်များကို ပြသပေးပါတယ် သိကြားမင်း၏ အထောက်တော်ရောက်လာ၍ တာ၀တိံတာသို့သာ ဦးတည်ခရီးနှင်ခဲ့ပါတယ်။
.
ထိုရထားသည် တောင်စဉ်ခုနထပ်ရံပြီးတည်နေသော မြင်းမိုရ်တောင်သို့ရောက်သောအခါ ။ မင်းကြီးမေး၍ တောင်းများအကြောင်းကို မာတလိကပြောပြပါတယ် ။ ((ပါဠိဂါထားများဖြင့်လျှောက် ထားတာပါ))
.
★ ဓဇဂ္ဂသုတ်များ ငါးရာငါးဆယ် နိပါတ်လာ ကုလာ၀ကဇာတ်များတွင်
.
သိကြားမင်းက အသုရာတို့နှင့် စစ်တိုက်ရာတွင် နဂါး၊ ဂဠုန်၊ ဂုမ္ဘာဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗတို့ကို မြင်းမိုရ်တောင်၏ အဆင့်ဆင့်တွင် ခံတပ်အဖြစ်ထားကြောင်း (အာလိန်ငါးဆင့်) ယင်း၏ တောင်ထိပ်တွင် သိကြားမင်း စိုးစံကြောင်း ။(မြင်းမိုရ်တောင်သည် မြခနောက်သုံးခု၏ အထိပ်၌ တည်ရှိကြောင်း။ ယင်းသုံးခုတို့အကြား ယူဇနာ ၁၀၀၀၀ အကျယ်တွင် သိကြားမင်းကို စစ်ရှုံး၍ ဘုံပေးခဲ့ရသော အသူရာနတ်ပြည်ရှိကြောင်း)) ပြ ဆိုထားပါတယ် ။
.
★ နိကာယ်ကဏ္ဍ ၊ ၁၄ - သတ္တသူရိယသုတ် ... သုတ်ပါထိက၀ဂ္ဂ ပါဠိတော် ၊ ... အဂ္ဂည သုတ် အဌကထာ၊ ဝိသုဒ္ဓိမဂ် အဌကထာ (စာ-၂၀၀)၊ ... ၅၅၀ ဧကနိပါတ် ကုလာ၀ကဇာတ် ၊နေမိဇာတ်၊ ... အာဒိကပ္ပ ကမ္ဘာ ဦးကျမ်း ၊ ပဥှာကထန ကျမ်း တွေမှာတော့
.
ကမ္ဘာမပျက်ခင်နှစ် တစ်သိန်း အလိုတွင်တဲ့ .... လောကဗျူ ဟာ နတ်တို့သည် ... အို ..အချင်းတို့ ၊ နောင်နှစ်ပေါင်း တစ်သိန်းကြာသောအခါ ကမ္ဘာ ဖျက်မိုးကြီး ရွာသွန်း၍ ကမ္ဘာကြီးပျက်စီးလတ္တံ့ ။
.
မဟာ သမုဒ္ဒ ရာလည်းခန်းခြောက်ကာ ဤကမ္ဘာမြေနှင့် တကွ မြင့်မိုရ်တောင် ကြီးလဲ မီးဟုန်းဟုန်းတောက် ၍ ပျက်စီးလတံ့္တ ။ ဗြဟ္မပြည်တိုင်အောင် ပျက်စီးလတ္တံ့ …. လို့ကြိုတင်ကြွေးကြော်ကြပါလိမ့်မယ်တဲ့ .... ။
.
စကြ၀ဠာ ထဲမှာ မြင့်မိုရ် တောင်ကို ဗဟိုပြုပြီး တောင်စဉ် (၇)ထပ် ၊ ကျွန်းကြီး (၄) ကျွန်း ၊ အရံကျွန်းငယ် ( ၂၀၀၀ ) ကို နေ နဲ့ လ ကအလင်း ရောင်ပေး နေ တယ်တဲ့ .... ဒီလို နေ ၊လ တစ်စုံ ၊ (၄) ကျွန်း ၊ တစ် မြင့်မိုရ် လို့ ခေါ်တယ်တဲ့ စကြ၀ဠာ အနန္တရှိပြီး စကြ၀ဠာ (၃)ခုကြားမှာ လောကန ္တရိတ် ငရဲ ရှိပါတယ်တဲ့ ... ။
.
စကြဝဠာ အလယ်ဗဟို တွင်ယုဂန်၊ ဣဿိ၊ ကရပိ၊ နေမိ၊ သုဒဿ၊ ဝိနဿက၊ အဿကဏ်စတဲ့ တောင်စဉ် ( ၇ ) ထပ် ၊ သီတာ ( ၇ ) တန် ဝိုင်းရံလျှက် .... ယူဇနာတသိန်းခြောင်သောင်းရှစ်ထောင် မြင့်သောမြင့် မိုရ်တောင်တည် ရှိနေ၏တဲ့ ။
.
ယူဇနာ ရှစ်သောင်း လေးထောင်သည် သမုဒ္ဒရာရေတွင် နစ်မြှုပ်နေ၏
မြင့်မိုရ်တောင် တွင် အဆင့်ငါးဆင့် (တစ်နည်း) အာလိန်ငါးဆင့်ဟု ရှိ၏
.
ပထမအာလိန်သည် ရေ၏အထက် ပေါ်နေပြီး ထိုနေရာတွင် နဂါးမင်းနှင့် မြွေမျိုးတို့နေကြ၏။
ဒုတိယအာလိန်အဆင့်ကား လက်ပံတောကြီး၌ ဂဠုန်မင်းတို့ နေကြကုန်၏။
တတိယအာလိန်အဆင့်ကား ကုမ္ဘဏ်တို့ နေကြကုန်၏။
စတုတ္ထအာလိန်အဆင့်ကား ဘီလူးရက္ခိုသ်တို့ နေကြကုန်၏။
ပဉ္စမအာလိန်အဆင့်ကား မြင့်မိုရ်တောင်၏ခါး ယုဂန္ဓိုရ်တောင်၏ ထိပ်နှင့် ညီမျှ၍ ဓတရဋ္ဌ၊ ဝိရူဠက၊ ဝိရူပက္ခ၊ ကုဝေရ အမည်ရှိသော နတ်မင်းကြီးလေးပါးတို့၏ နေရာ စတုမဟာရာဇ်နတ်ပြည်ဖြစ်၏။
.
မြင်းမိုရ်တောင်၏ အရှေ့ဘက်မျက်နှာ ဓတရဋ္ဌနတ်မင်း။
တောင်ဘက်မျက်နှာ ဝိရူဠကနတ်မင်း။
အနောက်မျက်နှာ ဝိရူပက္ခနတ်မင်း။
မြောက်မျက်နှာ ကုဝေရနတ်မင်းများ နေကြကုန်၏။ ...တဲ့
.
★ ★ ★ အဲ့ဒီတော့ ဘုရားရှင် နှုတ်တော်က ကိုယ်တိုင် မြွက်ဟခဲ့တဲ့ အတွက် ... မြင်းမိုရ်တောင်ရှိတယ်လို့ သတ်မှတ် ရပါမယ် .... ဘာလို့လဲဆိုတော့ ဘုရားရှင်နှုတ်တော်က ...မရှိတဲ့အရာကို ရှိပါတယ်လို့ ထွက်ရိုးထုံးစံမှ မရှိတာကိုး ...
ဘုရားရှင်တို့မည်သည် ... စကား နှစ်မျိုး နှစ်ခွန်း ပြောရိုးထုံးစံလဲမရှိပါဘူး ...
.
★ ★ ဒီတော့ ... ဒါဆိုမြင်းမိုရ်တောင်ဘယ်မှာလဲလို့မေးရင် ...
.
★ ဘုရားရှင်အလိုတော်အရ ....စင်္ကြာ၀ဠာ အလယ် ဗဟို မှာ ... မြင်းမိုရ်တောင် ရှိတယ် ဆိုတော့ ... ခုခေတ်လက်ရှိသိပ္ပံပညာကလဲ စကြာံ၀ဠာ အလယ်ကို သွားနိုင် လောက်အောင် လဲ ... မတိုး တက်သေး ပါဖူး ...။
.
★ စကြာံ၀ဠာ အလည်ကိုမပြောပါနဲ့ ... မျက်စိနဲ့ လှမ်းမြင်နေရတာတွေတောင် .... ရောက်အောင်မသွားနိုင်သေးတဲ့ အချိန် .... လက်ရှိကျမတို့နေတဲ့ နေအဖွဲ့ အစည်းလေးကိုတောင် .... လပေါ်ရောက်အောင် .... အနိုင်နိုင် သွားနေရတာဆိုတော့ .... တစ်ကယ်လို့ စင်္ကြာ၀ဠာ ကြီးတစ်ခုလုံးကို ပတ်နိုင်တဲ့ သိပ္ပံပညာ ထွန်းကားလာပြီ ဆိုရင် ... ဘုရားရှင်ဟောတာ မှန်ကန်ကြောင်း သိပ္ပံပညာက သက်သေပြမှာပါ ...။
.
★ ★ ဒါဆို .... မင်းက ဘာလို့ကျိန်းသေပြောရဲတာလဲလို့မေးစရာရှိပါတယ် ဒီလိုမေးခဲ့ရင် ....
.
ဘုရားရှင် လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၂၆၀၀ ) လောက် က ဟောကြားခဲ့တာတွေဟာ တစ်နေ့တစ်ခြား သိပ္ပံပညာက သက်သေတွေပြလက်ခံလာရ တာ တွေ မနဲတော့ပါဘူး ... အောက်က ဥပမာ( ၁၀ ) ချက် လောက်နဲ့ သက်သေပြရတော့မှာပါ ။
.
★ ( ၁ ) လက်ရှိ ကမ္ဘာနဲ့ သိပ္ပံပညာရှင်တွေလက်ခံထား တဲ့ ကမ္ဘာကြီးရဲ့သက်တမ်းဟာ ( ၁၄ ) ဘီလီယံ နီးပါး ရှိပြီး ... လက်ရှိကမ္ဘာကြီးရဲ့သက်တမ်းဟာ ( ၄ )ဘီဘီယံ ခွဲကျော်ပြီဆိုတာ နှစ်သန်းချီနေတဲ့ ပရိုင်းမိတ်တွေ ကျောက်ဖြစ်ရုပ်ကြွင်းတွေ သက်သေ နဲ့အတူလက်ခံတဲ့ အတွက် ဘုရားရှင်ရဲ့ တရားတော်တွေနဲ့ကိုက်ညီနေပါတယ်... .( တစ်ခြား ဘာသာ ကျမ်းတွေက အတိအလင်း ပြောထားတဲ့ ၆၀၁၇ နှစ်မဟုတ်ပါဘူး ) ။
.
★ ( ၂ ) တလောကတော့ ဒီစင်္ကြ၀ဠာရဲ့ အဆုံးသတ်ကို သိပ္ပံပညာက ရှာတွေ.တယ်လို့ ပြောတာ ဖတ်လိုက်ရ ပါတယ်။ အဲဒီ နယ်နိမိတ်ရဲ့ ဟိုတဖက်မှာ မှောင်မဲနေတယ်..တဲ့ ။ ဒါပေမယ့် တစုံတရာနဲ့ ပိတ်နေတာမဟုတ် ဘူး ။ နောက်ထပ် ဒီလိုစကြ၀ဠာတွေ ရှိဦးမယ်လို့ သုံးသပ်ကြတယ်။မြတ်စွာ ဘုရားဟော တဲ့ စကြ၀ဠာအနန္တ ဆိုတာ မကြာခင် သက်သေ ပြကြတော့မယ် ထင်ပါတယ်။
.
★ ( ၃ )သီတင်းကောင်းတစ်ခုကတော့ ဖားအောက်တောရကျောင်းတိုက် မှာ ယောဂီတွေဟာ ဒါတွေကို မြင်နေရတယ်။ နိုင်ငံခြားသားတွေ၇ာပဲ။ မယုံရင်လာ …လက်တွေ့ တရားလာမှတ်၊ ကိုယ့်ဟာကို ကြည့် ကြလို့ ဆရာတော်ကြီးက ရဲ ရဲ ဖိတ်ခေါ် တယ်။ ငါပြောတာကို ယုံမနေနဲ့ ။ကိုယ့်ဟာကို ကြည့်ကြတဲ့ ။
.
★ ( ၄ ) The Buddha seems to present a model of cosmology wherein the universe expands and contracts over extremely long periods of time, this description has been found by some to be consistent with the expanding universe model and Big Bang. The Buddha seems to be saying here that the universe expands outward, reaches a stabilising point, and then reverts its motion back toward a central point resulting in its destruction, this process again to be repeated infinitely. Throughout this expanding and contracting process, the objects found within the universe undergo periods of development and change over a long stretch of time, according to the environment in which they find themselves. Following this passage above, the Buddha goes on to say that the “beings” he described in this paragraph become attached to an earthlike planet, get reborn there, and remain there for the duration of the life. As a consequence of this, physical characteristics change and evolutionary changes takes place. This is often interpreted as a very rough theory of evolution. Furthermore, the Aggañña Sutta presents water as pre-existent to earthlike planets, with the planet forming with water and the life moving from the water onto the earth. Buddha does not talk about a specific earth, but about earthlike planets in general.
.
အထက်ပါ စာပိုဒ်၏ အစတွင် မိမိတို့၏ စကြာ၀ဠာကြီးသည် ကျယ်လာလိုက် ပြီးပြန်ကျုံ့သွားလိုက်ဖြင့် ကြိမ်ဖန်များစွာ ဖြစ်တတ် သည့် သဘောရှိကြောင်း ဗုဒ္ဓမြတ်စွာဘုရားဟောကြားသည့် အဂ္ဂညသုတ္တန်ကို ရည်ညွှန်း၍ သုံးသပ်ထာပါတယ်။ Expansion of universe နှင့် Big-Bang အယူအဆနှင့်လည်း ကိုက်ညီနေသည်ဟု လည်း ဖော်ပြထားပါသည်။
.
★ ( ၅ ) စကြာ၀ဠာကြီးက ပျက်ခါနီးရင် ကျုံ့သွားတယ်ဆိုတာ သိပ္ပံပညာရှင်တွေ ပြောတာမဟုတ်ပဲ ဗုဒ္ဓဘုရားရှင် ဟောကြားချက်မှာပါကြောင်း မူလတင်ပြမှုကို ဖြည့်စွက်လိုပါတယ်။ အဂ္ဂညသုတ်ကို အင်္ဂလိပ်လို ရေးထားတဲ့အထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
.
In the second part of the Sutta, Buddha tells the story of how the human beings came to dwell on Earth. The Buddha told that sooner or later, after a very long time, there would be a time when the world shrinks. As the universe shrinks, many of its inhabitants would die. Of these deceased creatures, some were born again (due to good karma) in the Heavenly realm of Abbhasara (Lucid Light). There, they floated for a very - very long time, as a bodiless, radiating extreme light. They don’t eat or drink, as they nourish themselves from pure spiritual joy.
.
★ ( ၆ ) Einstein ကလဲ ... Matter and mind must arise together or not at all ; that, in other words , there is simultaneous genesis of matter and mind . လို့ အတည်ပြုခဲ့ ပါတယ်။ ဒီလို ရုပ် ၊ နာမ် တို့ အတူတကွ ဖြစ်ပေါ်လာဖို့ ဘုံအရင်း အမြစ် တစ်ခုတော့ ရှိရမယ် ဆိုပြီး ရှာကြံကြ ပါတယ် ။
.
★ ( ၇ )Henri Bergson said that mind is a condensation from consciousness . He also said that once consciousness is present, matter can be deduced from it. In other words, consciousness gives rise to mind and matter. ဟင်နရီဘဂ်ဆင် ပြောတာ က နာမ်ဟာ အာရုံစုဖွဲ့မှုကနေ ဖြစ်လာတယ် ။ အာရုံစုဖွဲ့မှုဖြစ်လာတာနဲ့ ရုပ်ကိုလည်း ဆင်ခြင်တွေး ဆနိုင်ပြီ ။ တစ်နည်းဆိုရရင် အာရုံသိမှုဟာ နာမ် နဲ့ ရုပ်ကို ဖြစ်စေတယ်…… လို့ ပြောပါတယ်။
.
ဒီအချက်ကို ဗုဒ္ဓမြတ်စွာက အတိအကျ ဟောတော်မူခဲ့ပါတယ်။
.
” ဝိဥာဏပစ္စယာ နာမရူပံ “...(အာရုံသိမှု ဝိဥာဏ် သည် နာမ် နှင့် ရုပ် ကို ဖြစ်စေသည်။)….
.
ဒီတော့ စကြာ၀ဠာ ၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်များမှ တဆင့် သတ္တဝါရဲ. ရုပ် ၊ နာမ် ပိုင်း ဆင့်ကဲ ဖြစ်စဉ်တွေဟာ သိပ္ပံပညာရဲ. သုံးသပ်ချက်တွေ နဲ့ ဗုဒ္ဓမြတ်စွာရဲ. တရားတော်များ အဘယ်မျှ တူညီ နီးစပ်နေကြောင်း ၀မ်းမြောက်ဖွယ် ရာ တွေ့ ရှိရပါတယ်။
.
★ ( ၈ ) ကျန်တဲ့ ဘာသာရေးကျမ်းတွေမှာ ထာ၀ရဘုရားတွေဟာ အမေရိကတိုက်ကို မဖန်ဆင်းခဲ့ပေမယ့် ခရစ်တော် ပေါ်ပြီး နှစ်ပေါင်း ( ၁၄၉၂ ) ခုနှစ် မှာ ကိုလံဘတ်က အမေရိကတိုက်ကို ဗျုန်းဆို ရှာဖွေတွေ့ ရှိခဲ့ ပါတယ် .... ဗုဒ္ဓက လွန်ခဲ့တဲ နှစ်ပေါင်း ( ၂၆၀၀ ) ထဲ လက်ရှိကမ္ဘာမြေပေါ်မှာရှိနေတာတွေကို ဟောခဲ့ တာပါ ...။
.
★ ( ၁၀ ) ဘုရားရှင် ဟောတော်မူခဲ့တာက စင်္ကြာ၀ဠာ အနန ္တ ... သတ္တဝါအနန ္တ ပါ ... ပုရွက်ဆိတ်တွေ... ပိုးလောက်လန်းတွေ ... တီတွေ ... ယုတ်ဆွအဆုံး ... လေထဲမှာ ပြန့်လွင့်နေတဲ့ ပိုးမွှားတွေ ... ကိုယ့်သွေးတစ်စက်ကိုစစ်ရင်တောင် ... သွေးထဲမှာပါနေတဲ့ ..သန်းချီတဲ့ ပိုးတွေ ... နှုတ်ခမ်းအရေခွံကို ခွာပြီး ... အဏုမြူ မှန်ပြောင်းနဲ့ ကြည့်ရင်တောင် ... ရာထောင်ချီတဲ့ပိုးတွေ၇ှိနေပါတယ် ... နူး တို့အသက် တစ်ခါရှု တိုင်းလဲ ... လေထဲမှာပျံ့ လွင့်နေတဲ့ .... သိန်းချီတဲ့ပိုမွှားလေးတွေ နှခေါင်းကတစ်ဆင့် ၀င်သွားတာပဲလေ ... ဒါကို ဘုရားရှင် ဟောခဲ့တာ နှစ်ပေါင်း ၂၆၀၀ တောင်ကြာခဲ့ပြီပေါ့ ... လူသားတွေက ..မိုက်ခရိုစကုတ် ဆိုတာပေါ် လာမှ ... ဘုရားရှင် ဟောတာမှန်တယ်ဆိုတာ ... လာ၀န်ခံရတာပါ ...။ နောက်တစ်ခုက Infinity ဆိုတဲ့ အသချာင်္ဆိုတာ ဗုဒ္ဓဟောခဲ့တာပါ .... သချာ်ပညာရှင်တွေက ( ၁၈၃၁-၁၈၈၉ ) ခုနှစ်ကမှ ဂရိက သချာင်္ပညာရှင်တွေစတင်သိရှိတာပါ ...။
.
★★ ဒီအချက်အလက်တွေကိုထောက်ထားပြီး ... တစ်ချိန်ချိန်မှာ ... သိပ္ပံပညာသည် .... စင်္ကြာ၀ဠာကို ပတ်နိုင်လောက်အောင် ထွန်းကားလာတာနဲ့ ... မြင်းမိုရ်တောင် ရှိတာကို သက်သေလာပြကြမှာပါ လို့ပြောပါရစေ ရှင် ။
.
★ ★ ဆရာတော်အရှင်ဥာဏိဿ ရ ရဲ့ မှတ်ချက်ပါရှင် ...
.
နတ်ပြည်နှင့်သက်တမ်းကို လူနှစ်အားဖြင့်ရေတွက်ရရင်
.
စတုမဟာရာဇ် ၅၀၀.... လူ့ပြည် ၉-သန်း
တာ၀တိံသာ ၁၀၀၀ ... လူ့ပြည် ၃ကုဋေ ၆သန်း
ယာမာ ၂၀၀၀ ..... လူ့ပြည် ၁၄ကုဋေ ၄သန်း
တုတိတာ ၄၀၀၀ .... လူ့ပြည် ၇၅ကုဋေ ၆သန်း
နိမ္မာနရတီ ၈၀၀၀ ...... လူ့ပြည် ၂၃၀ကုဋေ ၄သန်း
ပရနိမ္မိတ၀သ၀တ္တီ ၁၆၀၀၀ ..... လူ့ပြည် ၉၂၁ကုဋေ ၆သန်း ပါ ..။
.
★ ငါတို့ကမ္ဘာက နေကို လှည့် ရင်း သူ့ဘာသာလည်းလှည့် သူဘာသာတစ်ပတ်ပြည့်အောင်လှည့်ရင် တစ်ရက်။ ..လှည့်ရင်း လှည့်ရင်းဖြင့် နေကို ပတ်မိသော် တစ်နှစ်.. ဖြစ်၏။ စကြာ၀ဠာအနန္တဟု ဗုဒ္ဓဟောသကဲ့သို့ .....
.
★ ယနေ့ပညာရှင်များသည် ဂြိုလ်အားလုံးကို မဆိုနှင့် မြင်နေရသော နေရာတိုင်းသို့ပင် မရောက်နိုင်ခြင်း လူပြည်တွင် အနှစ်ငါးဆယ်သည် စတုမဟာရာဇ် နတ်ပြည်တွင် တစ်ရက်၊ လူပြည်အနှစ် ၁၀၀ သည် တာ၀တိံသာ တစ်ရက်ဖြစ်သည်ဟုဆိုခြင်း စသည်ကိုထောက်သော် နတ်ဘုံသည် ဤငါတို့ လူများနေရာ စကြာ၀ဠာ အတွင်းမရှိနိုင်ရာ။
.
★ ★ ခေတ်သုံးခေတ်နှင့် စကြာ၀ဠာ
.
၁။ဇာတိခေတ်။
ဘုရားရှင်ပဋိသန္ဓေရာအခါ ဖွားတော်မူရာအခါ သစ္စာလေးပါးကိုသိတော်မူရာအခါ စသည်အချိန်တွင် စကြာ၀ဠာ တစ်သောင်းတုန်ဟီး၏။
.
၂။ အာဏာခေတ်
ရတနသုတ် ၊ အာဋာနာဋိယသုတ် စသည့်ပရိတ်တို့၏ အာနုဘော်သည် စကြာ၀ဠာ ကုဋေတစ်သိန်း တိုင်အောင် ပြန့်နှံ့၏။
.
၃။ ဝိသယခေတ်
မြတ်စွာဘုရားသည် စကြာ၀ဠာကုဋေတစ်သိန်းအကြောင်းကို သိလိုအံ့ ဆင်ခြင်၏။ သိ၏။ ထို့ထက်အလွန်ကို သိလိုအံ့ ဆင်ခြင်နိုင်၏။ သိနိုင်၏။ မြတ်ဗုဒ္ဓ၏ ဥာဏ်တော်သည် (အနန္တံ ပရိမာဏံ) အပိုင်းခြားမရှိ အလိုရှိတိုင်းသော စကြာ၀ဠာသို့ ဖြန့်ကျက်နိုင်၏။ တဲ့
.
(((( ယ္ခုဆို သိပ္ပံပညာက စကြာံ၀ဠာထဲမှာ ပျံံ့ လွင့်နေတဲ့ ဗုဒ္ဓရဲ့ အသံများကို ဖမ်းယူနိုင်ခဲ့ပါင်္ပြီ ))))
.
★ ဤသို့ဖြစ်ရကား တာ၀တိံသာနတ်နှင့် ယင်းတို့တည်ရာ မြင်းမိုရ်တောင်သည်ကား အခြားစကြာ၀ဠာမှာသာ ရှိသည်ဟု ယူဆနိုင်သလို အကယ်၍ငါတို့စကြာ၀ဠာမှာပင် ဆိုစေဦးတော့ ငါတို့နေရာဤကမ္ဘာ၊ ငါတို့မြင်ရာ နေလုံးကြီးနှင့် အလွန်ဝေးကွာစွာ တည်ရှိနေမည်ဟု ကောက်ချက်ချမိပါတယ်။
.
★ ငါတို့ အနှစ်၁၀၀ မှယင်းတို့ တစ်ရက်ဆိုရကား အဆပေါင်း ရာကျော် ထောင် ဂဏန်း မျှ ဝေးကွာမည်ဟု ယူဆမိ။ ထို့ကြောင့်သာ နေကို တစ်ပတ်ပတ်ရန် များစွာကြာမြင့်ခြင်း ဖြစ်ရာ၏။
.
★ ဤသို့စသည်အားဖြင့် ဆက်စပ်စဉ်းစားက မြင်းမိုရ်တောင်သည်ရှိ၏။ ထို့သော် ငါတို့နေရာ ဤကမ္ဘာပေါ်တွင် မတည်နိုင် ။ ဤစကြာ၀ဠာအတွင်း အလွန်ဝေးကွာရာ အခြားနေရာ၌ ဖြစ်စေ။ ဤစကြာ၀ဠာပြင်ပတွင်ဖြစ်စေ တည်၏ဟု ယုံကြည်ကြောင်း ပြောပါရစေ ။
.
★ တစ်ချို့ဆရာတော်များက မြောက်အမေရိကတိုက်ကို မြောက်ကျွန်းလို့အမှားကြီး မှားစွာ ယူကြပါ တယ် မြောက်ကျွန်း သူများ အသက်က ( ၇၀၀ ) ရှိပြီးကိုယ်ရောင် ကိုယ်ဝါတောက်ပကြတယ်ဆိုတဲ့ ကျမ်းဂန်အဆိုများနှင့် ဆန့်ကျင်ရုံသာမက ယုတ္တိလည်းမရှိတာတွေ့ရမှာပါ ....။
.
★ ★ ★ (((( ကျမ်းကိုးအားလုံးကို စာမေးပွဲတစ်ဖက်နဲ့ ရှာပေးခဲ့တဲ့ ဆရာတော်အရှင် ဥာဏိသရ ကိုဦးတင်ပါတယ်ရှင် ...... ပြီးတော့ နူးကိုးကားတဲ့ ကျမ်းကိုးတွေအပြင် အွန်လိုင်း ဆိုဒ် ( ၂ ) ဖြစ်တဲ့
.

နျူ မာန် ( မိုးတား )

ချမ်းမြေ့ကြပါစေ


No comments