New Artical

မိတ်ကပ်မဖျက်ဘဲ အိပ်မိရင် … အဆီဖုတွေ ဖြစ်လာနိုင်ပါတယ်။


 မြန်မာနိုင်ငံက မိန်းကလေးတော်တော်များများ မျက်နှာကို သေချာဂရုစိုက်လေ့မရှိတာကိုတွေ့ရပါတယ်။ မျက်နှာကို သနပ်ခါးတစ်မျိုးပဲ လိမ်းရုံနဲ့ မိတ်ကပ်တွေ လိမ်းရုံ အသားအရေကို ဂရုစိုက်မပေးနိုင်ပါဘူး။ ကိုယ့်အသားအရေက လှနေတာပဲ skincare တွေမလိုပါဘူး မတွေးပါနဲ့ ။ အသားအရေကို သေချာဂရုစိုက်ပေးဖို့အတွက် skincare ပစ္စည်းတွေလိုသလို ကိုယ်တိုင် သဘာပစ္စည်းတွေနဲ့ အသားအရေထိန်းသိမ်းနိုင်ပါတယ်။ skincare ရဲ့ပထမအဆင့်ကတော့ မိတ်ကပ်ဖျက်ပေးရမှာပါ။ မိတ်ကပ်မဖျက်ဘဲ အိပ်မိရင်တော့ အဆီဖုသေးသေးလေးတွေဖြစ်လာတတ်တယ်။

(၁) မိတ်ကပ်ကို စင်ကြယ်သွားအောင်ဖျက်ပေးပါ

ဘယ်လောက်ပဲပင်ပန်းနေပါစေ မိတ်ကပ်ကိုတော့ ဖျက်ပြီးမှ အိပ်ပေးသင့်ပါတယ်။ မိတ်ကပ်မဖျက်ဘဲအိပ်မိတဲ့ တစ်ည ၊ တစ်ညကနေ ပေါင်းသွားပြီး အသားအရေတွေ ပျက်ဆီးလာတတ်ပါတယ်။ တစ်နေ့ကုန် မျက်နှာပေါ်ကပ်နေတဲ့အညစ်အကြေးတွေကို တစ်ညလုံး ကပ်ထားသလိုဖြစ်နေလို့ပါ။ ဒါ့အပြင် အဆီဖုသေးသေးလေးတွေကို ဖြစ်လာစေတယ်။ ချွေးပေါက်မှာ ပိတ်နေတဲ့ အညစ်အကြေးတွေကြောင့်ပါ။ မိတ်ကပ်ကိုဖျက်ရင် အနည်းဆုံး (၂)ကြိမ်လောက်ဖျက်ပေးပါ။ ဒါမှလည်း အသားထဲစိမ့်ဝင်နေတဲ့ မိတ်ကပ်တွေကို အရှင်းဖျက်ပေးနိုင်မှာပါ။

(၂) ရေနွေးငွေ့ပေါင်းခံပေးပါ

မျက်နှာသစ်ပြီး ၊ skincare တွေမလိမ်းခင်မှာ ဒီနည်းကိုလုပ်ပေးရမှာဖြစ်ပါတယ်။ နည်းလမ်းလေးကတော့ ရေနွေးကို ဇလုံတစ်ခုထဲထည့်ပြီး ရေနွေးငွေ့အရမ်းမပူအောင်တော့ စောင့်ပေးရပါမယ်။ ပြီးရင် မျက်နှာကို ဇလုံပေါ်ကပ်ပြီး ရေနွေးငွေ့ခံပေးပါ။ မျက်နှာနဲ့ဇလုံဟာ ရေနွေးငွေ့ခံဖို့ ကွက်တိမဖြစ်ဘူးဆိုရင် ရေနွေးငွေ့တွေအပြင်ကို ထွက်သွားနိုင်တယ်။ ဒါကြောင့် ရေနွေးငွေ့တွေအပြင်ကို ထွက်မသွားအောင် ခေါင်းပေါ်ကို ပဝါပတ်ထားလိုက်ပါ။ (၅-၁၀)မိနစ်လောက် မျက်နှာပေါ် ချွေးစို့လာတဲ့အထိ ပေါင်းခံပေးရပါမယ်။ ပေါင်းခံပြီးရင်တော့ မျက်နှာကို ပဝါဖြင့် အသာအယာလေး သုတ်လိုက်ပါ။

(၃) Toner လိမ်းပေးပါ

မိတ်ကပ်ဖျက်ပြီးရင်တော့ မျက်နှာသစ်ပေးပါ။ မျက်နှာသစ်ပြီးရင်တော့ skincare အဆင့်တစ်မျိုးဖြစ်တဲ့ toner ကို လိမ်းပေးပါ။ Toner လိမ်းပေးတဲ့အခါမှာလည်း cotton pad နဲ့ လိမ်းပေးတာပိုကောင်းပါတယ်။ မျက်နှာသစ်ပြီးရင်တောင် အညစ်အကြေးတွေက အရှင်းမပျောက်သွားနိုင်လို့ toner ကို cotton pad နဲ့လိမ်းပေးတာက အညစ်အကြေးတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ Toner လိမ်းပေးပြီးရင်တော့ တခြား skincare အဆင့်တွေကိုပါ လိမ်းပေးနိုင်ရင်ပိုကောင်းပါတယ်။

No comments