New Artical

ဗျူဟာကျတဲ့ အချိန်သုံးစွဲမှု (သို့မဟုတ်) The Eisenhower Matrix

 


“အရေးပေါ်ဆုံးဖြတ်ချက်တွေက အရေးအပါဆုံး ဆုံးဖြတ်ချက်တွေ မဟုတ်တတ်ကြဘူး” လို့ အမေရိကန်သမ္မတတစ်ဦးဖြစ်တဲ့ ဒွိုက်ဒီအိုင်စင်ဟောင်ဝါက ပြောဖူးတယ်။ အိုင်စင်ဟောင်ဝါကို အချိန်စီမံခန့်ခွဲမှုနဲ့ပတ်သက်ရင် ထူးချွန်ပြောင်မြောက်သူတစ်ယောက်လို့ သတ်မှတ်ကြတယ်။ ဆိုလိုတာက လုပ်စရာရှိတဲ့ အလုပ်မှန်သမျှကို လုပ်ဖို့လိုတဲ့အချိန်မှာ လုပ်ဖို့လိုအပ်တဲ့ပုံစံအတိုင်း လုပ်နိုင်စွမ်းရှိတယ်လို့ ဆိုလိုပါတယ်။ အိုင်စင်ဟောင်ဝါထွင်ထားတဲ့ အချိန်စီမံခန့်ခွဲမှုနည်းစနစ်အရ အရေးကြီးတဲ့အလုပ်နဲ့ အရေးပေါ်လုပ်ရမယ့်အလုပ်ကို ခွဲတတ်ဖို့လိုတယ်။

ပုံကိုကြည့်ပါ။ ဖော်ပြပါအကွက်(၄)ကွက်အနက် ကိုယ့်လုပ်ငန်းက အလုပ်တွေကို ဘယ်အကွက်မှာ နေရာချထားပြီး အချိန်ဘယ်လောက်ပေးမယ်ဆိုတာ စိစစ်ရမှာ ဖြစ်ပါတယ်။

ဘယ်အလုပ်ပဲ သင့်စားပွဲပေါ်ရောက်လာရောက်လာ ဒီအကွက်ကို သုံးပြီး ခွဲခြမ်းစိပ်ဖြာကြည့်ပါ။ ပြီးမှ ဘာဆက်လုပ်မလဲ စဉ်းစားပါ။ နံပါတ်(၁)အကွက်ဖြစ်တဲ့ “အရေးပေါ်လည်းဖြစ်၊ အရေးလည်းကြီး” အလုပ်တွေကိုပဲ သင်အာရုံစိုက်ပြီး ဖြေရှင်းနေမိတတ်တယ်။ သင့်ကိုယ်သင် ပြန်မေးကြည့်ရမှာက အရေးပေါ်မဟုတ်ပေမယ့် အရေးကြီးတဲ့ အလုပ်တွေကိုရော ငါဘယ်အချိန်လုပ်မှာလဲ ဆိုတာပါပဲ။ အရေးကြီးတဲ့ အလုပ်တွေက လက်ငင်းဖြေရှင်းရလောက်အောင် ကြီးထွားမလာခင် သူတို့အတွက် အချိန်မပေးသင့်ဘူးလား။ ဒီလိုအလုပ်အတွက် အချိန်ပေးတာကတော့ နံပါတ်(၂)အကွက်ပဲဖြစ်ပါတယ်။ ဥပမာ ပြောရရင် နံပါတ်(၁)အကွက်က စာမေးပွဲ ဖြေရတဲ့ အလုပ်မျိုးပေါ့။ ချက်ချင်းလုပ်ရမယ်။ အရေးလည်းကြီးတယ်။ နံပါတ်(၂)အကွက်ကတော့ စာမေးပွဲအတွက် တစ်နှစ်လုံး ကြိုတင်ပြင်ဆင်ရတာမျိုးပေါ့။

စီမံခန့်ခွဲရေးဂုရုတစ်ဦးဖြစ်တဲ့ ပီတာဒရပ်ကားက “အဖွဲ့အစည်းတွေဟာ တကယ့် ဇရှိပေ၊ တော်ပေ့ ဆိုတဲ့သူတွေကို ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ (အကွက် -၂)မှာ မသုံးဘဲ၊ လက်ငင်းပြဿနာဖြေရှင်းရာမှာ၊ လတ်တလောပြဿနာကြုံတွေ့တဲ့နေရာ (အကွက်-၁)မှာပဲ သုံးတတ်ကြတယ်။ ဒါဟာ အဖွဲ့အစည်းတွေရဲ့ ကြီးမားတဲ့ အားနည်းချက်ပဲ” လို့ ဆိုပါတယ်။

ကိုးကား

  • Mikael Krogerus and Roman Tshappeler. “The Decision Book”, 2008
  • “The 7 Habits Of Highly Effective People”, Stephen Covey – Franklincovey Co. – 2016

No comments