New Artical

လက်ဆစ်ချိုးဖူးသူတိုင်း သိထားသင့်သည်များ


လက်ဆစ်တွေ ချိုးဖူးသူတိုင်း ဒီပို့လေးကို ကျော်မသွားပါနဲ့ အရေးကြီးလို့ပါ

သင် .. လက်ဆစ်တွေ ချိုးဖူး ပါသလား ….

အရေး ကြီးတယ်နော် ။ လက်ဆစ် ချိုးတာက လက်ကို ထိခိုက် စေနိုင်ကြောင်း ပြောစမှတ် တစ်ခု ရှိပါတယ် ။ လက်ဆစ် ချိုးရာမှ ထွက်လာတဲ့ အသံက သင့်အတွက် ဆိုးကျိုး ဖြစ်စေ ပါသလား ။

အဆစ် အမြစ် တွေဟာ လက်တွေ လှုပ်ရှားတဲ့ အခါ အရိုးဆစ် တစ်ခုနဲ့ တစ်ခု ပွတ်တိုက်မှု လျှော့နည်း စေတဲ့ အရည်တစ်မျိုး synovial fluid ရှိရာ နေရာ ဖြစ်ပါတယ်

သူ့မှာ ဂတ်စ် ( အောက်စီဂျင် ၊ နှိုက်ထရိုဂျင် နဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ) တွေ ပါဝင် ပါတယ် ။

လက်ဆစ်ကို ဖောက်ခနဲ မြည်အောင် ချိုးလိုက်တဲ့ အခါမှာ အရိုး တစ်ခုနဲ့ တစ်ခု ကြား နေရာ ဟ စေပါတယ် ။ ပို ဟ လာတဲ့ နေရာ လပ်က synovial fluid စုပ်ယူ ပေးတဲ့ ဖိအား ၊ တွန်းအား ဖြစ်စေ ပါတယ် ။ လေပူ ဖောင်းတွေ ဖြစ်ပေါ်တယ် ။ နောက် အဲဒီ လေပူ ပေါင်းတွေ ပေါက်လို့ အသံ ကြားနေ ရခြင်း ဖြစ်ပါတယ် ။

အရိုး အဆစ် နေရာ အပြင်ဘက် သီးခြားစီ ကွဲနေတဲ့ အခါ ပိုကျယ် လာတဲ့ အဆစ် အမြစ် နေရာမှာ ပြန် ဖြည့်ဖို့ အရည် ထပ်မရ နိုင်ပါဘူး ။ ဒါ့ကြောင့် အခေါင်းပေါက် ဖြစ်ပေါ်ပြီး အဲဒါက အသံ ဖြစ်ပေါ် စေတဲ့ အရာ ဖြစ်ကြောင်း University of Alberta ရဲ့့ ဦးစီး သုတေသီ Gregory Kawchuk က ဆိုပါ တယ် ။

Trend Myanmar

No comments