New Artical

မြတ်စွာဘုရားရှင်၏ အံ့ဖွယ်တော် (၁၈) ပါး


ဘုရားရှင်၏ အံ့ဖွယ်တော်(၁၈)ပါး

(၁) ဝတ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်း မရှိခြင်း။ 

(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက် လေးသစ်မျှကွာခြင်း။ 

(၃)တောထွက်တော်မူစဉ်က ပယ်ဖြတ်တော်မူသော ဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။ 

(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။ 

(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ဝင်နိုင်ခြင်း။ 

(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။ 

(၇) ဝေနေယျ သတ္တဝါသို့လိုက်၍ ကိုယ်တော်မှတစ်ပါးနိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသင်္ချေ) 

(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။ 

(၉) အထက်ကောင်းကင်တွင် လဝန်းကဲ့သို့ မြင်တော်မူခြင်း။

(၁၀) လူနတ်တို့၏ စိတ်ကို အသာသယာနုသယ ဉာဏ်တော်ဖြင့် သိစွမ်းတော် မူခြင်း။ 

(၁၁) အ သံတော်ရှစ်ပါးနှင့် တရားဟောတော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ် ၍ဟောသကဲ့သို့ ကြားရခြင်း။ 

(၁၂) ကျွတ်အံ့သော သတ္တဝါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တဝါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။ 

(၁၃) လူနတ်ဗြဟ္မာ တို့၏ ကျွတ်မည့်အခါတည်းဟူသော အိန္ဒြေအနုအရင့်ကို သိမြင်တော်မူခြင်း။ 

(၁၄) အထက်ပါ(၁၃)ပါးနှင့် ေဥယျဓံတရား(၅)ပါး ကို သိနိုင်ခြင်း။ 

(၁၅) အလိုရှိ၍လက်တော်ကို ဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။ 

(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။ 

(၁၇) တာဝတိံသာသို့ အဘိဓမ္မာ တရားဟောတော်မူရန် ပကတိ သုံးဖဝါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။ 

(၁၈) ဒေသစာရီကြွချီတော်မူလျှင် ခြေရာမတင်သည့်အပြင် မြေအညီအညွတ်ဖြစ်ရခြင်း။ 

လုံးစုံများစွာ၊ သတ္တဝါချမ်းသာကိုယ်စိတ် မြဲပါစေ။ 

ဥပဒ်ရန်ဘေး၊ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ 

အပ္ပမာဒေန သမ္မာဒေထ..။

No comments