New Artical

အမျိုးသမီးတို့ လွဲနေသော ဘုရားမှာလှူသော ဆံပင်အလှူ..

 


အရှင်ဘုရား.. တပည့်တော် မသည် ဆံပင်ရှည် များကို ဘုရားမှာ၊ လှူမည်ဟု ဆုံးဖြတ်ပြီး အရှည်ထားပါသည်.. ယခု ဆံပင်ရှည်၍ ဖြတ်ပြီး.. လှူမည်လုပ်ရာ အချို့က၊ ဆံပင်အတိုင်း မလှူကောင်း ရောင်း၍..

သို့မဟုတ် ဘုန်းကြီးသုံး ယပ်လုပ်၍၊ လှူရသည်ဟု ပြောပါသည်.. မည်သို့ လှူသင့်သည်ကို.. ဖြေကြား ပေးပါရန် လျှောက်ထားပါ၊ သည်ဘုရား..


ဖြေ.. ဆံပင်မှာ မိမိခန္ဓာကိုယ်မှ ပေါက်ရောက်သော အရာဝတ္ထု ဖြစ်ကာ အမွေး.. ခြေသည်း လက်သည်း သွား အရေပြား၊ တို့နှင့်အတူ တစပဥစက အဝင် ဇေဂုစ္ဆ.. သဘောတရား ဖြစ်၍ သူတော် ကောင်းတို့ စက်ဆုပ် အပ်သော၊ အရာဝတ္ထုပင် ဖြစ်ပါသည်..

အမျိုးသမီးတို့ အဖို့ အမွန်အမြတ်၊ ဖြစ်သော်လည်း ရတနာသုံးပါး၌.. ဆံပင်အတိုင်း ဆွဲချိတ် လှူဒါန်း၍လည်း၊ တင့်တယ်မှု မရှိပါ..


လူ့ဆံပင်ကို ယပ်စသည် လုပ်၍ လှူဒါန်းရိုးလည်း မရှိပါ.. မြတ်စွာဘုရား လက်ထက်က၊ ဆံပင်ကောင်းသော အမျိုးသမီး တဦး ဆံပင်ကို.. ဖြတ်၍ ရောင်ချ၊ ရရှိသည့် ငွေဖြင့် အရှင်ကစ္စာယန.. စသော ရဟန္တာ ရှစ်ပါးအား ဆွမ်းချက် လှူဒါန်း၍..


ဒိဋ္ဌဓမ္မ အကျိုးပေး သဖြင့် မိဖုရား၊ ဖြစ်သွားသော ဝတ္ထု.. တစ်ခုကို ထောက်၍ ဆံပင်ကို ရောင်းချလျက် အခြားအကျိုး.. ဖြစ်မည့် အလှူ တခုခု လှူဒါန်း ခြင်းသာ.. အကောင်းဆုံး၊ ဖြစ်ကြောင်း ဖြေကြား လိုပါသည်..

ဆရာတော်ရဝေထွန်း အရှင်တိလောကသာရ

No comments