New Artical

"လူမိုက်စာရင်း မဝင်အောင် အဂတိ လေးပါးကိုရှောင်"

 


သီတဂူဆရာတော်ဘုရားကြီး မိန့်ကြားတဲ့"လူမိုက်စာရင်း မဝင်အောင် အဂတိ လေးပါးကိုရှောင်"

၁။ "ဆန္ဒာဂတိ"
မတရားမှန်းသိပေမယ့် ကိုယ်ချစ်ခင်တဲ့ သူတွေကို မျက်နှာလိုက်ချင်တာနဲ့ တရားတဲ့အတိုင်း မလုပ်ပဲ မတရားပြုတာဟာ "ဆန္ဒာဂတိ"
 
၂။ "ဒေါသာဂတိ"
ကိုယ်မုန်းနေတဲ့သူတွေ ကိုယ်နဲ့ မတည့်တဲ့သူတွေကို နှိပ်ကွပ်ဖို့ လုပ်နေတာ မတရားပြုတာဟာ "ဒေါသာဂတိ"
 
၃။ "မောဟာဂတိ"
အကြောင်းလား အကျိုးလား၊ အကောင်းလား အဆိုးလား၊ မှန်သလား၊ မှားသလား၊ လုပ်ပေးထိုက်သလား၊ မလုပ်ပေးထိုက်ဘူးလား၊ ဘာမှမသိဘူး မှန်းရမ်းပြိီးတော့ မတရားမှုလုပ်တာဟာ "မောဟာဂတိ"
 
၄။ "ဘယာဂတိ"
မဟုတ်မှန်းလည်း သိတယ်၊ မကောင်းမှန်းလည်း သိတယ်၊ မလုပ်ထိုက်ဘူးဆိုတာလည်း သိတယ်၊ ဒါပေမယ့် "အမိန့်"ဆိုတော ကြောက်လွန်းလို့တဲ့ ကြောက်ကြောက်နဲ့ မတရားမှုပြုလုပ် နေကြတာတွေ အကုန်လုံး "ဘယာဂတိ"
 
အဲဒီတော့ လောကကြီးမှာ အဂတိလေးပါးမလိုက်စားဘူးဆိုတဲ့ ပုဂ္ဂိုလ်ဟာ တော်တော် ရှားလိမ့်မယ်။ ကြောက်ပြီး  အမှန်အတိုင်း တရားတဲ့အတိုင်း မလုပ်ဘူးဆိုရင် ဒါ "အဂတိ" လိုက်တာပဲ။ ကြောက်ကြောက်နဲ့ မမှန်တာ မတရားတာလုပ်တယ်ဆိုရင်လည်း ဒါ "အဂတိ" လိုက်တာပဲ။ မှန်တယ်ဆိုရင် ဘာမှကြောက်ဖို့ မလိုဘူးလေ။
 
အကျိုးလဲရှိမယ် အတ္တလဲဖြစ်မယ်၊ ဟိတလဲဖြစ်မယ်၊သုခလဲဖြစ်မယ်ဆိုရင် ဘာမှ ကြောက်စရာမလိုပါဘူး။
ခုတော့ မဟုတ်ဘူ၊ အတ္တဖြစ်တယ် ဟိတဖြစ်တယ်၊ သုခဖြစ်တယ်ဆိုပေမဟ့် ကြောက်တာနဲ့ မလုပ်ရဲဘူး။
အနတ္တဖြစ်တယ်၊ အဟိတဖြစ်တယ်၊ ဒုက္ခဖြစ်တယ်ဆိုပေမဟ့် ....လုပ်ဆိုတော့ မဟုတ်မှန်းသိပေမယ့်
ကြောက်တာနဲ့ လုပ်နေကြတယ်။  
 
ကြောက်ကြောက်နဲ့ မတရားမှုလုပ်ရင် "ဘယာဂတိ"
မုန်းလို့ စိတ်ဆိုးဆိုးနဲ့ မတရားလုပ်ရင် "ဒေါသာဂတိ"
ချစ်လို့ မျက်နှာလိုက်လို့ မတရားမှုလုပ်ရင် "ဆန္ဒာဂတိ"
မသိသဖြင့် ရမ်းပြီး မတရားမှုလုပ်ရင် "မောဟာဂတိ"
 
အဲဒီ "အဂတိလေးပါး" မလွတ်ကြရင်တော့ လူမိုက်စာရင်းဝင်သွားမှာပဲ။ အဲဒီတော့ လူမိုက်စာရင်းမဝင်အောင် "အဂတိလေးပါး" လွတ်အောင် ကြိုးစားကြပါ....
 
သီတဂူဆရာတော်ဘုရားကြီး

No comments