New Artical

အစာမရှိပဲ ကော်ဖီသောက်ရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ


ကော်ဖီသောက်ခြင်းဖြင့် ရလာမယ့် အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ဒါပေမယ့် ဗိုက်ထဲမှာ အဆာ မရှိပဲ အထူးသဖြင့် မနက် စောစော  အချိန် မျိုးတွေ မှာ အစာ မရှိပဲ ကော်ဖီ သောက်ရင် တော့ ကျန်းမာရေးကို အများကြီး ထိ ခိုက်စေ၊ဆိုးကျိုးတွေ အများကြီး ရှိပါတယ်။ Nevada-Reno တက္ကသိုလ် မှ အဖွဲ့ တစ်ဖွဲ့ကနေ မ ဝေးတော့ တဲ့ အနာဂါတ် မှာ ကကော်ဖီ စေ့ကို biodesel အဖြစ် အသုံးပြု နိုင်တယ်ဆိုတဲ့ အချက်ကို တွေ့ ခဲ့ပါတယ်။ကားမီးခိုး ငွေ့ တွေ က ကော်ဖီ နံ့ တွေ ထွက် လာနိုင် မယ့် အနေ အထား မျိုးပါ။အဲ့ဒီ အဖွဲ့ က နေ မနက် အစောပိုင်းမှာ ပထမဆုံး သောက်တဲ့ ကော်ဖီ တစ်ခွက်က ဗိုက် ထဲမှာ လောင်စာ တစ်ခု လည်း ဖြစ်သွား နိုင်  ပါတယ်။ဆရာဝန်တွေ က တော့ ကော်ဖီ သောက်ဖို့ အကောင်းဆုံး အချိန် က မနက် (၉)ခွဲ ကနေ မနက် ၁၁ ခွဲ အတွင်း လို့ အဆိုပြု ကြပါတယ်။ဗိုက်ထဲမှာ အစာ မရှိပဲ ကော်ဖီ သောက်မိရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ ကို Brightside မှာ အခုလို ဖော်ပြထားပါတယ်။

သကြားဓါတ်ကို မြင့်တက်စေ
မနက် စောစော အစာ မရှိပဲ ကော်ဖီ သောက်လို်က်မိရင် တော့ ဆဲလ် တွေ က သွေးတွင်း သကြားဓါတ်ကို ထိန်းညှိ ပေးတဲ့ နေရာမှာ သွားပြီး အခက် တွေ့ စေပါတယ်။ဒီ ဖြစ်ရပ် ရဲ့ နောက်ဆက်တွဲ ကြောင့် ရောဂါ အမျိုးမျိုး ဖြစ် စေပါတယ်။၀ိတ် တက်လာတာ၊အရေပြား မှာ Infection ဝင် တာ မျိုးတွေ အထိ ပါ ဖြစ်လာစေပါတယ်။

ပိုအိပ်ချင်လာနိုင်
ကော်ဖီ သောက် တယ်ဆိုတာ လန်းဆန်းတက်ကြွ ဖို့ပါ။ဒါပေမယ့် အစာမရှိတဲ့ ဗိုက်ထဲကို ကော်ဖီ ဖြည့်လိုက်မယ်ဆိုရင် တော့ ဆန့်ကျင် ဘက် ရလဒ် ရသွားနိုင်ပါတယ်။ Caffeine တွေ က  stress hormones level တွေကို ပို တိုးသွားစေပြီး အိပ်ချင် စိတ် တွေ ပေါက် သွားစေ၊မောပန်း နွမ်းနယ် သွားစေနိုင်ပါတယ်။မနက် စောစော ဗိုက်ထဲမှာ အစာမရှိပဲ cappuccino တစ်ခွက်ကို သကြား ရောပြီး သောက် လိုက် မယ် ဆိုရင် ခဏ အကြာမှာ လူက အိပ်ချင် သွားတာ မျိုးတွေ ဖြစ်စေပါတယ်။ blood glucose levels တွေ ကျ သွားပြီး ပင်ပန်း အားအင်ကုန်ခမ်းသလို ဖြစ်သွားလို့ အဲ့ဒီလို ခံစားရတာပါ။

Minerals သတ္တုဓါတ် တွေကို လျင်မြန်စွာ ကုန်ခမ်းစေ
လူ့ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ Minerals သတ္တုဓါတ် တွေကို လျင်မြန်စွာ ကုန်ခမ်း စေနိုင်ပါတယ်။မနက် စောစော ကော် ဖီ ကို သောက် မယ်ဆိုရင် တော့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ် တွေ ကုန် ခမ်း သွားစေနိုင်ပါတယ်။အစာ မရှိပဲ ကော်ဖီ သောက် လိုက် ရင် တော့ iron, magnesium နဲ့ ဗီတာမင် ဘီ တို့ ကို စုပ် ယူ သွားပြီး လျင်မြန်စွာ ကုန်ခမ်းသွားမှာပါ။ caffeine ဓါတ် သိပ် များ သွား ရင် တော့ အရိုးထဲမှာရှိတဲ့ Calcium ကို မြန်မြန် ကုန်ခမ်း စေကာ အရိုးသန်မာမှု အားနည်းတာ မျိုးတွေ ဖြစ်စေပါတယ်။

အစာအိမ်ကို ထိစေ
မနက် စောစော မှာ ဘာ မှ မစားပဲ နေတာ၊ကော်ဖီ လေး တစ်ခွက်ပဲ သောက်တာ မျိုးတွေ လုံးဝ မလုပ်ပါနဲ့။ကြာလာရင် အစာ အိမ် ထိ စေနို်င်ပါတယ်။ကော်ဖီမှာ ပါတဲ့ caffeine ဓါတ် က အာရုံ ကြော စနစ်ကို နှိုး ဆွ ပေးနိုင်ပါတယ်။ဒါပေမယ့် ဗိုက်ထဲမှာ အစာ မရှိပဲ သောက် ရင် တော့ အူမကြီးကို သွားထိ ခို်က်ကာ ဝမ်းလျှောတာ မျိုးတွေ ဖြစ် စေ နိုင်ပါတယ်။ဒါ့ အပြင် အစာချေ စနစ် ကိုပါ သွားပြီး ထိ ခိုက်စေကာ အစာအိမ်နာတာ ၊အောင့်တာ မျိုးတွေ ဖြစ်စေနို်င်ပါတယ်။

၀ိတ်တတ်စေ

Black Coffee က ဝိတ်ကျ စေပေမယ့် အစာမရှိပဲ သောက်ရင် တော့ ၀ိတ် တက် စေပါတယ်။ Black Coffee က အိပ်စက် ခြင်းကို ထိ ခိုက် စေပါတယ်။အိပ်ရေး ပျက်တာ များရင် အချိုကို ပို တောင့်တ တတ်ပါတယ်။တောင့်တ တဲ့ အချိုတွေ၊Energy Drinks တွေကို သောက် ပါ များရင် တော့ ၀ိတ်တတ်လာ စေပါတယ်။

အသားခြောက်စေ
ကော်ဖီ က ခန္ဓာကိုယ်ကို ရေဓါတ် မလုံ လောက်တာ မျိုးတွေ ဖြစ်စေပါတယ်။တစ်ချို့ ရေ သောက်နည်းပြီး ကော်ဖီ အသောက်များ ရင် ပို ဆိုးပါတယ်။ရေဓါတ် မလုံ လောက်တာ များရင် တော့ အဆိပ် အတောက် တွေကို မဖယ်ရှားနိုင် တော့ပဲ အသားအရေ  ကြည်လင် စို ပြေ လှပ တာ မျိုးတွေ မရှိပဲ အသားခြောက် အသားပတ် တာတွေ ရှိလာ နိုင်ပါတယ်။အသားခြောက် ခြင်းရဲ့ နောက်ဆက် တွဲ က တော့ အရွယ် မတိုင်ခင် အရေးအကြောင်းတွေ ဖြစ် ပေါ် စေပါတယ်။

ShweMom

No comments