New Artical

အမျိုးသမီးအင်္ဂါကို မလုပ်သင့်သည့်အရာများ


 ပြွတ်နဲ့ထိုးသွင်းပြီး ရေမဆေးရ

တစ်ချို့က Douching Advice (ရေပြွတ်ကဲ့သို့သော)အရာများသုံးပြီး ယောနိအတွင်းပိုင်းကို ထိုးသွင်းကာ သန့်ရှင်းရေး လုပ်ကြပါတယ်။ ပိုးသတ်သန့်စင်ထားကြောင်း ကြေငြာထားရင်လည်း အသုံးပြုဖို့ မသင့်ပါဘူး။ သားအိမ်အတွင်းပိုင်းဟာ အရမ်းနူးညံပြီး pH ပမာဏလွန်ကဲတဲ့ ရေနဲ့ တွေ့ရင် ပျက်ဆီးတတ်သလို အခြားဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါတယ်။

လက်ဖြစ်ဆေးဝါးများ မသုံးရ

တစ်ချို့တွေက ရာသီလာတဲ့အခါမျိုးမှာ အင်္ဂါရောင်ရမ်းမှုကို သက်သာစေဖို့ ပေါင်းမြက်နဲ့ အုံခြင်း၊ လက်ဖက်ခြောက်အဖန်ရည်နဲ့ ဆေးခြင်း၊ ရေခဲသွင်းခြင်းများ လုပ်တတ်ကြပါတယ်။ ဒါတွေကို လုံးဝ ရှောင်ရှားရမယ်ဆိုတာာ အမျိုးသမီးတိုင်း သိ စေချင်ပါတယ်။


အရာဝတ္ထုများနဲ့ ကျဉ်းမြောင်းအောင် မပြုလုပ်ရ

လင်ယောက်ျားရဲ့ အလိုကိုလိုက်ပြီး အရာဝတ္ထု၊ ဖော့၊ စက္ကူအစရှိတဲ့ ပစ္စည်းတွေသုံးပြီး လမ်းကြောင်းကျဉ်းမြောင်းအောင် လုပ်ခြင်း၊ ကျောက်ချဉ်ကဲ့သို့သော အရာများ လိမ်းခြင်းဟာ သားအိမ် ခေါင်းကင်ဆာ ကိုတောင် ဖြစ်စေနို်င်သည်အထိ ဖြစ်စေပါတယ်။
 

ပရဆေးများ မသုံးရ

ပရဆေးတွေနဲ့ ဟုတ်နိုးနိုးဖြင့် အင်္ဂါကို လိမ်းခြင်း၊ မိမိဘာသာ တက်သလောက် မှတ်သလောက် လုပ်ခြင်းတွေကို ရှောင် ရပါမယ်။ ရောဂါဆိုးတွေ ပေးတဲ့အရာတွေ ဖြစ်ပါတယ်။
 

လိင်ဆက်ဆံပြီး ချက်ချင်းအပေါ့သွားခြင်းမပြုရ

လိင်ဆက်ဆံပြီးတာနဲ့ ချက်ချင်းအပေါ့သွားတာကို ရှောင်ရှားရပါမယ်။ အကြောင်းကတော့ ဆီးထဲမှာ အန္တရာယ်ပေးနို်င်တဲ့ ရောဂါပိုးတွေ ပါဝင်လို့ လက်လက်ဆက်ဆက် ပွန်းပဲ့ဒဏ်ရာရထားတဲ့ လမ်းကြောင်းကြွက်သားနဲ့ ထိတွေ့ရင် ရောဂါ ရစေနိုင်ပါတယ်။

ဘယ်လို …  သန့်ရှင်းရေးလုပ်ရမလဲ

pH ပမာဏ 4.5 ထက်မနည်း 8 ထက်မပိုသော Feminine Care Product များကို သုံးပါ Feminine Care Product များကို ရွေးချယ်ဝယ်ယူတဲ့အခါမှာလည်း ကျန်းမာရေးစံညွှန်းနှင့် ကိုက်ညီသော (ဥပမာ – pH Care ကဲ့သို့ ) ပစ္စည်းများကို ရွေးချယ်အသုံးပြုပါ။
 
ရေနွေးနဲ့ ဆေးပါ
ရေနွေးနဲ့ အပြင်ကနေ သန့်ရှင်းအောင် ဆေးနိုင်ပါတယ်။ ရေပန်းနဲ့ ခပ်ပြင်းပြင်းလေး ပန်းပြီးပေါ့။ လက်နဲ့မပွတ်ရင်တောင် အဲဒီနည်းက သန့်ရှင်းစင်ကြယ်စေပါတယ်။

 

ကျန်းမာရေးညွှန်းကိန်းနဲ့ လျှော်ညီသော လစဉ်သုံးပစ္စည်းကို သုံးပါ
အချို့ပစ္စည်းတွေဟာ ရောင်းကောင်းဖို့ အဓိကထား ထုတ်ပိုးထားတာဖြစ်ပါတယ်။ ဘယ်ကျန်းမာရေးဌာနကမှ ထောက်ခံထားတာမျိုး မရှိပါဘူး။ ဒီလိုမျိုးပစ္စည်းမျိုးကို မိမိတို့ဘာသာ ဆန်းစစ်ဖို့ လိုပါတယ်။

 ပိုးသတ်ထားတဲ့ အဝတ်နဲ့ ရှေ့နောက်အပေါ်အောက် သုတ်ပေးပါ
ရေမွေး၊ ဓာတုဓာတ်ပေါင်းတွေ ပါဝင်တဲ့ တစ်ရှူး/စက္ကူ စတာတွေ လုံးဝ မသုံးရပါ။ ပိုးသတ်ထားတဲ့ အဝတ်နဲ့ ရှေ့နောက်အ ပေါ်အောက် သုတ်ပေးနိုင်ပါတယ်။

ဝါချည်စစ်စစ်နဲ့ပြုလုပ်ထားတဲ့ အတွင်းခံအထည်များကို ရွေးချယ်ဝတ်ဆင်ပါ 

ဝါချည်နဲ့ပြုလုပ်ထားခြင်းကြောင့် အခြား ဓာတုဆေးတွေ မပါဝင်ပါဘူး။ အခြား စွပ်ကျယ်ကဲ့သို့သော ကုန်ကြမ်းတွေနဲ့ ထုတ်လုပ်ထားတဲ့ အတွင်းခံတွေမှာ ဓာတုပစ္စည်း အမြောက်အများပါဝင်လို့ ဆိုးကျိူးကို ဖြစ်စေကြောင်း သတိပေးလိုက်ပါရစေ။

မဒီလေး Shwemom

No comments