New Artical

အာဏာသိမ်းမှုအပြီး ထိုင်း AmataGroupမှ မြန်မာနိုင်ငံတွင်း ဖော်ဆောင်မည့် ဒေါ်လာတစ်ဘီလျံတန် အိမ်ခြံမြေ ပရောဂျက်အား ဆိုင်းငံ့


ထိုင်းနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေလုပ်ငန်းစုကြီး ဖြစ်သော Amataမှ မြန်မာနိုင်ငံအတွင်း ဖော်ဆောင်မည့် ဒေါ်လာ၁ဘီလျံတန် အိမ်ခြံမြေprojectကြီးအား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း NikkeiAsiaမှရေးသားသည်။

တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းပြီး နောက်ဆက်တွဲဖြစ် လာမည့်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် နိုင်ငံတကာမှ ပိတ်ဆို့အရေးယူမှုများ ဖြစ်လာနိုင် ခြင်းကြောင့် ထိုပရောဂျက် ကိုရပ်ဆိုင်းနိုင်ခြင်း ဖြစ်ကြောင်း NikkeiAsiaမှ သုံးသပ်ထားသည်။ အဆိုပါprojectကို Amataကပြီးခဲ့သော ဒီဇင်ဘာလ ထဲတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဧက၂၀၀၀ အကျယ်အဝန်း ရှိမည်ဖြစ်သည်။ လက်ရှိတွင်နိုင်ငံရေး အရှုပ်အထွေးများကြောင့် အဆိုပါစီမံကိန်းကို ဆိုင်းငံ့ ထားလိုက်ခြင်း ဖြစ်ကြောင်း AmataGroupမှ ChiefMarketingOfficer ဖြစ်သူ ViboonKromadit(ဗီဗောင်ခရိုမာတစ်)က ပြီးခဲ့သော အင်္ဂါနေ့တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

YangonAmataSmartandEcoCity စီမံကိန်းသည် ဧက၂၀၀၀တွင် လူနေအိမ်ရာများ၊ ရုံးခန်းများနှင့် စက်မှုဇုန်များ တည်ဆောက်ခြင်းတို့ ပါဝင်မည်ဖြစ်ကာ ပြီးစီးခဲ့ပါက ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၃,၀၀၀ကျော် ဖန်တီးပေးနိုင်မည့် စီမံကိန်းလည်း ဖြစ်သည်။

No comments