New Artical

လေကြောင်းလိုင်းတွေ တိဘက်ကုန်းမြင့် ဒေသပေါ်ကဘာလို့ဖြတ်မပျံကြတာလဲ


ကမ္ဘာတစ်ဝန်းလေကြောင်းပျံ သန်းမှုတွေကိုအချိန်နှင့် တစ်ပြေးညီကြည့်ရှုနိုင်တဲ့ FlightAwareMapကို ကြည့်မည်ဆိုပါက ထူးခြားမှုတစ်ခုတွေ့ ရမည်ဖြစ်ပါသည်။ ထိုအချက်ကတော့ တိဘက်ကုန်းမြင့်ဒေသပေါ်မှာ မည်သည့်လေယာဉ်မှ ဖြတ်ကျော်ပျံသန်းမှု မရှိဘူးဆိုတာပါပဲ။ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်တောင်ဘက်ပိုင်းမှာ တည်ရှိပါသည်။အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ အနောက်တောင်ဘက်တွင်နီပေါနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဘူတန်နိုင်ငံတို့က အနောက်တောင်ဘက်တွင် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိကြပါသည်။တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသသည် တိဘက်ကုန်းပြင်မြင့်ပေါ်တွင် တည်ရှိပါသည်။ အဆိုပါကုန်းမြင့်ဒေသသည် ကမ္ဘာ့အကြီးဆုံးနှင့် အမြင့်မားဆုံး ကုန်းမြင့်ဒေသလည်းဖြစ်ပါသည်။ ဧရိယာစတုရန်းမိုင် ၉၆၅,၀၀၀ (၂,၅၀၀,၀၀၀ စတုရန်း ကီလိုမီတာ) ကျယ်ဝန်းပါသည်။ ပြင်သစ်နိုင်ငံဧရိယာ အကျယ်အဝန်း၏ ၅ ဆကျော်မျှကျယ်ဝန်းပါသည်။

တိဘက်ကုန်းမြင့်ဒေသတွင် အများစုမှာ အမြင့်ပေ၁၃၀၀၀ နှင့် ၁၅၀၀၀ (၄၀၀၀မီတာမှ၅၀၀၀မီတာကြား) နေထိုင်ကြ ခြင်းလည်းဖြစ်ပါသည်။ ထို့ကြောင့်လည်း ကမ္ဘာ့ခေါင်မိုးလို့ တင်စားခေါ်ဝေါ်ကြခြင်းဖြစ်ပါသည်။ တိဘက်ကုန်းမြင့် ဒေသသည် ကမ္ဘာ့အမြင့်ဆုံး တောင်နှစ်ခုနှင့်လည်း ထိစပ်နေပါသည်။ ဧဝရက်တောင် ထိပ်အမြင့်ပေ၂၉၀၂၉ပေ (၈၈၄၈မီတာ) နှင့် K2တောင်ထိပ်အမြင့်ပေ၂၈၂၅၁ပေ (၈၆၁၀မီတာ) ထိမြင့်မားကြ ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း ကတိဘက်ကုန်းမြင့်ဒေသ ပေါ်လေယာဉ်များပျံသန်းခြင်း ကိုကမ္ဘာကြီး ပေါ်ပျံသန်းခြင်း(flyingtheHump)ဟု အမည်ပေးထား ကြပါသည်။ ဗမာပြည်ထဲက လမ်းမကြီးကို ဂျပန် တပ်ဖွဲ့များ သိမ်းပိုက်ထားခဲ့ပြီးနောက်ပိုင်းတွင် အိန္ဒိယနိုင်ငံထဲမှာရှိနေသော ဗြိတိန်လေယာဉ်မှူးများသည် ကုန်ပစ္စည်းများကို လေယာဉ်ဖြင့် တရုတ်နိုင်ငံအတွင်းရှိ မဟာမိတ်များကို ထောက်ပံ့ပေးနိုင်ဖို့ တိဘက် ကုန်းမြင့်ဒေသကို ဖြတ်ကျော်ပျံသန်းရပါတော့သည်။ ဂျာမန်နိုင်ငံကို နေ့ခင်းဘက်ကြီး ဗုံးကြဲတိုက်ခိုက်မှု များထက်အဆိုပါ TheHumpပျံသန်းခဲ့မှုမှာ ပိုင်းလော့များအများအပြားအသက် ဆုံးရှုံးခဲ့ကြရပါသည်။ အဆိုပါ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိန်တို့မဟာမိတ်များထံ စစ်ကူပေးရန် အသုံးပြုခဲ့သော တိဘက်ဖြတ်ကျော် ပျံသန်းခဲ့သော လမ်းကြောင်းသည် ၈၄၀ ကီလိုမီတာသာရှည်လျားခဲ့သည်။ အဆိုပါ၄၂လတာကာ လအတွင်း လေယာဉ်ပေါင်း ၅၉၄ စီးနှင့် လေယာဉ်မှူးနှင့် အဖွဲ့သားပေါင်း၁၆၅၉ဦး ဆုံးရှုံးခဲ့ရကြောင်းအထောက် အထားများအရတွေ့ရှိရပါသည်။ တိဘက်ကုန်းမြင့်ဒေသပေါ်က ဖြတ်ကျော်ပျံသန်းခြင်းသည် ပြဿနာတစ်ရပ် ဖြစ်နေဆဲဖြစ်ပါသည်။ အဓိကအကြောင်းအရင်း ကတော့(၄)ချက်ရှိပါသည်။ ပထမအချက်ကတော့ အဆိုပါဒေသတွင်းမှာလေဆိပ်နှစ်ခုသာရှိသည့်အတွက်ကြောင့်ဖြစ်ပါသည်။  

 တိဘက်ကိုယ်ပိုင်အုပ်ချုပ်ရေးနယ် မြေအတွင်းရှိ Lhasaမှာရှိသော LhasaGonggarလေယာဉ်ကွင်းနှင့် နီပေါနိုင်ငံ ခေတ္တမန္ဒူမှာရှိသော Tribhuvan အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းတို့ပဲဖြစ်ပါသည်။ ဆေးဝါး ဆိုင်ရာ အရေးပေါ်အကူအညီလေယာဉ်ပေါ်မှာပါရှိခဲ့ လျှင်အဆင်ပြေနိုင်ပါတယ်။ လေယာဉ်ကွင်း ပြောင်းဆင်းဖို့ အခြားလေယာဉ်ကွင်းမရှိပါဘူး။မြို့တော်Lhasa လေယာဉ်ကွင်းမှာ လေယာဉ်ဆင်းသက်သည့် အခါတွင်အချို့ လူများအတွက်ပြဿနာတစ်ရပ်ဖြစ်နေပါသည်။ အဘယ်ကြောင့်ဆိုသော အမြင့်၃၆၅၀မီတာ (၁၁၉၇၅ပေ) အမြင့်တွင် လေယာဉ်ကွင်းတည်ရှိနေသောကြောင့်တစ်ချို့ လူများအတွက် အသက်ရှုရန်အသားကျရန် အတွက် ပြဿနာကြီး တစ်ရပ်ဖြစ်သည်။ဒုတိယအချက်မှာအရေးပေါ် အောက်ဆီဂျင် ပြဿနာဖြစ်သည်။ လေယာဉ်များ တွင် အောက်ဆီဂျင်ပေးသည့်အဝါရောင်အောက်ဆီဂျင်နှာခေါင်း စွပ်များသည် လေယာဉ်အခန်းတွင် အောက်ဆီ ဂျင် နည်းပါးသည့်အရေးပေါ်အခြေအနေအတွက်အသုံးပြုနိုင်ပြီးထိုင် ခုံအသီးသီးပေါ် တွင်သိုလှောင်ထားသော မီးလောင်လွယ်သည့် ဓာတုပစ္စည်းများထည့်ထားသည့်canistersများနှင့် ချိတ်ဆက်ထားခြင်းဖြစ်ပါသည်။ လေယာဉ်မယ်/မောင်များက အဆိုပါmaskများကို ဆွဲချရန်ညွှန်ကြားပါလိမ့်မည်။ အဆိုပါလှုပ်ရှားမှုတွင် ဓာတုပစ္စည်း များကိုမီးလောင်နိုင်စေသောကြောင့်ဖြစ်သည်။အဆိုပါဓာတုပစ္စည်းများကပင် အောက်ဆီဂျင်ထုတ် လုပ်ပေးသည့်အရာများလည်း ဖြစ်သည်။ လေယာဉ်တစ်စီးလုံး အတွက် လုံလောက်သော၁၀မိနစ် မှမိနစ် ၂၀ စာကြာအောက်ဆီဂျင် ပမာဏကိုသာ သယ်ဆောင်နိုင်ကြပါသည်။ အမြင့်ပေ၁၀၀၀၀(၃၀၄၈မီတာ) အောက်ဆင်းသက် ပျံသန်းပါက အသက်ကောင်းကောင်း ရှုနိုင်သောလေရရှိနိုင်မည်လည်း ဖြစ်သည့် အတွက်ဖြစ်ပါ သည်။ သို့ရာတွင် တိဘက်ကုန်းမြင့်ဒေသ အများစုမှာ အမြင့်ပေ၁၀၀၀၀အထက် (၃၀၄၈မီတာ) တွင်၌သာတည်ရှိ တတ်ကြသည်။ တတိယအချက်မှာ လေယာဉ်တွင်အသုံးပြုသည့် အင်ဂျင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်အတွက်ဖြစ် ပါသည်။ engineoutdriftprocedures ဟုလူသိများပြီး အဆိုပါစည်းမျည်း လုပ်ဆောင်ချက်များသည် လေယာဉ်မှူးများ လိုက်နာရန် ညွှန်ကြားချက်များထဲမှ တစ်ခုလည်းဖြစ်သည်။ အင်ဂျင်ထိခိုက်ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန်လိုက်နာရမည့် ညွှန်ကြားချက်များလည်းဖြစ်ပါသည်။ ခေတ်မီ လေယာဉ် များသည် အင်ဂျင်တစ်စုံတစ်ခုချို့ယွင်းပျက်စီးမှု ဖြစ် ပေါ်လာလျှင် ပင်ပျံသန်းနိုင်ရန် ဒီဇိုင်းရေးဆွဲလာ ကြပါသည်။ သို့သော်လေယာဉ်များသည် ပျံသန်းချိန်တွင်အမြင့်မှ အနိမ့်သို့driftdown နိမ့်ဆင်းပျံသန်းရမည် ဖြစ်ပါသည်။ အဆိုပါအမြင့်မှာ လေယာဉ်၏ အသားတင်အလေးချိန်နှင့်ချိန် ဆသတ်မှတ်ပေးထား ပျံသန်းကြရပါသည်။ တိဘက်ကုန်းမြင့် ဒေသပေါ်တွင် အဆိုပါsafealtitude (ဘေးကင်းအမြင့်) မှာမြေပြင် ပကတိအမြင့်ထက်နိမ့်ပါး (နည်းပါး)နေသည့်အတွက် လေယာဉ်အမြင့်ကစားပျံသန်း ရန်မဖြစ်နိုင်သည့် အခြေအနေဖြစ်ပါသည်။ နောက်ဆုံးအချက်မှာ cleanairturbulence ဟုခေါ်သော ကြိုတင်မမျှော်မှန်း နိုင်သော အနှောင့်အယှက် အတားအဆီး သဘာဝဘေးများ ဖြစ်ပါသည်။ အဆင့်မြင့် လေယာဉ်မှူးများပင် ကြိုတင်တွက်ဆ နိုင်ခြင်းမရှိပါ။ တောင်ကုန်းတောင် တန်းများကြောင့် လေစီးကြောင်း အချို့ဧရိယာများတွင် လေတိုက်အားမှာ ဒေါင်လိုက် တိုက်ခတ်လာသော လေပြင်းများနှင့် အပူချိန်ပြောင်း ပြန်လှန်ပြောင်းလဲမှု များဖြစ်ပေါ်နေတတ်ကြပါသည်။ အဆိုပါ clearairturbulenceလေ တိုက်နှုန်း ပြင်းထန်မြင့်မား မှုများသည် လေယာဉ်တစ်စီးအား ထိခိုက်ဖျက်ဆီး ပစ်လိုက်နိုင်သည်အထိ အန္တရာယ်ကြီးမားလှပါသည်။ အမေရိကန် နိုင်ငံလေကြောင်း ဖက်ဒရယ်အဖွဲ့ကြီး အဆိုအရ learairturbulence သည်ခရီးသည်များနှင့် လေယာဉ်အဖွဲ့သားများ အားလုံးထိခိုက်ဒဏ်ရာ ရရှိသွားစေနိုင်ကြောင်း ပြောကြားထားခဲ့ပါသည်။ 

Credit

No comments