မရဏလမ်းဆုံ (သို့) ဘာမြူဒါ တြိဂံ
Bermuda Triangle
ဘာမြူဒါ
တြိဂံ (Bermuda Triangle) သည် အတ္တလန်တစ် (Atlantic) သမုဒ္ဒရာ၏
အနောက်မြောက်အရပ်တွင် တည်ရှိသော နေရာတဝိုက်ဖြစ်ပြီး ထိုနေရာမှာ သင်္ဘော၊
လေယာဉ်များ ပျောက်ဆုံးသွားသည်ဟု နာမည်ကြီးသော နေရာဖြစ်သည်။ ဘာမြူဒါ တြိဂံဟု
ခေါ်ရခြင်းမှာ ထိုနေရာတည်နေပုံသည် တြိဂံပုံထွက်နေသောကြောင့်ဖြစ်သည်။
အကြမ်းဖျင်း အားဖြင့် မက္ကဆီကို ပင်လယ်ကွေ့၊ ဖလော်ရီဒါ ပြည်နယ်၏
အစွန်းနှင့် ကာရီဘီယံကျွန်းများ အနီးတစ်ဝိုက်ဖြစ်သည်။
ထိုနေရာကို
သတိထားမိပြီး ပထမဆုံး မှတ်တမ်းတင်ခဲ့သည်မှာ ခရစ်စတိုဖာ ကိုလမ်ဘက်စ်
(Christopher Columbus) ဖြစ်သည်။ ၁၄၉၂ အောက်တိုဘာ ၁၁ ရက်နေ့တွင်
မိုးကုတ်စက်ဝိုင်းမှ ထူးဆန်းသည့် အလင်းရောင်များကို တွေ့ရှိခဲ့သည်။
မိုးကောင်းကင်တွင် မီးများ တောက်နေသကဲ့သို့ တွေ့ရသည်ဟု သူ၏စာအုပ်တွင်
ရေးသားခဲ့ခြင်းဖြစ်သည်။ မည်သည့်အတွက်ကြောင့် ထိုသို့ဖြစ်ရသည်ကို မည်သူမျှ
အသေအချာမသိသေးပါ။
အရီဇိုးနားပြည်နယ်တက္ကသိုလ်မှ
သုတေသီ လောရင့် ဒေးဗစ် ကူရှေး (Lawrence David Kushe) သည်
သုတေသနပြုလုပ်ပြီးနောက် The Bermuda Triangle Mystery: Solved (1975)
စာအုပ်ကို ရေးသားခဲ့ပြီး မှတ်ချက်ချလိုက်သည်မှာ ထိုနေရာတွင် သင်္ဘော၊
လေယာဉ်များ အရေအတွက်များစွာပျောက်ဆုံးခဲ့သည်မှာ ထိုဒေသတွင်
မုန်တိုင်းတစ်ခုရှိနေခြင်းဖြစ်နိုင်သည်။ ထိုနေရာ တဝိုက်မှာ
အမြဲမုန်တိုင်းရှိနေတတ်သည်။ အချို့လေယာဉ်များက ပျောက်ဆုံးသွားသည်ဟု
ပြောကြသော်လည်း ကောလာဟလသာဖြစ်၍ အမှန်တကယ် ပျောက်ဆုံးခြင်းမရှိဟု ဆိုထားသည်။
သဘာဝကျကျ
တွေးကြည့်မည်ဆိုလျှင် ရေမုန်တိုင်းများ ဖြစ်နိုင်သည်။
ရေနွေးစီးကြောင်းများလည်း ဖြစ်နိုင်သည်။ (ရေနွေးစီးကြောင်းများသည်
ပင်လယ်ပေါ်မှာ ပေါ်နေသည့် အရာများကို သယ်ဆောင်သွားနိုင်သည်ဟု ဆိုပါသည်)
ထို့အပြင် ပင်လယ်ပြင်တွင် တစ်ချက်တစ်ချက် မုန်တိုင်းကြီးများ
ဖြစ်ပေါ်တတ်ပြီး သင်္ဘောများ မြုပ်သွားခြင်းလည်း ဖြစ်နိုင်သည်။
အခြားတွေးရန် အချက်မှာ ထိုနေရာရှိ ကမ္ဘာ့ဆွဲငင်အားမှာ
ထူးခြားမှုတစ်စုံတစ်ရာ ရှိနေခြင်းပင်ဖြစ်သည်။ သို့သော် ထိုအချက်ကို
သက်သေမပြနိုင်ပေ။
ထိုနေရာ
တစ်ဝိုက်အရောက်တွင် ပျောက်သွားသော သင်္ဘောနှင့် လေယာဉ်
အများအပြားပင်ရှိပါသည်။ ပထမကမ္ဘာစစ်အတွင်းက အမေရိကန် စစ်သင်္ဘောလည်း
ပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည်။ အမေရိကန်ရေတပ်၏အဆိုအရ ထိုနေရာသည် အမေရိကန်
ပထဝီဆိုင်ရာ နာမည်သတ်မှတ်ချက်တွင် မရှိဟုဆိုသည်။
ဘာမြူဒါတြိဂံဒေသသည်
ကမ္ဘာ့ရေသင်္ချိုင်း များ အနက် ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်ရုံ မျှမက
လျို့ဝှက်ဆန်းကြယ်၍ အသိရခက်လှသော ရေပြင်ကြီးလည်း ဖြစ်သည်။ ယင်းဒေသတွင်
ရေပြင်၌ သာသင်္ဘောနှင့်လူတို့ ပျောက်ကြရသည် မဟုတ်၊ ထိုရေပြင်အထက်မှ
ကောင်းကင်ပြင်တွင် ဖြတ်ကျော်ပျံသန်း သွားသော လေယာဉ်များပင် ထူးဆန်းစွာ
ပျောက်ခဲ့ကြရသည်။ ထို့ကြောင့် ဘာမြူဒါတြိဂံ ဒေသကို မရဏလမ်းဆုံ ဟူ၍
တင်စားကြသည်။
ဘာမြူဒါတြိဂံဟူသောဝေါဟာရကို
ပထဝီဝင်ဝေါဟာရကို ပထဝီဝင် သုသေသီတစ်ဦးဖြစ်သည့် ဗင်ဆင့် အိတ်ချဂါဒစ် ဆိုသူက
၁၉၆၄ ခုနှစ်တွင် သူ၏ဆောင်းပါးတစ်ပုဒ်၌အမှတ် မထင် သုံးစွဲလိုက်ရာမှ
ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုတြိဂံဒေသသည် အမေရိကန်ပြည် ဖလော်ရစ်ဒါကမ်းခြေမှ
ပွာတိုရီကိုသို့ မျဉ်းကြောင်းဆွဲ၍ ယင်းမှမြောက်ဘက်ရှိ
ဗာမျူဒါကျွန်းသို့ဆက်လက်၍ ဆွဲသွားပြီးထိုမှတစ်ဖန် မူလဖလော်ရစ်ဒါ
ကမ်းခြေသို့ပြန်ဆွဲ သည့် စိတ်ကူးထဲမှတြိဂံတစ်ခုသာဖြစ်သည်။
ယင်းဖိုခနောက်
သုံးပွင့်ဆိုင်အတွင်း သက်ဆင်းမိသောရေယာဉ်၊ လေယာဉ်ဟူသမျှမည်သည့် သတင်းမှ
နောက်ထပ်မကြားသိရတော့ဘဲ စုပ်စမြုပ်စ ပျောက်ကွယ်ရသည်ချည်း ဖြစ်နေသည်မှာ
ယခုကဲ့သို့ သိပ္ပံပညာထွန်းကားမှု အားကောင်းနေသော ခေတ်ကြီးတွင်
ခေါင်းရှုပ်စရာပြဿနာ တစ်ရပ်ဖြစ်နေလေသည်။ ပင်လယ်တွင်း၌
သင်္ဘောပျက်သည်ဆိုလျှင် သာမန်အားဖြင့် သင်္ဘောပေါ်မှ ဖိတ်အန်ကျလာသော
ဆီကွက်ကြီးများသည် ရေပြင်တစ်ကြော၌ မိုင်ပေါင်းများစွာအထိ ပျံ့နှံ့နေတတ်သည်။
သင်္ဘောပေါ်ရှိအသုံးအဆောင် ပစ္စည်းတို့သည်လည်း ရေပေါ်တွင်
ပေါလောမျောနေနိုင်ကြသည်။ နောက်ဆုံးတွင် လူသေလောင်းများပင်ရေစီးအတိုင်း
ပါလာနိုင်ကြသည်။
ဘာမြူဒါတြိဂံဒေသအတွင်း၌
ပျောက်သွားသော သင်္ဘောများကမူ သဲလွန်စဟူ၍ ဘာမျှ မတွေ့ရတော့ချေ။
အလွန့်အလွန်ကံကြီး လွန်းသူများသာလျှင် မိမိတို့၏ သဲထိတ်ရင်ဖို
အတွေ့အကြုံကိုပြန်လည်ပြောနိုင်ခဲ့ကြ သည်။ ထိုသူတို့၏ ပြောပြချက်များအရ
ထိုဒေသတွင် ဖြတ်သန်းမိသော လေယာဉ်များသည် ကောင်းကင်၌ နိမ့်ချည်
မြင့်ချည်နှင့် လှိုင်းပေါ်မှ လှေကဲ့သို့ ခံစားကြရသည်ဟုသိရ၏။
လေယာဉ်မှူးတို့သည်လည်း
ရှေတူရူ ဆီတွင်ဘာကိုမှမမြင်ရဘဲ ပတ်ဝန်းကျင် မြင်ကွင်းအားလုံးပျောက်ကွယ်၍
နေကြသည်။ မိမိတို့လေယာဉ်မည်သည့် ဒေသရောက်နေသည်ကို မသိနိုင်ကြ တော့ဟု
ဆိုလေသည်။ လေယာဉ်စက်ခန်းထဲရှိ စက်ခလုတ်ခုံပေါ် တွင်ကိရိယာအားလုံး
ရပ်ဆိုင်းနေသည်ကိုသာတွေ့ရ တတ်ကြ သည်။ ယင်းသည်
ဘာမြူဒါတြိဂံဒေသတွင်အချိန်နှင့်နေရာတို့ ပျောက်နေခြင်းသဘောပင်ဖြစ်လေသည်။
ထိုမျှမက ရေဒီယို အဆက်အသွယ်လည်း လုံးဝပျောက်ကွယ်သွားကာ အသံတိတ်
ကမ္ဘာလေးတစ်ခုအဖြစ် ဖန်တီးဖြစ်ပေါ်လာတတ်လေ့ရှိသည်။
ဘာမြူဒါတြိဂံကဲ့သို့
အုတ်အော် သောင်းနင်းမဖြစ်သော်လည်း အလားတူ ကြောက်မက်ဖွယ်ကောင်းသော
ရေသင်္ချိုင်းကြီး တစ်ခုလည်းရှိပေသေးသည်။ ယင်းမှာ ပစိဖိတ်သမုဒ္ဒရာတွင်းမှ
ဗိုနင်ကျွန်းစု၏ အရှေ့ဘက်တွင်ရှိ သည်။ ဂျပန်နိုင်ငံမှဆိုလျှင်
တောင်ဘက်ကျသည်။ ထို့ကြောင့် ယင်းရေသင်္ချိုင်းထဲတွင် ဂျပန်ငါးဖမ်း
သင်္ဘောများ အများဆုံးပျောက်ဆုံးခဲ့ကြရသည်။
ဒုတိယကမ္ဘာစစ်ပြီးဆုံးသောအခါ
အမေရိကန် လေတပ်အခြေစိုက်စခန်းထားရှိရာ ဂူအမ်ကျွန်းနှင့်
ဂျပန်ပြည်တို့အကြား ကူးလူးပျံသန်းကြသော အမေရိကန်စစ်လေယာဉ်တို့ပါ
ထပ်မံပျောက်ဆုံးကြရပြန်သည်။
သိပ္ပံပညာဖြင့်
ဖြေရှင်း၍ မရသေးသော ကိစ္စရပ်များ လေ့လာရေး အသင်းကြီးကို တည်ထောင်ခဲ့သော
အိုင်ဗန်တီ ဆင်ဒါ့ဆန်ဆိုသူ သုတေသီ၏အလိုအရ ကမ္ဘာ့ သမုဒ္ဒရာခုနစ်စင်းတို့တွင်
အန္တရာယ်ကြီးသော ရေသင်္ချိုင်း ကြီးပေါင်း ၁၂ ခုရှိသည်ဟု သိရသည်။
ထိုစာရင်းမှ အထက်ပါ ရေသင်္ချိုင်းကြီး နှစ်ခု ကိုနုတ်လိုက်သော်
ဆယ်ခုကျန်သည်။ ယင်းတို့သည် ကမ္ဘာ့မြောက်ဘက်ခြမ်း၌ငါးခု၊
တောင်ဘက်ခြမ်း၌ငါးခု စီရှိကြသည်။ မြောက်ဘက်မှ ရေသင်္ချိုင်းကြီးများသည်
လောင်ဂျီတွဒ် ရ၂ ဒီဂရီခန့်တွင် ဗဟိုပြုလျက်ရှိ သည်။
အချို့သော
သိပ္ပံပညာရှင်တို့ကမူ ထိုရေသင်္ချိုင်းများရှိရာ ဒေသတစ်ဝိုက်၌
သံလိုက်ဆွဲအားများ ပြင်းထန်စွာကျရောက် နေလိမ့်မည်ဟု ထင်မြင်ကြသည်။
အချို့ကလည်း အာကာသထဲမှ ကော့စမစ်ရောင်ခြည်တို့က စုပ်ယူ လိုက်သဖြင့်
အငွေ့ဖြစ်ပြီး ပျောက်ကွယ်သွားခြင်းဖြစ်သည်ဟု ယူဆကြသည်။
အမှန်ဆိုသော် အာကာသထဲမှကျလာသော ဓာတ်မှုန်တို့ကား မျိုးမည်မခွဲခြား နိုင်လောက်အောင်ပင် များပြားရှုပ်ထွေး ကြပါပေ၏။
ထိုဓာတ်မှုန်တို့သည်
အချိန်နှင့်အမျှ လူတို့နေရာ ဤကမ္ဘာကို ထိမှန်ကျရောက်လျက်ရှိသည်။
ယင်းတို့အနက် အချို့မှာ အလွန်ထူးခြားဆန်းကြယ်သော ဂုဏ်သတ္တိရှိကြ လေသည်။
နျူထရီနိုခေါ် ဓာတ်မှုန်သည် ယင်းဓာတ်မှုန်ကျရောက်ရာ နယ်ပယ်တွင်
မြေဆွဲအားမရှိဘဲပျောက်နေ တတ်သည်။ လျှပ်စစ်ဓာတ် အဖိုအမတို့လည်းမရှိပေ။
ဒြဗ်ကိုလည်း အကောင်အထည် ပျောက်သွားစေနိုင်သည်။
အချုပ်အားဖြင့်
ရူပဗေဒ ဂုဏ်သတ္တိ အားလုံးပင် ယင်းနျူထရီနိုစက်ကွင်း နယ်ပယ်တွင်
ပျောက်ကွယ်နေနိုင်ပေသည်။ ဗာမျူဒါတြိဂံရေပြင်တစ်ဝိုက်၌
နျူထရီနိုစက်ဝန်းဖြစ်ပေါ်နိုင်သလောဟု အချို့သိပ္ပံပညာရှင်တို့ကယူဆကြသည်။
Wai Linn
No comments