New Artical

ဖက်ငိုသူများအထူးသတိပြုရန် နှင့် သေသူ၏အကြားအာရုံ (မရဏာနုဿတိ)

 

ဖက်ငိုသူများအထူးသတိပြုရန်  နှင့် သေသူ၏အကြားအာရုံ  (မရဏာနုဿတိ)

သေခါနီး လူတစ်ယောက်သည် နောက်ဆုံးထွက်သက်၌  အကြားအာရုံ (ကြားစိတ်) သည်  နောက်ဆုံးဖြစ်ပါ၏။

သေခါနီး လူတစ်ယောက်သည်  ကျန်သည့် အာရုံတွေ ချုပ်ဆုံးပြီး   အကြားအာရုံဘဲ နောက်ဆုံးကျန်ခဲ့ပါ၏။
- သေခါနီးလူတစ်ယောက်သည် အခြားသူတွေက  အနားကနေ ကြည့်နေကြတဲ့အခါ၌ အသက်လည်း မရှူတော့ပေ။ နှလုံးလည်း မခုန်တော့ပေ။ လက်ကောက်ဝတ်၌ သွေးစမ်းကြည့်တော့ သွေးလည်းမတိုးတော့ပေ။
- ယင်းအချိန်၌ အများအားဖြင့် နောက်ဆုံးထွက်သက်၏ အဖော်ဖြစ်သည့် ကြားစိတ် ရှိနေပါသေး၏။
- သေခါနီးလူတစ်ယောက် အခြားအာရုံတွေ ချုပ်သွားသော်လည်း (အခြားသူတွေကသေပြီဟု  ယူဆထားသည့် အချိန်၌)  ကြားစိတ်က မချုပ်သေးပေ။
- ကြားစိတ်ဟာ အချိန်အားဖြင့် အများဆုံး မိနစ် (၂၀) ခန့်ထိ ရှိနေတတ်ပေ၏။  (မိနစ် (၁၀) အောက်၊ (၁၀) မိနစ်၊   (၅) မိနစ် အမျိုးမျိုးဖြစ်နိုင်သည်ဟု  ဆိုလိုပါ၏)
- လူနာရှင်တွေဟာ ဒီကိစ္စကို  သိထားရမည့် အရေးကြီးကိစ္စဖြစ်ပေ၏။
- အသက်ထွက်ခါနီးမှာ  အလွန်အရေးပါတယ်။ ဘဝ၏နောက်ဆုံးအချိန်တွေကို ဖြတ်သန်းရတာ အလွန်ကြောက်စရာ ကောင်းလှပါ၏။
- တစ်ချက်ကလေး အာရုံလွဲလိုက်တာနှင့် အပါယ်ကျသွားလျှင်  "ဘွာတေးလုပ်၍" မရတော့ပေ။
- အကုသိုလ် အစွဲအလန်းတွေနှင့် သေခါနီး အသက်မထွက်၊  ဝိညာဉ်မချုပ်နိုင်ဘဲ ဆန့်ငင် ဆန့်ငင် ပုဂ္ဂိုလ်တွေကို တွေ့ဖူးကြပါလိမ့်မည်။
- အချိုကြတော့လည်း အကုသိုလျစတေနာ ၊ ကုသိုလျစတေနာ ကြီးမားစွာမရှိ၊ ဝိပဿနာဉာဏ်တရား အခြေခံကလည်း မရှိတော့  သူရဲ့ကံက သူ့ကို ဘယ်ပို့ရမှန်း မသိဘဲ  စိတ်က ဟိုရောက်လိုက်ဒီရောက်လိုက်နဲ့  ကြာနေတတ်ပါ၏။  ဒါကို ဘေးကလူတွေက  သားကို စောင့်နေသလိုလို
 သမီးကို စောင့်နေသလိုလို ထင်နေတတ်ကြ၏။
- မျှော်နေသူက ရောက်လာတော့ "အမလေး ... ရောက်လာပြီလေ ...  ထကြည့်ပါဦး" ဟု ဘေးကများ ကုန်းအော်လိုက်ရင်  အသက်ထွက် သေမည့် လူက "အပါယ်" ငရဲအိုး တိုက်ရိုက်ပါဘဲ။

  •  လောဘနှင့်သေ ပြိတ္တာပြည်။ 
  • ဒေါသနှင့်သေ ငရဲပြည်။
  • မောဟနှင့်သေ တိရစ္ဆာန်ပြည်။

တောင်အောက်ကို ကျခါနီးလူကို  ဆောင့်ကန်ချသလို ဖြစ်သွားမယ်။ သေခါနီး၌ ဖက်ငိုသည့် သူတွေဟာလည်း  သေသည့်သူကို အယူမှားစေ၏။


ကျေးဇူးတော်ရှင် ဆရာတော်ပညိန္ဒ

No comments