New Artical

ကျောက်ကွင်းအရေးတော်ပုံ ကျောက်ကွင်းဝါဒပြိုင်ပွဲ (၃)


 

ကျောက်ကွင်းအရေးတော်ပုံ ကျောက်ကွင်းဝါဒပြိုင်ပွဲ (၃)


ကဲ … ဗုဒ္ဓဘာသာအကြောင်း တင်ပြပြီးတဲ့နောက် မိတ်ဆွေတို့ရဲ့ ထာ၀ရဘုရားရဲ့ သမ္မာကျမ်းစာတွေ ယုတ္တိ ရှိ /မရှိ ကြည့်ကြရအောင်´´။
` မိတ်ဆွေတို့ရဲ့ ဓမ္မဟောင်းကျမ်းအပါအ၀င် (ကမ္ဘာဦးကျမ်း)အရ ဒီကမ္ဘာကြီးကို ခရစ်မပေါ်မှီ ၄၀၀၄ ခုနှစ်မှ ထာ၀ရဘုရားသခင်က ဖန်ဆင်းတယ်လို့ ဆိုပါတယ်။ ကဲ…..အဲဒါကို စဉ်းစားကြည့်ကြရအောင်……..အဲဒီခုနှစ်နှင့် အခုခရစ်သက္ကရာဇ် ၁၉၃၆ ခုကို ပေါင်းထည့်လိုက် တော့ နှစ်ပေါင်း ၅၉၄၀ သာ ဒီကမ္ဘာရဲ့ သက်တန်းရှိတော့တယ် ။ အဲဒီတော့…….. ဒီစကားဟာ ဘယ်လောက်မှန်သလဲဆိုတာ ဆန်းစစ်ကြည့်ကြစို့ အခုခေတ်ပေါ် လောကဓတ်ပညာဖြင့် များစွာ ဆန့်ကျင်ကွာခြားနေပါတယ် (ဂျီဟိုလောဂျစ်)ခေါ်တဲ့ လောကဓါတ်ပညာ ပထဝီ ဗေဒဆရာများက တော့ ဒီကမ္ဘာရဲ့ အသက်ဟာ အဓွန့်ရှည်လှပြီတဲ့ ၊ အီဂျစ်ပြည်က (မန်မီ) လို့ခေါ်တဲ့ ဆေးဖြင့်ပြုလုပ် စီရင်ထားတဲ့ လူအလောင်းကောင်း ခြောက်များဟာ နှစ်ပေါင်း ခုနှစ်ထောင်ကျော်နှင့် ရှစ်ထောင်ရှိပြီ လို့ ဆိုကြပါတယ်။ အနည်းဆုံး နှစ်ပေါင်းခြောက်ထောင်ကျော်ပြီလို့ ပြောကြပါတယ်။ (အီလူရင်းန်) လို့ ခေါ်တဲ့ ကျောက်ဆောင်များတဲ့ အသက်ဟာ နှစ်ပေါင်း ငါးသန်းကျော်ရှိပြီလို့ ပထဝီဗေဒ ပညာ ရှင်များက တသံတည်း ယူဆဆုံးဖြတ်ထားကြပါတယ်´´။
`` ကဲ….ဒီတော့ကာ မိတ်ဆွေတို့ရဲ့ ကမ္ဘာဦးကျမ်းကလာတဲ့ စကားဟာ စဉ်းစားဖို့ မလို ပေဘူးလား။ စဉ်းစားလိုက်တဲ့အခါ ယုတ္တိကင်းမဲ့နေတာကို တွေ့ရပြီမဟုတ်လား။ ကမ္ဘာဦးကျမ်းရဲ့ အဆိုကို ခရစ်ယာန် လောကဓါတ်သိပ္ပံဆရာကြီးများက တောင် အတည်မပြုနိုင်အောင် ဖြစ်နေကြပြီ မဟုတ်လား´´။
`` ပြီးတော့ မိတ်ဆွေတို့ရဲ့ ထာ၀ရဘုရားဟာ ကမ္ဘာဟောင်းကိုသာ ဖန်ဆင်းခဲ့တယ်၊ ကမ္ဘာသစ်ဖြစ်တဲ့ တောင်အမေရိကတိုက်နှင့် မြောက်အမေရိကတိုက်တို့ကို ဖန်ဆင်းခဲ့ပုံမရဘူး။ ဘာ ကြောင့်လဲဆိုတော့ ကမ္ဘာသစ်အကြောင်း ဓမ္မာ့ဟောင်း ဓမ္မာ့သစ်ကျမ်း နှစ်ကျမ်းလုံးမှာ အရိပ်အ မြွက်မျှတောင် မပါဘဲကိုး။ ပါတယ်ဆိုရင် အထောက်အထားတိတိကျကျ ပြပါ ။ ဒါ ဦးပဇင်းက ဘလိုင်း ပြောနေတာ မဟုတ်ပါဘူး ၊ ဟောဒီမှာ ဓမ္မဟောင်းရော ဓမ္မသစ်ရော အားလုံးရှိပါတယ်။ ဘယ်အခန်းမှာ ပါတယ်ဆိုတာ ၊ ပြနိုင်ရင် ဦးပဇင်းက ၀န်ချတောင်းပန်ဘို့ အသင့်ပါပဲ´´။
``အမေရိကတိုက်ကို ခရစ်သက္ကရာဇ် ၁၄၀၀ကျော်ရောက်ပါမှ စပိန်လူမျိူး (ခရစ်တိုဖာ ကိုလံ ဘတ်)က သွားပြီးတွေ့တယ် မဟုတ်လား ။ ဓမ္မာ့ဟောင်းကျမ်းတွေ အလိုကတော့ အခုထိ ဘယ်သူ မှ သိနိုင်မှာ မဟုတ်သေးဘူး။ ထာ၀ရဘုရားသခင်ဟာ သူ့ရဲ့အချစ်တော်များ ဖြစ်ကြတဲ့ iသရေလ (ဂျူး) လူမျိူးတို့ကို အီဂျစ်ဘုရင် (ဖာရို) လက်အောက်မှ ကယ်တင်ပြီး (ပါလိစတိန)ပါ လက်စ်တိုင်းကို ပို့မယ့်အစား အဲဒီဘုရင် မလိုက်နိုင်တဲ့ ဟိုသမုဒ္ဒရာ တစ်ဘက်ကမ်းက ဘေးကင်း ရန်ကင်းဖြစ်တဲ့ အမေရိကတိုက်ကိုများ သွားပို့လိုက်ဖို့ မကောင်းပေဘူးလား။ သူဖန်ဆင်းတဲ့ ကမ္ဘာဆိုရင် အမေရိကဟာ အလွန်သဘာ၀ ပစ္စည်းပေါများပြီး ကျယ်ပြန့်တဲ့ နိုင်ငံကြီး မဟုတ်လား။ အဲဒါကို မလုပ်ခဲ့တာကို ထောက်ခြင်းအားဖြင့် ထာ၀ရဘုရားရဲ့ ဖန်ဆင်းပုံဟာ နေရာမကျသေးပါ ဘူး ၊ မပြည့်စုံဘူးလို့ဘဲ ဆိုရမှာပေါ့ ၊ ပြီးတော့ ဦးပဇင်းရဲ့ မိတ်ဆွေတွေ ဖြစ်ကြတဲ့ ခရစ်ယာန် ဓမ္မ ဆရာများက ဖန်ဆင်းပုံကို တော်တော်များများ အဲဒီ ထာ၀ရဘုရား ဖန်ဆင်းပုံကလည်း တော်တော် ပဲ စဉ်းစားစရာ ဖြစ်နေပြန်တယ်´´
``ဘာလဲ……. ဖန်ဆင်းတယ် ၊ ဖန်ဆင်းတယ်နဲ့ တကယ်ပဲ ဖန်ဆင်းတယ်ထားပါတော့၊ အဲဒီလို ဖန်ဆင်းတဲ့ နေရာမှာ အစီအစဉ်မတဲ့တာတွေ ပြောပါရစေ ၊ အာဃာတသဘော မဟုတ်ပါ ဘူး ၊ သဘာ၀ယုတ္တိအတွက်ပါ´´။
`` ပထမနေ့မှာ ကောင်းကင်နဲ့မြေကြီးကို ဖန်ဆင်းတယ်၊ ဒုတိယနေ့ကျတော့ မိုးမျက် နှာကျက်ဖြစ်စေ ၊ ရေနှင့်ရေခြင်း ခြားနားစေဆိုတဲ့ စကား မိန့်ကြားပြီး။ တတိယနေ့မှာ သစ်ပင်အမျိူး မျိူးကို ဖန်ဆင်းတယ် ၊ စတုတ္ထနေ့မှာ နေကို ဖန်ဆင်းတယ် ၊ အဲဒါ မိတ်ဆွေတို့ရဲ့ ဓမ္မဟောင်းကျမ်း ထဲမှာ ပါတဲ့ အတိုင်းပဲ ၊ အဲဒီအထဲမှာ နေကို မဖန်ဆင်းမှီ သစ်ပင်အမျိူးမျိူးဖန်ဆင်းတယ်ဆိုတာ ဆန်းမနေဘူးဘား ၊ ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားကြပါ ၊ သစ်ပင်များဟာ နေရဲ့အလင်းရောင်ကို မရဘဲ မ ရှင်သန်နိုင်ဘူးဆိုတာကို ဟောဒီ ပရသတ်ထဲက တောင်သူလယ်သမားတိုင်း သိပါတယ်။ ယခုကာ လ လောကဓတ်ဆရာတွေကလည်း ချက်ခြင်းလက်တွေ့ပြနိုင်ကြပါတယ်။ ဒီတော့ကာ မိတ်ဆွေတို့ ထာ၀ရာဘုရားဟာ ဒီအစီအစဉ်မှ နားမလည်ရာ မရောက်ပေဘူးလား၊ စဉ်းစားကြပါ ၊ ပြီးတော့ နေမ ရှိဘဲနှင့် အလင်းရောင်ကို ဖန်ဆင်းတယ်တဲ့ ၊ ပြီးတော့ သစ်ပင်မြက်ပင်များ ရှူရှိုက်ဖို့ အောက်ဆီဂျင် +နိုက်တြိုဂျင်ဓတ်များကိုလည်း မဖန်ဆင်းခဲ့ဘူး ၊ ယခုပြောရတာက မိတ်ဆွေတို့ စဉ်းစားကြဖို့သာ ပြောရတာပါ အပြစ်ဆိုလိုတာ မဟုတ်ပါဘူး ´´။
``နောက်တတိယအချက်က ထာ၀ရဘုရားရဲ့ ပုံသဏ္ဍာန်ဖြစ်ပါတယ်။ ဓမ္မဆရာတစ် ယောက်က ထာ၀ရဘုရားဟာ ပုံသဏ္ဍန်မရှိ ဂေါတမဘုရားမှာသာ ပုံသဏ္ဍန်ရှာလို့ရတယ်လို့ ဆို သွားပါတယ်၊ ထာ၀ရဘုရားဟာ ဝိညဉ်တော်သက်သက် ဖြစ်ပါတယ်တဲ့ ၊ ဒီမိတ်ဆွေ တစ်ယောက် သာ မဟုတ်ပါဘူး။ ခရစ်ယာန်တိုင်း အဲဒါကိုပဲ ပြောလေ့ပြောထရှိကြတယ်။ ဝိညဉ်တော်သက်သက် သာရှိတဲ့ ထာ၀ရဘုရားကို ဟုတ်မဟုတ် စဉ်းစားကြည့်ကြပါစို့´´။
`` ကမ္ဘာဦးကျမ်းမှာ ဆိုထားတာက (အာဒန်နှင့်ဧ၀) ဟာ မိတ်ဆွေတို့ ပြောတဲ့ ထာ၀ရ ဘုရားကို မြင်ဖူးကြသတဲ့ ၊ (နောဧ)ဟာလည်း သေသေချာချာ မြင်ရသတဲ့ ၊ (ရာကုတ်)ကတော့ မြင် ယုံတင်မကဘူး ၊ထာ၀ရနှင့်နပန်းတောင်ချကြသေးတယ်။ မိုးလင်းခါနီးကျတော့ ထာ၀ရဘုရားက လွတ်ခိုင်းတာကို မလွတ်တာနဲ့ ဝိညာဉ်တော်သက်သက် ရှိတဲ့ ထာ၀ရဘုရားက လက်သီးနှင့် ထိုး လိုက်လို့ ပေါင်ကျိူးသွားသေးသတဲ့ ၊ ကဲ…. အဲဒါ ဝိညာဉ်သက်သက် ထာ၀ရဘုရားမှာ လက်သီး ဘယ်ကရသလဲ စဉ်းစားကြပါ ´´။
`` အီဘရာဟင် ဆိုတဲ့လူက သူလည်း တွေ့ဖူးပါသတဲ့ ၊ ဒါတင်မက တစ်နေ့မှာ ထာ၀ရ ဘုရားဟာ အီဘရာဟင်အိမ်ကို လာပြီးတော့ ညစာတောင် စားသွားပါသေးသတဲ့ ၊ မောရှေက လည်း သေသေချာချာ မြင်ရတဲ့ လူပဲ ၊ အဲဒီတော့ ဓမ္မကျမ်းက ထာ၀ရဘုရားကို မြင်ဖူးတွေ့ဖူးသူ ငါး ယောက် ရှိမနေပေဘူးလား ၊ ဒီလိုဆိုရင် ဝိညာဉ်သက်သက် ဖြစ်တယ်ဆိုတဲ့ စကားကို မစဉ်းစား ထိုက်ဘူးလား ၊ စဉ်းစားကြပါ အရမ်းမယုံကြပါနဲ့´´။
`` ပြီးတော့ နာမ်ဝိညာဉ်သက်သက်ဖြစ်လို့ ပုံသဏ္ဍာန်မရှိဘူးတဲ့ အဲဒါသိရဲ့သားနဲ့ တ မင်သက်သက်ပြောတာ ၊ သူတို့ ထာ၀ရဘုရားရဲ့ ပုံဏ္ဍာန်ကို ဓမ္မဟောင်းကျမ်းမှာ ပါတဲ့အတိုင်း ပြော ရမှာ နည်းနည်း ရှက်တာနဲ့တူတယ်လို့့ ယူဆနိုင်စရာ ရှိပါတယ်။ ဒါကြောင့် သိရဲ့သားနဲ့တမင် သက်သက်ဖုံးထားတာလို့ ဆိုရမှာပဲ ´´ ။
`` ဘာကြောင့်လည်းဆိုတော့…..ဗျာဒိတ်တော်ကျမ်း အခန်း(၁)၊အပိုဒ်(၁၄-၁၅-၁၆)မှာ ထာ၀ရဘုရားရဲ့ပုံသဏ္ဍာန်ကို သေသေချာချာ ဖေါ်ပြထားပါတယ်။ ပြီးတော့ အခန်း(၅)အပိုဒ်(၆)မှာ လည်း ပါပါသေးတယ် ´´။
`` အဲဒီကျမ်းအရဆိုရင် ထာ၀ရဘုရားရဲ့ ပုံသဏ္ဍာန်ဟာ ခေါင်းမွေးက နှင်းကဲ့သို့ ဖြူတယ်။ မျက်လုံးက မီးရောင်ကဲ့သို့ တောက်ပတယ်။ ခြေထောက်က မီးရဲရဲ ဖုတ်ထားတဲ့ ကြေးနီဝါတဲ့တူ တယ်။ ညာဘက်လက်က ကြယ်(၇)လုံးကို ကိုင်ထားတယ်။ ပါးစပ်မှာ နှစ်ဘက်သွား ဓါးရှည်ကြီးနှစ် ချောင်း ထွက်နေတယ် ၊ ဦးချိူ (၇)ချောင်း ရှိတယ်။ မျက်လုံး(၇)လုံး ရှိတယ်။ အဲဒါ ထာ၀ရဘုရားရဲ့ ပုံပါပဲ ၊ အခုနေများ အဲဒီပုံ ရှိတဲ့ လူတစ်ယောက်ကိုများ တွေ့ရင် မိတ်ဆွေဖြစ်တဲ့ ဓမ္မဆရာတွေ အရင်ပြေးကြလိမ့်မယ်ထင်တယ်။ ဦးပဇင်းကတော့ ကြည့်ချင်တာနဲ့ မပြေးပါဘူး ။ ဘယ့်နှယ်လဲ ဆရာကြီး ဦးသာဒင် .. ဆရာရှုတ်ချသွားတဲ့ ဂေါတမဘုရားရဲ့ လက္ခဏာတော်ကြီး (၃၂)ပါး၊ လက္ခာ တော်ငယ် (၈၀)ဆိုတဲ့ ပုံအဆင်းတော်နဲ့ ဘယ်လိုကွာခြားတယ်ဆိုတာ တွေ့ပြီမဟုတ်လား ´´ ။
`` စုတ္ထအချက်က ထာ၀ရဘုရား နေတဲ့အရပ်ပါ ၊ ထာ၀ရဘုရားရဲ့နေရာနှင့် ပတ်သက် လို့ မိတ်ဆွေ ဓမ္မဆရာတို့က မပြောခဲ့ဘူး။ မပြောခဲ့ကြတာကတော့ မသိကြလို့နဲ့ တူပါတယ်။ မိတ်ဆွေတို့ မသိသေးရင် ဦးပဇင်းကပဲ ပြောပြရသေးတာပေါ့ ။ ထာ၀ရဘုရားဟာ တန်ခိုးအကြီးဆုံး ဖြစ်တဲ့အတွက် ကောင်းကင်တစ်ခွင်မှာ အလှဆုံး အတောက်ပဆုံးဖြစ်တဲ့ မြောက်ဘက်ကောင်းကင် မှာ ရှိတဲ့ (အိုရီယင်) လို့ခေါ်တဲ့ ခုနှစ်စဉ်ကြယ်ရဲ့ အလယ်ဗဟိုမှာ နေသတဲ့ ၊ အဲဒါဟာ ဦးပဇင်းအ ရမ်းပြောတာ မဟုတ်ပါဘူး ။ (လူးကပ်စ်အာရိဒ်) ရေးတဲ့ (အက်စ်ထရွန်နော်မီအင်န်ဘိုင်ဘယ်လ်)လို့ ခေါ်တဲ့ နေက္ခတ္တဗေဒနှင့် သမ္မာကျမ်းစာဆိုတဲ့ စာအုပ် ၊ (ဂေါ့ ဒ်စ် လင်း ပလေ့စ် ) ဆိုတဲ့ အခန်းမှာ ပါပါတယ်။ အဲဒီတော့ ထာ၀ရဘုရားနဲ့ နေရာ ထင်ရှားသွားပြန်တာပေါ့လေ ၊ အဲဒီစာအုပ်ကို ခရစ် ယာန်ဓမ္မ မိတ်ဆွေများ ၀ယ်ပြီး ဖတ်ကြပါ။ အမေရိကန်ပြည်၊ ကာလီဖိုးနီးယား က ထုတ်ဝေပါတယ်၊ အဲဒီ ပုဂ္ဂိုလ်ကြီးကိုတော့ ဟောဒီ ထာ၀ရဘုရားရဲ့ နေရာကို မပြောတတ်တဲ့ ဓမ္မဆရာတွေက ကျေး ဇူးအများကြီးတင်ဖို့ ကောင်းပါတယ်။ မိတ်ဆွေတို့ပြောကြတဲ့ အတိုင်းသာဆိုရင် မိတ်ဆွေတို့ အင်မ တန် အထွဋ်အမြတ်ထားတဲ့ ထာ၀ရဘုရားမှာ နေစရာ နေရာမရှိသေးဘဲ ၊ အိုးမဲ့အိမ်မဲ့ အခြေအနေမဲ့ ဖြစ်သွားပါလိမ့်မယ် ´´။
`` ပဉ္စမအချက်ကတော့ ထာ၀ရရဲ့ သဘောထား ဖြစ်ပါတယ်။ တစ်ဘက်က မိတ်ဆွေ ဓမ္မဆရာတို့က ထာ၀ရဘုရားရဲ့ အကြောင်းကို အကောင်းချီးပဲ ပြောချင်ကြပါတယ်။ ထာ၀ရဘုရား ရဲ့ မကောင်းကြောင်းကိုတော့ ဓမ္မဟောင်း ဓမ္မသစ် နှစ်ကျမ်းလုံးမှာပါ တွေ့မြင်နေရပါလျှက်နဲ့ တ မင်ရှောင်ကွင်းပြီး ပြောသွားကြပါတယ်။ မိတ်ဆွေတို့က မပြောကြဘဲ ဖုံးကွယ်ထားကြလေတော့ ။ ဦးပဇင်းက လှစ်ဟပြီး ထာ၀ရဘုရားရဲ့ မကောင်းပုံတွေကို ပြောပြပါဦးမယ် ´´။
`` ဦးပဇင်းလည်း မိတ်ဆွေတို့ရဲ့ ထာ၀ရဟာ ဘုရားဆိုတော့ အကောင်းချည်းပဲ ဖြစ်စေလိုတဲ့ စေတနာထားပါတယ်။ ဒါပေမယ့် သမ္မာကျမ်းစာ ဖတ်ကြည့်လိုက်တဲ့အခါ ကျတော့မှ ဘုရားနဲ့ အံမကိုက်တဲ့ မကောင်းတာတွေပါတာ တွေ့ရပါတယ်။ ဒါက ဦးပဇင်း ပြောတာမဟုတ်ပါ ဘူး ။ သူတို့ သမ္မာကျမ်းစာအတိုင်းပြောရတာပါ ။ ဒါလည်း ထာ၀ရဘုရားကိုယ်တိုင်က ရိုးရိုးသား သား ၀န်ခံသွားတာလို့ ဆိုပါတယ် ´´။
`` (ငါဟာ ငြူစူသော ဘုရားဖြစ်တယ် )လို့ ထာ၀ရကိုယ်တိုင် တရားဟောရာကျမ်း၊ ၄း၂၄ ၌ ပြောခဲ့ကြောင်း ဓမ္မသစ်ကျမ်းမှာ တွေ့ရပါတယ်။ တစ်ခါ ဓမ္မဟောင်းကျမ်း ၊ တရားဟောရာ ကျမ်း ၇း၁၀ မှာလည်း (ကိုယ်တော်ကို မုန်းသောသူတို့ကို ဖျက်ဆီးခြင်းငှာ သူတို့၏ မျက်မှောက်၌ အပြစ်ပေးသော ဘုရားဖြစ်တော်မူကြောင်းကို သိမှတ်လော့ ) လို့ပါရှိပါတယ်။ အဲဒီကျမ်း ၇း၁၆ မှာလည်း (သင်၏ဘုရားသခင် ထာ၀ရဘုရားသခင်သည် သင်၌ ပေးအပ်တော်မူသော လူမျိူးအပေါင်းကို ဖျက်ဆီးရမည် ။ သင်၏ မျက်စိသည် သူတို့ကိုမသနားရ ၊ သူတို့ဘုရားအား ၀တ်မပြုရ ၊ ၀တ်ပြုလျှင် ထိမိ၍ လှဲစရာအကြောင်း ဖြစ်လိမ့် မည်) ပါရှိပါတယ် ´´။
``ထာ၀ရဘုရားဟာ တစ်ခြားဘုရားတွေကို ယုံကြည်တဲ့လူတွေကို သဘောကျဟန် မတူဘူး၊ ငါမှတစ်ပါး တစ်ခြားဘုရားတွေကို မကြည်ညိုကြနဲ့ လို့ ပြောခဲ့တယ်၊ ယေရှုကလည်း တစ် ခြားဘုရားတွေကို ပုတ်ခတ်တယ်။ ဓမ္မဟောင်း ၊ ဓမ္မသစ် နှစ်ကျမ်းလုံးမှာ အဲဒါမျိူးတွေ ပြည့်နှက်နေ ပါတယ်။ ကိုယ့်တရားက တကယ်မှန်ကန်နေရင် ငြူစူဖို့မလိုပါဘူး။ မနာလိုစရာ မရှိပါဘူး။ ခြောက် လန့်ဟန့်တားနေစရာ မလိုပါဘူး။ လာကြည့် လုပ်ကြည့် ၊ စမ်းသပ်ကြည့်လို့ ဆိုရမှာပေါ့။ အခုတော့ မူမမှန်လို့ အဲဒီလို မပြောဝံ့ဘူး ။ အမြဲတမ်းခြောက်လန့်နေရတယ်။ လာကြည့်ပါ။ စမ်းကြည့်ပါလို့ ပြောရင် သူတို့ရဲ့ မူမမှန်တာတွေ ပေါ်ကုန်တော့မှာကိုး ´´။
`` နောက်တစ်ခါ ထာ၀ရဘုရားရဲ့ အကျင့်စာရိတ္တ အဲဒီ ထာ၀ရဘုရားရဲ့ အကျင့်စာရိတ္တ ကိုတော့ အထူးပြောနေစရာမလိုပါဘူး။ ဓမ္မာဟောင်းကျမ်း တစ်ခုလုံးကို လျှောက်ကြည့်မယ်ဆိုရင် မကောင်းမှုအတွက်စဉ်းစားတာတွေ မကောင်းတာလုပ်ဖို့ လုပ်ဆော်တာတွေ တိုက်တွန်းတာတွေ၊ ကိုယ်တိုင်လုပ်ခဲ့တာတွေ အများကြီးတွေ့ရပါလိမ့်မယ်။ ဥပမာ ပုံစံကလေး နည်းနည်းလောက် ထုတ်ပြပါ့မယ်၊ အများစဉ်းစားနိုင်အောင်ပေါ့လေ ၊ ကမ္မာဦးကျမ်း အခန်း(၃၀)မှာ လှေကို ချောင်း ကြည့်မိလို့ ( ငါးသိန်းခုနှစ်ဆယ်)သော လူများကို သတ်ဖြတ်ခဲ့သတဲ့ ၊ (၂ ၊ ၇၁ ၊ ၂၄ ၊ ၁၂) အရက်နဲ့ အမဲကင်ကိုလည်း အလွန်ကြိုက်သတဲ့ ၊ အဲဒါ (တောလည်ရာကျမ်း) အခန်း(၂၈)မှာ အထင်အရှားပါတယ် ။ နောက် လက်စားချေတတ်သတဲ့ ၊ ဒါလည်း တောလည်ရာကျမ်း အခန်း(၂၈)မှာ ပါပါတယ် ´´။
``ထာ၀ရဘုရားဟာ သန်းကောင်စာရင်း သဘောပေါ့လေ ၊ လူစာရင်းသာယူခိုင်းပြီးတော့ လူပေါင်းခုနှစ်သောင်းကို သတ်ပစ်သတဲ့ ၊ (၂-၇၁-၂၄-၁၅)ကိုကြည့်ပါ၊ အဲဒီကျမ်း(၃၈း၇)မှာ (ယုဒ၏ သားဦး အေရ) ကို ထာ၀ရဘုရားရှေ့၌ ဆိုးသောသူ ဖြစ်၍ သူ့ကို ထာ၀ရဘုရားက ကွပ်မျက်တော် မူ၏။ တစ်ခါ ၁၀း၁၁ မှာ ထိုအမှုကို ထာ၀ရဘုရား နှစ်သက်တော်မမူသောကြောင့် အောနမ်ကို လည်း ကွပ်မျက်တော်မူ၏ ၊ လို့ ပါပြန်တယ်။ အဲဒါဘာကြောင့်လည်းဆိုတော့ အောနမ်ဟာ မုဆိုးမ မရီးကို သားသမီးရအောင် မပေါင်းသင်းလို့ပါတဲ့ ။ တစ်ခါ လူသတ္တဝါများ အိမ်ရာထောင်မှု ဝါဒစိတ် ဓတ်ကို ထာ၀ရဘုရားက သွင်းပေးသတဲ့ ၊ (၃၀၀၊ ၂၂၊ ၂၃) လူသတ္တဝါများဟာ ရိုးလွန်းရင် မတတ် ဘဲနေမှာစိုးလို့လားတော့ မပြောတတ်ဘူး။ လိမ်တတ်ညာတတ်အောင် မုသာဝါဒ စိတ်ဓါတ်ကိုပဲ ထာ၀ရဘုရားကသွင်းပေးသတဲ့၊(၃၊၇၁၊၂၂၊၂၃)ဟေရှာလ အနာဂတ္တိကျမ်း အခန်း၁၃အပိုဒ် ၉၊၁၁၊၁၅ ၊၁၆) များမှာ ကြည့်ပါ။ မိတ်ဆွေတို့ရဲ့ ထာ၀ရဘုရား ဒေါသကြီးကြောင်းတွေ အများကြီး တွေ့ရပါလိမ့်မယ် ´´။
`` သူပြောတာ မလိုက်နာလျှင် အပြစ်ရှိရောတဲ့ အပြစ်ရှိတဲ့သူတွေကို မကယ်တင်ဘူး၊တဲ့ ထာ၀ရဘုရားက ကြိမ်ဆဲတာတွေလည်း အလွန်အသဲယားစရာ ကောင်းပါတယ် တရားဟောရာ ကျမ်း အခန်း ၂၈ ကို ဖတ်ကြည့်ပါ ၊ ဦးပဇင်းက အချိန်နည်းလွန်းလို့ ဖတ်မပါရစေနဲ့တော့။ ထာ၀ရ ဘုရား သဘောထားသေးနှုတ်ပုံ စိတ်ထားအောက်တန်းကျပုံတွေကို (မာလခိ အနာဂတ္တိကျမ်း) အခန်း(၂)မှာ တွေ့ရပါလိမ့်မယ်။ ( ငါရဲ့ကျေးဇူးတော်တို့ကို မအောင့်မေ့လျှင် သင်တို့ကို ငါကြိမ် ဆဲမည် ၊ သင်တို့သည် သားစဉ်မြေးဆက် အာလုံးတို့ကို ကြောက်မက်ဖွယ်ရာ အပြစ်ဒဏ် ခတ်တော်မူမည်) စသည်တို့ကို အဲဒီအခန်းတွေ့ရပါလိမ့်မည် ´´။
``လောကမှာ ရှိတဲ့ လူအတွေ လူဆွံ့တွေ ဒုက္ခိတတွေကို ဘယ်သူဖန်ဆင်းသလဲ မ ကောင်းတာတွေ အားလုံးသူပဲ ဖန်ဆင်းတယ်။ ဒါတင်မကသေးဘူး ၊ မိတ်ဆွေတို့ရဲ့ထာ၀ရဘုရားက နှခေါင်းပြားတဲ့လူ ခြေကျိူးတဲ့လူ ၊ လည်ပင်းကျိူးတဲ့လူ စသည်တို့ရဲ့ ပူဇော်သက္ကရာကို မခံယူလိုဘူး တဲ့ တာဖြစ်ရင် နှခေါင်းပြားတဲ့လူ ၊ ခြေကျိူးတဲ့လူ စသူတို့ကို ဘာဖြစ်လို့ သူက ဖန်ဆင်းသေးလဲလို့ ဦးပဇင်းက မေးချင်ပါတယ်။ အဲဒီမှာ နှခေါင်းပြားတဲ့ လူဆိုတာ ဗမာ ၊ ကရင်၊ ချင်းတို့ကို ဆိုတယ်၊ ဗမာ၊ ကရင် ၊ ချင်းတို့ကပူဇော်လျှင် လှူဒါန်းလျှင် ထာ၀ရဘုရားက လက်မခံဘူးတဲ့ ဘာဖြစ်လို့ လည်းဆိုတော့ နှခေါင်းပြားလို့တဲ့ ဦးပဇင်းကတော့ ဗမာလူမျိူးဖြစ်တဲ့အတွက် နှခေါင်းပြားတာနဲ့ထာ ၀ရဘုရားကိုမယုံနိုင်တော့ဘူး။ဘာဖြစ်လို့လည်းဆိုတော့သူ ကနှာခေါင်းပြားတဲ့လူကို မုန်းတာကိုး။ ဦးပဇင်းလည်း နှာခေါင်းပြားတဲ့လူမျိူးထဲပါနေတော့ထာ၀ရဘုရားအလိ ုနဲ့ ကြည့်ရင် နှခေါင်းပြားရတာကတစ်ပြစ် ၊ ခရစ်ယာန်ဘာသ၀င်အဖြစ်နှင့် ထာ၀ရကို မယုံကြည်မိတဲ့ အပြစ်က တစ်ပြစ် နဲ့ အပြစ်နှစ်မျိူးရှိနေတော့ ထာ၀ရဘုရားက တော်တော်ငြိုငြင်တော်မူမှာပဲ ထင် တယ်။ ခရစ်ယန်ဝါဒဟာ နှခေါင်းချွန်တဲ့ လူတွေအတွက် ထာ၀ရဘုရား ထားပစ်ခဲ့ကြောင်း ထင်ရှား နေပါတယ် ´´။
`` ပညတ်တော်(၁၀)ပါးကို ပြောသွားကြပါတယ် ။ အခု ဦးပဇင်းပြောသွားတဲ့ ကျမ်းစာ ပါ စကားများအရ လူလူချင်းတော့ မသတ်နဲ့ဆိုတဲ့ သြ၀ါဒ ပညတ်ချက်ဟာ ထာ၀ရဘုရားရဲ့ ဒေါသ ကို တကယ် အထောက်အကူပြုပုံ မရသလို ဖြစ်နေပါတယ်။ ဘာပြုလို့လည်းဆိုတော့ သူ့မကိုး ကွယ်တဲ့လူကို စာရင်းသွင်းဟန်မတူဘူး။ မကိုးကွယ်မယုံကြည်တဲ့လူတွေကို အပြစ်ဒဏ်ခတ်ဖို့ အတော်ပဲ သေချာနေတော့ ဒီပညတ်ချက်တွေဟာ ထာ၀ရဘုရားနဲ့ တစ်ခြားစီဖြစ်နေပါသည်၊ ကျူပ်တို့ရဲ့ ဂေါတမ ရှင်တော်ဘုရားကတော့ ရန်သူရယ် မိတ်ဆွေရယ် မခွဲခြားပါဘူး ၊ ကြိုက်ရင်ကိုး ကွယ် ၊ ယုံကြည်ရင် ပူဇော် ဒါပဲ ၊ လူကို လူလိုပဲ သဘောထားပါတယ်။ လူက မကိုးကွယ်ရုံနဲ့ လူမ ဟုတ်တော့သလို လူစာရင်းက ဖျက်မပစ်ပါဘူး။ အဲ……ထာ၀ရဘုရားကတော့ သူ့ကို မကိုးကွယ် ရင် လူမဟုတ်ဘူးဆိုသလို ဖြစ်နေတာထင်ရှားပါတယ် ´´။
` ဗမာ ၊ ကရင် ၊ချင်းတို့က ထာ၀ရဘုရားကို ကိုးကွယ်နေကြပေမယ့် သူတို့ဘုရားက သူတို့ကို သဘောမကျဘူး နှာခေါင်းပြားလို့မုန်းသတဲ့။ ဒါကြောင့် ခရစ်ယာန်ဆိုတဲ့ ဗမာ ၊ ကရင်၊ ချင်း တို့ဟာ ထာ၀ရရဲ့ အချစ်တော်ဘ၀ကို ခံယူချင်ရင် ၊ ထာ၀ရရဲ့ကျေးဇူးသစ္စာကို စောင့်သိချင် ရင် ခရစ်ယာန်အယူဝါဒကို မယူမှီ ပထမ နှာခေါင်းချွန်အောင် အရင် အားထုတ်လုပ်ပါဦလို့ ဦးပဇင်း က မေတ္တာရပ်ခံပါတယ် ´´။
``နောက်နံပါတ် (၆) အချက်က ဘုရားက ဖြစ်တဲ့ဘုရားလို့ ဆိုတဲ့ကိစ္စပါ မိတ်ဆွေ ဓမ္မ ဆရာများက ဂေါတမဟာ လူကဖြစ်တဲ့ ဘုရားတဲ့ အဲဒီလိုပြောကြတယ်။ ပြောတဲ့အတိုင်းဟုတ်ပါ တယ် ၊ လူကဖြစ်တဲ့ဘုရားပါလို့ ဦးပဇင်းကလည်း ၀န်ခံပါတယ်၊ ဦးပဇင်းကသာ မဟုတ် ဗုဒ္ဓဘာသ ၀င်တိုင်းကပဲ ၀န်ခံပါလိမ့်မယ် ၊ ဂေါတမဘုရားဖြစ်တာဟာ အကျိူးတရားပါ ။ အကျိူးရှိလာတာဟာ အကြောင်းရှိရမယ်ဆိုတာကို တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘာသာ၀င်တိုင်းက ထောက်ခံကြပါတယ် ဘုရားဖြစ်ဖို့ အကြောင်းတွေကို အကြောင်းပြုပြီးတော့ လက်တွေ့အားထုတ်ကြိုးပမ်းခဲ့တဲ့အတွက် ဘုရားတည်းဟူသော အကျိူးတရားကို ရခဲ့ပါတယ်။ အလွန်ပဲ သဘာ၀ကျပါတယ် ´´။
``ဘုရားဖြစ်ဖို့ ကိစ္စကို ဂေါတမဘုရားအလောင်းတော်ဟာ အလွန်အမင်းအားထုတ် ကြိုးပမ်း တော်မူခဲ့ရပါတယ်။ ဒုက္ခတွေ အများကြီး ခံခဲ့ရပါတယ်။ စွန့်လွတ်ခြင်း အမျိူးမျိူးကို အကုန်အစင် စွန့် လွတ်ခဲ့ရပါတယ်။ တွယ်တာစရာ အစွဲအမှတ်သညာဟူသ၍ကို တစ်စုံတစ်ခုမျှ မငြိကပ်အောင် အား လုံးကို တွန်းလှန် ပစ်ခွာတော်မူခဲ့ရပါတယ် ၊ ဒီလောက် လူသားတို့က အမှန်အဟုတ်လို့ ထင်နေတဲ့ ဥပါဒါန်အစွဲအမှတ်တွေကို အမှန်အတိုင်း ဘာမှမဟုတ်တဲ့ ရုပ်နာမ်ဓမ္မသဘာ၀ ဖွဲ့စည်းပေါ်ပေါက်မှု ကို တခဏတာပါလားလို့ အမှန်သိတဲ့ သဗ္ဗညုတဥာဏ်တော်ကို ရအောင် အားထုတ်တော်မူခဲ့ရပါ တယ် ။ ´´
`` ဂေါတမဘုရား ဖြစ်ဖို့အကြောင်းကို အားပြုသောအားဖြင့် ဘုရားတည်းဟူသော အကျိူး ကို ရပါတယ်။ ထိုရရှိသော တရားဟာ ဤလောကရှိ ရုပ်နာမ်သဘာ၀ သက်ရှိလောကရဲ့ ဇာတိအ ဖြစ်သည် ဆင်းရဲခြင်းကို ပန္နက်ရိုက်ခြင်းပင် ဒီပန္နက်ကို အစွဲပြုပြီး ဇရာ ၊ဗျာဓိ ၊မရဏ ဆိုတဲ့ သဘာ၀ ဒုက္ခကြီးတို့၏ အုပ်စိုးရာဘ၀အဖြစ်ပါကလား။ ဒီဘ၀မျိူးရဲ့ ကုန်ရာကုန်ခြင်းသည် သန္တိသုခ နိဗ္ဗာန် ဓါတ်သားအဖြစ် ရမှသာလျှင် ဖြစ်ပါကလားလို့ သိမြင်တော်မူခဲ့ပါတယ် ။ ´´
`` ဂေါတမ ဗုဒ္ဒကိုယ်တော်တိုင်လည်း ဒီအတိုင်းသိမြင်ပြီး လူတွေကိုလည်း ဒီအတိုင်း သိမြင်ကြရန်သာ ဟောပြောပြသလမ်းညွန်တော်မူခဲ့ပါတယ်။´´
`` ထာ၀ရဘုရားလိုတော့ လူတွေထဲက သူ့ကိုယုံကြည်ကိုးကွယ်တဲ့ လူကိုမှ ကယ်တင် မယ်။ မယုံကြည်တဲ့လူ ၊ ငြိုငြင်ငြူစူခြင်း ခံရမယ်။ ဒဏ်ခတ်မယ်လို့ မပြောခဲ့ ၊ မဟောခဲ့ပါဘူး။ ဂေါတ မရှင်တော်ဘုရား ဟောတာကတော့ ဘယ်သူပဲဖြစ်ဖြစ် မိမိတို့ရဲ့ ကိလေသာများရင် များသလောက် လောင်မြိုက်မှု ဒုက္ခတွေ ခံရမယ် ။ ကိလေသာနည်းရင် နည်းသလောက် မီးအေးမယ်လို့ ဆိုလိုပါ တယ်။ ကိလေသာဆိုတာ ဘာလဲ လောဘ-အပိုကို တပ်မက်တွယ်တာခြင်း၊ ဒေါသ-အမျက်ထွက် ခြင်း။ မောဟ- မသိနားမလည်ခြင်း ၊ တွေဝြေခင်းကို ဆိုလိုပါတယ်။ ´´
`` အဲဒါတွေကို သိနားလည်ရင် ဘယ်သူပဲ သိနားလည် သိနားလည်၊ ကိုယ့်ဟာကိုယ် လောင်မြိုက်ခံရတဲ့မီးက ငြိမ်းအေးမယ်။ ကင်းလွတ်မယ်လို့ ဆိုလိုပါတယ်။ ဆိုလိုရင်းကတော့ ဗုဒ္ဓရဲ့ အလိုအားဖြင့် အကြောင်းတစ်ခုရှိလို့သာ အကျိူးတစ်ခုပေါ်လာခြင်း စတဲ့ စပ်ဆက်မှုများ မဆုံးရင် သံသရာလို့ခေါ်ပါတယ်။ ´´
`` ဒီသံသရာဆိုတဲ့ အကြောင်းအကျိူးဆက် သဘာ၀ဒုက္ခကြီး ရှိနေသမျှ သားကိစ္စ၊ သမီး ကိစ္စ ၊ စီးပွားရေးကိစ္စ ၊ ဘ၀အသက်တည်မြဲရေး ဆိုတဲ့ ကျန်းမာရေး ၊ စားသောက်နေထိုင်ရေး ၊ ဒီစားသောက်နေထိုင်ရေးတို့ ပြည့်စုံဖူလုံသော်လည်း လျော့ပါးသွားမှာကို ပူဆွေးစိုးရိမ်ရခြင်း ၊ မပြည့်စုံသဖြင့် တောင့်တမျှော်မှန်း အားထုတ်ရခြင်းစတဲ့ ဝေါဟာရ ဒုက္ခတွေလည်း မဆုံးနိုင်အောင် ထပ်ဆက် တိုးပွား များပြားနေကြရပါတယ်။ အဲဒီတော့ အကြောင်းအကျိူးဆက် ဒီသံသရာက အကြောင်းအကျိူးကင်းတော့ ငြိမ်းချမ်းရေးကို ရအောင် လောဘ ၊ ဒေါသ ၊ မောဟတွေကို ပယ်ကြ ပါလို့ ဂေါတမရှင်တော်ဘုရားက ဟောကြားတော်မူခဲ့ပါယတယ်။ ´´
`` အဲဒီတော့ ဘုရားဖြစ်ရေး အားထုတ်မှုကြောင့် ဘုရားဖြစ်ရတဲ့ လူသာမန်က ဘုရားဖြစ် တာကိုတော့ တစ်ကမ္ဘာလုံးက မငြင်းပါဘူး။ ခေတ်ပေါ်ပညာရှိများနှင့် စဉ်းစားကြတဲ့ ပုဂ္ဂိုလ်တိုင်းက လည်း ထောက်ခံထားကြပြီးပါပြီ။ ´´
`` ဥပမာ ပုံစံပြောရမယ်ဆိုရင် ကျောင်းနေပြီး ပညာသင်ကြား အားထုတ်ခဲ့တဲ့အတွက် ဘီအေ ၊ အမ်အေ၊အိုင်စီအက်စ် စတဲ့ စာမေးပွဲတွေအောင်ပြီး ဘွဲ့ဒီဂရီတွေ ရခဲ့တဲ့အတွက်ကြောင့် မြို့အုပ် ၊ ၀န်ထောက် ၊ အရေးပိုင်အစရှိတဲ့ အကျိူးတွေ ရခဲ့ပါတယ်။ ဒီပရိသတ်ထဲက အရေးပိုင် မဖြစ်ချင်တဲ့လူ ၊ ဘုရာင်ခံ မဖြစ်ချင်တဲ့လူ ရှိပါသလား။ ရှိမယ်မဟုတ်ပါဘူး ၊ အားလုံးဖြစ်ချင်ကြမှာပဲ၊သို့သော် ဘာကြောင့် မဖြစ်ကြသလဲ ၊ ဖြစ်နိုင်တဲ့ အကြောင်းတရားတွေကို အားမထုတ်ခဲ့လို့ပေါ့ ။ သာမညလူက သူဌေးကြီးဖြစ်တာ အံ့သြစရာကောင်းတယ် ၊ သူဌေးသားက သူဌေးသားဖြစ်တာ ဘာများ အံ့သြစရာ ရှိပါ့မလဲ ။ သည်လိုပဲ လူကဘုရားဖြစ်တာ အံ့သြစရာပေါ့ ၊ ဘုရားကဘုရားဖြစ် နေဖို့ မလိုပါဘူး။ ဘုရားကဘုရား လူက လူဖြစ်တယ်ဆိုတာ အံ့သြစရာလား ၊ လူက ဘုရားဖြစ်ရင် ဘုရားက လူဖြစ်ရင်၊ လူက မျောက်ဖြစ်ရင် ၊ မျောက်က လူဖြစ်ရင် ၊ အံ့သြစရာမကောင်း ပေဘူးလား။ ´´
`` ပြောတိုင်းသာ ယုံကြစတမ်းဆိုရင် အားလုံးကိုယ်ပိုင်ဥာဏ်ဆိုတာတွေဟာ အလာ ကားချည်း ဖြစ်ရတော့မယ်။ လူမဆိုထားနဲ့ တိရစ္ဆာန်တောင် ယုံထိုက်မှ ယုံတာ ၊ ခွေးတစ်ကောင်ကို သူ့သခင်ယောင်ဆောင်ပြီးပြလို့ ယုံမယ်ထင်သလား။ မြင်းတို့ ၊ နွားတို့လည်း ဒီလိုပဲ ၊ ဆင်ဆိုတာ ပို တောင် ဆိုးသေးတယ်။ စီးနေကျ သူ့ဦးစီးမဟုတ်ရင် ခါချပြီး နင်းသတ်တာမျိူး ၊ ဒီအထိ သူတို့ လည်း ဥာဏ်တွေရှိတာပဲ။ ငါ - မင်သခင်လုပ်မယ် ဆိုရုံနဲ့ ရတာမျိူးတော့ ကျွန်ပ်တို့ လူသား လူတွေပဲရှိရဲ့ ဟုတ်မဟုတ် စဉ်းစားကို မစဉ်းစားချင်ကြဘူး။ လွမ်းစရာပြောရင် လွမ်းပစ်လိုက်တာပဲ ဟုတ်လို့ လွမ်းတာက နည်းနည်း ၊ လွမ်းစရာကောင်းလို့ လွမ်းကြတာပါ။ ပွဲထဲများ ကြည့်ပါလား၊ ဇာတ်ကတယ်ဆိုတာ ငှါးတဲ့သူက ပိုက်ဆံပေးလို့ လာကတာ။ ပွဲကြည့်တဲ့လူတွေက လွမ်းခန်းမှာ မျက်ရည်များသုတ်လို့ ဟိုမှာ တကယ်ဖြစ်နေတာလည်း မဟုတ်ဘူး ၊ ဇာတ်ကနေတာပါ ၊ သူ့မှာ တကယ်ဖြစ်နေတယ် အံ့ရော။ ´
အဲဒါ ကျူပ်တို့ လူမျိူးတွေပဲ ၊ဟုတ်မဟုတ် ယုတ္တိသဘာ၀နဲ့လည်း နည်းနည်းတော့ စဉ်းစားကြဦးမှပေါ့ ။ ပြောတိုင်းယုံဖို့ဆိုတာ ကောင်းလည်းမကောင်းပါဘူး။ သဘာ၀လည်းမကျပါ ဘူး။ ကိုယ့်မှာရှိတဲ့ မျက်စိ ၊ နား၊ နှာ ၊လျှာ၊ကိုယ် အတွေးနှင့်လည်း လေ့လာစဉ်းစား ကြဦးမှပေါ့။´´
`` ဘုရားက ဘုရားဖြစ်တယ်ဆိုတာ ယုတ္တိမရှိပါဘူး။ ဒါကို ကိုးကားပြောဆိုလို့ ကောင်းတဲ့ မြန်မာစကားတောင် မဟုတ်ဘူး ။ ဘုရားက ဘုရားဖြစ်တယ်ဆိုတာ ယုတ္တိကင်းမဲ့တဲ့ အတွက် ယုံကြည်ဖို့ အလွန်ခဲယဉ်းပါတယ်။ ပြောတိုင်းမယုံကြည်ကြပါနဲ့။ စဉ်းစားပြီးမှ ယုံကြပါ ။ လူတစ်ယောက်ဟာ ကျောင်းနေပြီး စာမသင်ဖူးပဲနဲ့ ဘီအေ ၊ အမ်အေ ၊အိုင်စီအက်စ် အောင်တယ် ဆိုတာ မိတ်ဆွေတို့ ယုံကြမလား။ လယ်သမားတစ်ယောက်က လယ်ထဲဆင်းလည်းမဆင်း၊ ထွန်လည်း မထွန် ၊ ပျိူးလည်း မနှုတ် ၊ ကောက်လည်း မစိုက် ၊ ရိတ်နယ်ခြင်း မပြုပါဘဲနှင့် အိမ်ပေါ် မှာ အိပ်နေရုံမျှနဲ့ စပါးရနိုင်ပါ့မလား။ ဘယ်တော့မျ မရနိုင်ပါဘူး။ လုပ်မှကိုင်မှ ရကြတယ်ဆိုတာ အထင်အရှားပါ။ အခုလည်း ဘုရားဖြစ်တယ်ဆိုတာ ဘုရားဖြစ်ဖို့ လုပ်ငန်းများကို မလုပ်ပါဘဲနဲ့ ယုတ္တိရှိပါ့မလား၊ ယုတ္တိမရှိပါဘူး။ အဲဒီလို ယုတ္တိ မရှိတာကို ယုံသင့် မယုံသင့် စဉ်းစားကြည့် ကြစမ်းပါ။ ´´
`` ထာ၀ရဘုရားကတော့ သူ့သာ ယုံကြည်ကိုးကွယ် ဘာမှမပူနဲ့တဲ့။ ကဲ ယုံကြမလား၊ ယုံနေတဲ့သူတွေ အခုဒီမှာ အများကြီးပဲ ထာ၀ရပေးလို့ရတဲ့ ဆန်စပါး ဘယ်နှစ်ယောက် စားရဖူးသလဲ။ ကိုယ့်ဟာကို လုပ်လို့ရတာသော်လည်းကောင်း၊ ကိုယ်ပိုင်ဥာဏ်နဲ့ ရှာကြံလို့ ရရှိတဲ့ ပိုက်ဆံနှင့် တန်ရာတန်ကြေးပေးမှ ရရှိကြတာချည်း မဟုတ်ပါလား။ ဦးပဇင်းတို့ရဲ့ ဂေါတမရှင်တော် ဘုရားကတော့ (အတ္တာဟိ အတ္တာနော နာထော) တဲ့ ၊ ကိုယ့်အားကိုယ်ကို ကိုးကြတဲ့ ။ ကဲ …ဒီတော့ ကာ လက်တွေ့မှာ ကိုယ်လုပ်မှ ကိုယ်ရတာကို ထင်ရှားမနေပေဘူးလား။ ဘယ်ဘုရားဟောတာက ခုလူတွေမှာ လက်တွေ့မှန်သလဲ ၊ ခရစ်ယာန်ဓမ္မဆရာကြီးတွေ ပြောသလို ထာ၀ရဘုရားမှာ တန်ခိုးတော် အနန္တရှိတယ်ဆိုရင် ဒီဓမ္မဆရာကြီးတွေ ကိုယ်တိုင် ဒီထိအောင်ပင်ပန်းခံပြီး လာနေစရာတောင် မလိုဘူး။ အိမ်ကနေပြီး ထာ၀ရဘုရားကို တိုင်တည် ဆုတောင်းလိုက်ရင် အားလုံးကိစ္စ ပြီးနေတော့မယ် မဟုတ်လား။ ဦးပဇင်းတို့လည်း သူတို့ရဲ့ ဆုတောင်းပြည့်သွားတဲ့အတိုင်း ရှုံးပြီး အေးအေးဆေးဆေး ထိုင်နေရုံပဲ ရှိတော့တယ်။ ဘာမှကို ပြောနေစရာမလိုတော့ဘူး မဟုတ် လား။ ´´
`` ဟောအခုတော့ မနက်အချိန်ကပဲ လူတွေ ဗုဒ္ဓဘာသာဘက်ကို ကူးပြောင်းလာနေကြ ပြီ။ ဘာပြုလို့ အနန္ဒတန်ခိုးတော်ရှင် ထာ၀ရဘုရားဟာ သူ့ကို ယုံကြည်ကိုးကွယ်ကြည်ညိုတဲ့ လူတွေ ဗုဒ္ဓဘာသာဘက်ကို ကူးပြောင်းလာတာ ကြည့်နေရသလဲ။ ´´
(သြဘာသံများ)
`` နောက်တစ်ခါ သတ္တမအချက်က သုံးခုတစ်ဆူ ဘုရားဆိုတဲ့ ကိစ္စ ၊ ဓမ္မဆရာ တစ် ယောက်က ခမည်းတော်၊သားတော်၊သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သုံးခုပေါင်း ဘုရားတစ် ဆူ ဖြစ်တယ်လို့ ပြောသွားတယ်။ ခမည်းတော်ဆိုတာက ထာ၀ရ၊ သားတော်ဆိုတာက ယေရှုခရစ် လို့ ဆိုလိုပါတယ်။ ထာ၀ရနှင့်ယေရှုခရစ်တို့ဟာ တူပါတယ်တဲ့။ မတူတဲ့အကြောင်းကို ဦးပဇင်းက ပြောပြရသေးတာပေါ့ ၊ ဓမ္မဟောင်းကျမ်းက ထာ၀ရဘုရားက လက်စားချေဖို့ ဟောတယ်။ ကိုယ့်သွားတစ်ချောင်းကို ချိူးရင် သူ့သွားတစ်ချောင်းကို ချိူးပစ်ရမယ်တဲ့။ ကိုယ့်မျက်လုံးတစ်လုံကို ဖေါက်ရင် သူ့မျက်လုံးတစ်လုံးဖေါက်ရမယ်တဲ့။ (အn ဧyဧ for အn ဧyဧ) ဆိုတဲ့ တရားပေါ့ ။ အဲဒါဟာ ခမည်းတော် ထာ၀ရဘုရားရဲ့ တရားပါပဲ။ အဲ….သားတော် ယေရှုခရစ်ကတော့ လက်စားမချေဖို့ ၊သည်းခံဖို့ဟောတယ်။ ညာဘက်ပါးကို ရိုက်လာလျှင် ဘယ်ဘက်ကပါးကိုပါ အရိုက်ခံလိုက်ပါတဲ့ ။ အဲဒီတော့ ခမည်းတော်နှင့် သားတော် ကွဲမနေပေဘူးလား။ ဟောတဲ့တရား ဟာ ဒီလောက်ကွဲနေရင် တူတယ်ဆိုတဲ့ စကားဟာ မဟုတ်နိုင်တော့ဘူး ။ ယေရှုခရစ်ဘာ့ကြောင့် ဘာလုပ်ဖို့လာသလဲ၊ ဆိုတဲ့ကိစ္စကို ကြည့်ရင် အလွန်ှရှင်းနေပါတယ်။ သတ္တဝါအများကို ကယ်တင် ရန် လာတယ်လို့ပြောတယ်။ အဲဒီသတ္တဝါဆိုတာ အကုန်လုံးကို မဟုတ်ဘူး။ iသရေလ(ဂျူး)လူမျိူး တို့ကိုသာ ဆိုလိုတာပါ။ ဗမာ၊ကရင်၊ချင်းတို့ဟာ ဒီအချက်ကို အထူးသတိပြုဖို့လိုပါတယ်။ နက်နက်နဲ နဲ စဉ်းစားကြ ဖို့ကောင်းပါတယ်။ (ရှင်မဿဲ ခရစ်၀င်) အခန်း(၁၀)၊အပိုဒ်(၅)မှာ သင်တို့သည် တစ်ပါး အမျိူုးသားတို့ ရှိရာသို့ မသွားကြနှင့် ရှမာရိ(ဆမားရိယန်း) မြို့ရွာထဲသို့ မ၀င်ကြနှင့်၊ iသရေလအမျိူး ပျောက်လွင့်သော သိုးများရှိရာသို့ အရင်သွားကြလော့လို့ ယေရှုကိုယ်တိုင် ပြော ခဲ့တဲ့ စကားကိုထောက်ရင် တခြားလူမျိူးတွေအတွက် ခရစ်တော် ပေါ်လာတာ မဟုတ်ပါဘူး။ iသရေလူမျိူးများအတွက်သာ ပေါ်လာတာထင်ရှားပါတယ်။ ´´
`` ဗုဒ္ဓရှင်တော်ဘုရား ဖြစ်ပေါ်လာခြင်းဟာ ကမ္ဘာသူ၊ကမ္ဘာသား လူမျိူးမခြား၊ အားလုံး အတွက်ဖြစ်ကြောင်း ဘယ်သူမှ မငြင်းနိုင်တဲ့ အချက်ဖြစ်ပါတယ်။ (ဗုဒ္ဓေါ့ လောကေ သမုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ၊ ဗုဒ္ဓေါလောကေ ဥပ္ပဇ္ဇတ ဗဟုဇနဟိတာယ သုခါယ အတ္ထာယ)အစရှိတဲ့ လောကတစ်ခုလုံးအတွက် ဖြစ်ပေါ်လာကြောင်း အဆိုအမိန့် အထောက်အထားတွေ အများကြီး ရှိပါတယ်။ အဲဒါကြောင့် ဦးပဇင်းတို့ရဲ့ ဗုဒ္ဓရှင်တော်ပေါ်လာရခြင်းကတော့ ခရစ်တော်နှင့်မတူဘဲ ကမ္ဘာသူ ၊ ကမ္ဘာသား ဆိုရင် ဘယ်လူမျိူုးပဲဖြစ်ဖြစ် သတ္တဝါအားလုံးအတွက်ပဲ ဖြစ်ပါတယ်။ အဲဒါက ဘယ်သူမှ မငြင်းနိုင်တဲ့ အချက်ဖြစ်တယ်။ ဟောဒီဓမ္မဆရာကြီးများလည်း ဗုဒ္ဓဘာသာတရားတော် များကို သိပြီးနားလည်ပြီး ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ ဘယ်နေရာ ဘယ်ပါဠိတော်များမှ ဗုဒ္ဓရှင်တော် ဘုရားဟာ သတ္တဝါခဲခြားမှု ငါ့ကိုသာ ကိုးကွယ်ကြ ၊ ငါ့ကို မကိုးကွယ်တဲ့လူကို သတ်ကြ၊ ဖြတ်ကြလို့ ဟောတဲ့ စကားလုံးများ တွေ့ဖူးကြပါသလား။ ပါတယ်ဆိုရင် အခုထောက်ပြကြပါ။ ဦးပဇင်းက အရှုံး ပေးလိုက်ပါ့မယ် ။´´
``သူဟောတဲ့တရားကို လိုက်နာကျင့်သုံးသူ ၊ သူညွန်ပြတဲ့ တားမြစ်ချက်ကို မလုပ်ဘဲ ရှောင် ကြဉ်သူ မည်သူမဆို နှာခေါင်းချွန်သူဖြစ်၊ လုံးသည်ဖြစ်စေ၊ ပြားသည်ဖြစ်စေ ၊ ဧကန်မုချ သံသရာမှ လွတ်ခွင့်ရမယ်တဲ့ လက်တွေ့သိချင်ရင် လူ့လောက ကိလေသာကုန်ရေး တရားကို အားထုတ်ကျင့် ကြံကြည့်ပါ။ မှန်တာတွေချည်း ဖြစ်နေတာကို တွေ့ရပါ့မယ်။ အဲဒီတရားကို တကယ်ယုံကြည်လို့ အားထုတ်ရင် တကယ်ပင် ဒီ၀ဋ်ဆင်းရဲတို့ရဲ့ ဒုက္ခသား လောကီဘုံကနေရင်း ငုတ်တုတ်တစ်ဆက် တည်း ငြိမ်းချမ်းမှု အမှန်ကိုတွေ့ရမယ်။ သံသရာက လွတ်ထွက်သွားပါလိမ့်မယ်။ အဲဒါဟာ ဗုဒ္ဓဂေါတ မတရဲ့ သန္ဒိဋ္ဌိက ၊ အကာလိက တရားတော်ရဲ့ ဂုဏ်နဲ့အညီဖြစ်ပါတယ်။ ကိုယ်တိုင် ကျင့်ရင် ကျင့် သူ ရမယ်။ သူတစ်ပါးကို လုပ်ပေးလို့ မရဘူး။ ကိုယ်လွတ်မြောက်ရေးအတွက် သူတစ်ပါးကလည်း လုပ်ပေးလို့ မရပါဘူး ။´´
`` ကိုယ့်အဖို့ ထမင်း၀ချင်ရင် ကိုယ်ကိုယ်တိုင် စားမှ ထမင်း၀မယ် ဆိုတဲ့စကားဟာ ဗုဒ္ဓဘု ရားရှင်ရဲ့ဝါဒ အဆိုအမိန့်နှင့် ကိုက်ညီတဲ့စကားပေါ့ ။ အဲဒီ ရှင်မဿဲ ခရစ်၀င် အပိုဒ်(၃၄)ရောက် တော့ ခရစ်ပေါ်လာရခြင်းအကြောင်းကို ခရစ်တော်ကိုယ်တိုင်က အတိအလင်းပြောဆိုခဲ့ပါတယ်။ မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွတ်အပ်သောငှာ ငါလာသည်ဟု မထင်ကြဟု ၊ ငြိမ်သက်ခြင်းကို စေလွတ်အပ်သောငှာ ငါလာသည်မဟုတ် ၊ ဓါးကို စေလွတ်အပ်သောငှာ ငါလာသတည်း ၊ တဲ့ အခန်း(၃၅)မှာတော့ (အဖနှင့်သား၊အမိနှင့်သမီး၊ယောက္ခမနှင့်ချွေးမအချင်းချ င်း ကွဲပြားစေ ချင်းငှာ ငါလာသတည်း) - အဲဒါ ယေရှုခရစ်တော်ပေါ်လာရတဲ့အကြောင်းပါပဲ။ အလွန်ရှင်းနေပါ တယ်။ ´´
` အဲဒါဟာ သခင်ယေရှုရဲ့ မေတ္တာတော်တွေပါပဲဗျ ၊ ဘာလုပ်ဖို့လာသလဲဆိုတာ ရှင်းမ နေပေဘူးလား။ အဲဒါ ဘုရားတဲ့လားဗျာ ..။´´
`` ဘာလုပ်ဖို့လာတယ်ဆိုတာ စဉ်းစားစရာလိုသေးသလား ၊ ဦးပဇင်းက တမင်ထွင်ပြီး တော့ ပြောတာ မဟုတ်ပါဘူး။ ကျမ်းစာအထဲမှာ ပါတဲ့အတိုင်း ပြောရတာပါ ။ iသရေလ လူမျိူးမှ တစ်ပါး အခြားလူမျိူးကို ငါကယ်တင်ရန် လာသည်မဟုတ်။ ဓါးကို စေလွတ်ရန်လာတယ်ဆိုတော့ ပြောရမှာတောင် တော်တော်ခက်ပါတယ်။ အေး…..တစ်ခုတော့မှန်ပါရဲ့ အချင်းချင်းကွဲပြားစေရန်၊ မုန်းတည်းစေရန်လာတယ်ဆိုတဲ့အတိုင်း ယေရှုဘာသာကို ယုံကြည်ကြတဲ့နေ့ကစပြီး ဗမာအချင်း ချင်းလည်း ကွဲရတယ်၊ ကရင် ချင်းတို့လည်း ကွဲကြရတယ်။ ပေါင်းသင်းဆက်ဆံရေးတွေလည်း ပျက် ပြားရတယ်။ အနေအစားလည်း ကွဲတယ် ၊ အယူအဆလည်း ကွဲတယ် ၊ သွေးစည်းမှုလည်းကွဲလို့ ပျက်နေပြီ ၊ အဲဒါ ခရစ်ယာန်ဝါဒရဲ့ အကျိူးပဲပေါ့။ ´´
`` နီပေါလ်ပြည်မှာ `သမ္မာကျမ်းစာနောက်က `ဓါး´ပါတယ် ´ ဆိုတဲ့စကားပုံရှိတယ်။ ခရစ်ယာန်သာသနာပြုရဲ့နောက် အုပ်ချူပ်တဲ့ အစိုးရ လိုက်လာတယ်လို့ ဆိုလိုပါတယ်။ ဗမာပဲ ချင်းပဲ ကရင်ပဲလို့ ကွဲပြားနေတာဟာ ခရစ်ယာန်ဝါဒကြောင့်လို့ အတတ်ဆိုစရာ ဖြစ်မနေပေဘူး လား။ ဦးပဇင်းကိုယ်တိုင်ကတော့ မိတ်ဆွေ ဓမ္မဆရာများနှင့်တကွ ခရစ်ယာန်ဘာသာ၀င် မြန်မာ ၊ ကရင် ၊ချင်းတို့ကို ဘာသာအယူဝါဒပင် ကွဲပြားနေသော်လည်း တပြည်ထဲက မွေးပြီး တမိထဲက ပေါက်ဖွားတဲ့ သွေးတူသားတူ တွေမို့ မုန်းတီးဖို့ ဟောတဲ့တရားကို မလိုက်နာလိုပါဘူး ။ ဦးပဇင်းအ နေနဲ့ ဒီကွဲနေတဲ့ စိတ်ထား စေတနာတွေကို စဉ်းစားမိပြီး သဘောပေါက်နေလို့ ကိုယ့်သွေးသားချင်း တွေပဲ ဆိုတဲ့အနေနဲ့ မမုန်းတော့ မမုန်းပါဘူး၊ ဘာသာဆိုတာကတော့ ကြိုက်တာယုံပေါ့၊ ယူကြပေါ့ လူမျိူးခြင်းအနေနဲ့ ဘာသာရေး အကြောင်းပြုပြီး ကွဲရတာမျိူးတော့ ဦးပဇင်းမကျေနပ်ဘူး။ ကွဲခံရ တာကို မကျေနပ်တာကို ပြောတာပါ ၊မုန်းတော့ မမုန်းပါဘူး။ ´´
`` ဦးပဇင်းရဲ့ ဂေါတမကတော့ မုန်းတီးဖို့ မဟောခဲ့ဘဲ ၊ ချစ်ဖို့ကိုသာ ဟောတော်မူခဲ့တာကိုး၊ မုန်းတာဟာ မကောင်းပါဘူး။ ဘာသာရေးဆိုတာ အလွန်အရေးကြီးတဲ့ ကိစ္စမို့ အရမ်းမယုံဘဲ နက် နက်နဲနဲ အထူးစဉ်းစားကြဖို့ လိုပါတယ်။ မစဉ်းစားရင် မှားတတ်ပါတယ် ၊ လူတိုင်းမှာ လွတ်လပ်ခွင့်ရှိ လို့ ယုံချင်တာကို ယုံနိုင်ပါတယ် ။ အခုဦးပဇင်းပြောတာကို ယုတ္တိ ရှိ/မရှိ အကျိူးအကြောင်း ညီမညီ ကိုသာ စဉ်းစားဖို့ ပြောတာပါ။ စဉ်းစားပြီးမှ ယုံဖို့ တိုက်တွန်းလိုပါတယ်။ ဦးပဇင်းရဲ့ ဝါဒကတော့ ကိုယ်လည်းအရမ်းမယုံချင်ဘူး။ သူများကိုလည်းပဲ အရမ်းမယုံစေချင်ဘူး။ နည်နည်းတော့ စဉ်းစား စေချင်ပါတယ်။ အဲ…ဒါပေမယ့် ဆင်ခြင်တုံတရားနဲ့ အမှားအမှန်ကို ဝေဖန်ပိုင်းခြားမယ် ဆိုရင်တော့ ဦးပဇင်းက ပြောပါ့မယ်။ မှားသလား၊မှန်သလား ၊စဉ်းစားကြပေါ့လေ။ ဦးပဇင်းရဲ့ ဗုဒ္ဓဘာသာဟာ ဆင်ခြင်တုံ တရားကို အများကြီးအားပေးတဲ့ဘာသာဖြစ်ပါတယ်။ ´´
`` ကိုယ့်ဘာသာ မယုံလို့ တစ်ဘက်ဘာသာ၀င်တွေကို သတ်လားဖြတ်လား ဘယ်တော့ မလုပ်ပါဘူး၊ ယုံရင်လိုက်နာကိုးကွယ်ကြ မယုံကြည်ရင်လည်းနေပေါ့ ၊ ဦးပဇင်းတို့ ဘုရားရဲ့ဝါဒအရ ဦးပဇင်းတို့က မျက်နှာမပျက်ပါဘူး။ ဦးပဇင်းတို့ရဲ့ ဇရပ်တွေ ကျောင်းတွေရှိတယ်၊ ဘယ်ဘာသာ၀င် ပဲဖြစ်ဖြစ် လာနိုင်တယ်၊ တည်းခိုနိုင်တယ်။ ဦးပဇင်းတို့က မရှိ ရှိတာတောင် ကျွေးမွေးပါဦးမယ်။ ကိုယ့်ဘာသာ ယုံကြည်ကြပါလို့ မဆိုလိုပါဘူး။ ဒုက္ခဖြစ်နေရင်၊ ခိုကိုးရာမရှိဖြစ်နေရင် ။ ဘယ်လူမျိူး ပဲ ဖြစ်ဖြစ် လူသားချင်းချင်းကို ဦးပဇင်းတို့က မျက်နှာမပျက်စေပါဘူး။ ဗုဒ္ဓဘုရားရှင်ကလည်း ၊ သဗ္ဗေသတ္တာ သတ္တဝါအကုန်လုံးကို မေတ္တတူထားပါတယ်။ ဒါလည်း ဒီခရစ်ယာန်ဘက်က ချေပကြ မည့် ဓမ္မဆရာကြီးတွေ သိပြီးသားပါ ဟုတ်ကဲ့မဟုတ်လား။´´
``ဦးပဇင်းတို့ရဲ့ ဗုဒ္ဓရှင်တော်ဘုရားက ဘာမဆို မစုံစမ်း မစစ်ဆေးဘဲနှင့် အရမ်းမယုံဖို့ ကို တော့ ဟောတော်မူခဲ့ပါတယ်။ ခရစ်ယာန်လို ဇွတ်ယုံရမယ် မယုံရင်သတ်မယ် ဖြတ်မယ်လို့ မဟော ခဲ့ပါဘူး၊ လုပ်လည်း မလုပ်ရပါဘူး၊ လုပ်လို့လည်း ဂေါတမဘုရားရှင်က မဟောခဲ့ပါဘူး။ ခရစ်ယာန် ကတော့ မယုံတဲ့လူ သတ်ပစ်လေလေ လက်ခုပ်တီးလေလေပေါ့ ၊ ဟုတ်ကဲ့လား..။´´
`` အဲဒါဟာ ရက်စက်မှုနဲ့ မေတ္တာထားပုံ ခြင်းကွာခြားတယ်ဆိုတာပါပဲ။´´
`` ဦးပဇင်းတို့ရဲ့ ဂေါတမရှင်တော်ဘုရားဟာ အထင်အရှားပွင့်တော်မူခဲ့ကြောင်း ပါဠိတော်တွေ အဋ္ဌကထာတွေ အစရှိတဲ့ ပါဠိဘာသာကျမ်းစာတွေကို ဖယ်ထားလိုက်ဦးတော့၊ အိန္ဒိယ ရှေးရာဇ၀င်များအရပဲ ထင်ရှားနေပါပြီ ၊ ရှေးဟောင်းရှာဖွေလေ့လာရေး သုတေသနဌာနများ ကလည်း လိုက်လံရှာဖွေပြီး တူးဖေါ်ကြတဲ့အခါမှာ ဗုဒ္ဓရှင်တော်ဘုရားရဲ့ မွေးဖွားရာ အရပ်မှာ အာ သောကမင်းကြီး စိုက်ထူခဲ့တဲ့ ကျောက်တိုင်ကြီးကို ယခုတိုင်တွေ့ရပါသေးတယ်။ မယုံလျှင် သွား ကြည့်နိုင်ပါတယ်၊ ရှင်တော်ဘုရား သီတင်းသုံးတော်မူခဲ့တဲ့ ဇေတ၀န်ကျောင်းတော်၊ ဗောဓိပင် စသည်တို့လည်း အထင်အရှား တွေ့နိုင်ပါတယ်။ ´´
`` ဂေါတမရှင်တော်ဘုရားဖြစ်မည့် သိဒ္ဓတ္ထမင်းသားဟာ မဟာသက္ကရာဇ် (၆၈)ခု ကုဆုန်လပြည့် သောကြာနေ့မှာ ဖွားမြင်တော်မူတယ်။ အဲဒါ ရာဇ၀င်မှတ်တမ်းအရ တိကျခိုင်မာပြီး ထင်ရှားနေတဲ့ အတွက် ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒီကဓမ္မဆရာများလည်း ငြင်းနိင်မှာ မဟုတ်ပါဘူး။ ယေရှုခရစ် ရဲ့ အတ္ထုပ္ပတ္တိကို ကြည့်ကြဦးစို့ ၊ ယေရှုခရစ်ဟာ ဘယ်နှစ်ခုနှစ် ဘယ် သက္ကရာဇ်မှာ ဖွားမြင်ပါသလဲ? - မသိဘူး- ဘယ်နေ့မွေးသလဲ?၊ မသိဘူး ၊ ဘယ်ရက်မွေးသလဲ? ၊ မသိဘူး။ ဘယ့်နှယ်လဲဆရာတို့၊ မသိဘူးချည်းပါလား ၊ ဒီလိုဆိုရင် မယ်မယ်ရရ မရှိတော့ဘူး။ စဉ်း စားကြပါ ။ ယေရှုရဲ့ တရားတွေ ဘာတွေ ဖယ်ထားလိုက်ဦး၊ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်သက္ကရာဇ်မှာ ယေရှုခရစ် ဖွားမြင်တယ်လို့ အတိအကျ ဂဃ နဏ မရှိဘူး၊ မသိကြဘူး မဟုတ် လား။
`` ဒီလောကမှာ လူထဲမှာ အလွန်မြင့်မြတ်လို့ ဘုရားဆိုတဲ့ ဘွဲ့ထူးအဖြစ်ကို ခံယူပါတယ်ဆို တဲ့ ဧရာမ အထိကရ ပုဂ္ဂိုလ်ကြီးမျိူးကို မဆိုထားနဲ့ဦး ၊ သာမန်လူကြီး လူကောင်းမှန်သမျှတွေဟာ မွေးနေ့၊မွေးရက်၊မွေးလ ၊မွေးနှစ် မွေးသက္ကရာဇ် ရက်ချူပ်စာတန်းဆိုတာတွေမျိူး ရှိကြပါတယ်။´´
`` ဒီတော့ကာ ခရစ်ယာန်ဓမ္မဆရာကြီးတွေကို ဦးပဇင်းတစ်ခု သတိပေးပါ့မယ်။ တစ်ခြား အကြောင်းတွေ ယုတ္တိ ရှိတာ မရှိတာတွေ ထားပြီးတော့ သာမန်လူတွေကို တစ်ယောက်စီ တစ်ယေက်စီ ခဲခဲယဉ်းယဉ်း စည်းရုံးနေရတာတွေ ဟောပြောနေရတာတွေ ဆိုတာမျိူးထက် အခုဦးပဇင်းလို ပုဂ္ဂိုလ်မျိူးတစ်ယောက်က ခရစ်ယာန်ဘက်ကို ကူးပြောင်းတယ်ဆိုရင် ဆရာကြီးများ ကျေနပ်အားရစရာ မကောင်းပါလား။ ´´
`` ဆရာကြီးတို့ရဲ ယေရှုခရစ်ဟာ ဘယ်နေ့၊ဘယ်ရက်၊ ဘယ်လ၊ ဘယ်အချိန်၊ ဘယ်သက္ကရာဇ် မှာ မွေးတယ်ဆိုတဲ့ ရက်ချူပ်ကို မှန်ကန်အောင် အတိအကျ ပြောနိုင်မယ်ဆိုရင် ဦးပဇင်းက ဟောဒီသင်္ကန်းကို ဒီနေရာတွင်ပဲ တစ်ခါတည်းချွတ်ပုံချခဲ့ပြီး အပြီးတိုင် ခရစ်ယာန်ဘာ သာဘက်ကို ၀င်လိုက်မယ်။ကဲ… ပြောကြစမ်း တစ်ခါတည်းကို နေရာမပြောင်း ၀င်လိုက်ပါ့မယ်။ ဟုတ်ပလား။ ´´
(ရှည်လျားသော သြဘာသံကြီး ဆူညံသွားသည်)
`` ဒီနေ့ပြောမပြနိုင်သေးရင်လည်း ထပ်ပြီး ရှာဖွေကြပါဦး တွေ့တဲ့နေ့မှာ တောင်တွင်းကြီး ကိုလိုက်လာပြီး ပြောပြပါ။ တိကျခိုင်လုံရင် အများရှေ့မှောက်ကို ဆရာတို့ကို ၀န်ချတောင်းပန်ပြီး တော့ တစ်ခါတည်း ခရစ်ယာန်ထဲ ၀င်လိုက်ပါ့မယ်ဆိုတာ ဟောဒီ ပရိသတ်ကြီးရှေ့မှာ ကတိပေးပါ တယ်။ ´´
( ထပ်ဆင့် သြဘာသံကြီး မြည်ဟီးသွားပါသည်)
`` ကဲ……အချိန်လည်းစေ့ခါနည်းပါပြီ ၊ မဆင်းမှီ ဟောဒီ ကျောက်ကွင်းရွာနဲ့ ညောင်ပင် သာရွာ ဓမ္မဆရာဦးရွှေအောင်ကို အနည်းငယ် မှာခဲ့ချင်ပါတယ်။ ဆရာရေးတဲ့ စာအုပ်ကလေးရဲ့ နောက်ဆုံးမှာပါတဲ့ ပါဠိကလေးဟာ ဘယ်ပါဠိတော် ဘယ်ကျမ်းမှ ပါတယ်ဆိုတာကို တစ်ဆိတ်က လေး ညွန်ပြစေလိုပါတယ်။ ´´
`` ဦးပဇင်းဟာ အတော်ကလေး ပိဋကတ်တော်ဆိုင်ရာ ပါဠိစာပေများကို နံ့စပ်အောင် သင်မှတ်ခဲ့ပါတယ်။ ကျကျနနလည်း လိုက်စားခဲ့ဘူးပါတယ်။ ကိုယ်တိုင်လည်း စာပေ ပို့ချခဲ့ဖူးပါ တယ်။ သို့သော်လည်း အဲဒီဦးရွှေအောင်တို့ စာအုပ်ထဲမှာ ပါတဲ့ ပါဠိကိုတော့ မတွေ့ဘူးဘဲဖြစ်နေပါ တယ်။ ´´
`` အခုဟောဒီစင်ပေါ်မှာ သံဃာတော်(၂၀၀)ခန့် ရှိပါတယ်။ အဲဒီကိုယ်တော်များလည်း အဲဒီပါဠိကို မတွေ့ခဲ့ဘူးကြပါလို့ အမိန့်ရှိကြပါတယ်။ ဒီတော့ ဦးပဇင်းနဲ့တကွ ဒီသံဃာတော်များပါ မှတ်သားကြရအောင် တစ်ဆိတ်လောက် အဲဒီပါဠိကလေးပါတဲ့ ပိဋကတ်ကျမ်းစာအုပ်ကို ကျေးဇူးပြု ပြီး ညွန်ပြစေလိုပါတယ်။ ပါဠိကတော့……
ဓူရဒါရ မနာရမ္မေ ဂီဟိကမ္မေ ရတော ဘိက္ခု
ဂိဇျစွ ကုဋ သလေံ ပတေံ ၊ ဝါတံ ဘိကျခု အတိဿတိ …. တဲ့။´´
`` အဲဒါ ဦးပဇင်းတို့ရဲ့ ပါဠိတော်များမှာ ပါတယ်ဆိုရင် ပိဋကတ်တော်စာအုပ်များ ဖြစ်ပါက ဘယ်ကျမ်းစာအုပ်၊ ဘယ်စာမျက်နှာ ၊ ဘယ်နံပါတ်၊ ပေစာဖြစ်မယ်ဆိုရင်လည်း ၊ကျောဘက် ၊ ၀မ်းဘက် ၊ က-ချပ် ၊ ကာ-ချပ် ဘယ်အင်္ဂါစသည်ဖြင့် ညွန်ပြရရိုးရှိပါတယ်။ အဲဒါကလေးကိုဖြင့် ဓမ္မဆရာဦးရွှေအောင်နှင့်တကွသော ဦသာဒင်အစရှိတဲ့ မိတ်ဆွေကြီးများက အထူးပဲ ဂရုစိုက်ပြီးညွန်ပြကြစေလိုပါတယ်။ ´´
`` ယခုလို ဘာသာဝါဒဆိုင်ရာ ပြိုင်ပွဲကြီးမျိူးကို တွေ့ကြုံရသဖြင့် ဦးပဇင်းအနေနဲ့ ရော အခုဒီမှာ ရှိကြတဲ့ သံဃာတော်များအနေနဲ့ပါ ရှုံးတာနိုင်တာ ပဓာန မထားဘဲ ၊ အထူး၀မ်းမြောက် ကြပါတယ် ၊ နောက်ကိုလည်း ဒီလို ဘာသာရေးဝါဒပြိုင်ပွဲကြီးမျိူးတွေကို နယ်တိုင်း၊ ရွာတိုင်း၊မြို့ တိုင်းဆိုသလို ဖြစ်မြောက်အောင် ကျင်းပနိင်ကြပါစေလို့ အာသီသပြုရင်း နိဂုံးချူပ်လိုက်ပါတယ်။´´
(ရှည်လျားသော သြဘာသံကြီး )
ပထမပိုင်း(၂)နာရီ ဗုဒ္ဓဘာသာဘက်မှ ပြောပြီးသွားပြီ ဖြစ်ပါ၍ နောက်ပိုင်းအချိန်(၂)နာရီတွင် ခရစ် ယာန်ခေါင်းဆောင်များက ဝေဖန်ချေပကာ ဟောပြောမည်ဟု သဘာပတိ ဦးရွှေမှန်က ကြေညာ လိုက်၏။
ထိုသို့ သဘာပတိက ကြော်ညာပြီးသည့် တစ်ပြိုက်နက် မဏ္ဍပ်အတွင်းရှိလူများသည် အပြင်သို့ ထွက်ရန် နေရာမှ ထကုန်ကြသည်။ ထိုအထဲ၌ ခရစ်ယာန်များပါ ပါ၀င်သည် ။
နောက်ပိုင်း ဟောပြောမည့် ခရစ်ယာန်ခေါင်းဆောင် ဆရာဦးသာဒင်သည် တရားဟော စဉ်ပေါ်သို့ တက်လာ၏။ ပရိသတ်များက ထွက်မြဲထွက်နေကြပြန်သည်။ `နားမထောင်ချင်ဘူး´ဟူ သော အသံများမှာ မဏ္ဍပ်ကြီးတစ်ခုလုံး ညံနေလေပြီ။ သဘာပတိနှင့် ဦးသာဒင်တို့ပါ `ဆုံးအောင် နားထောင်ကြပါ´ဟု ပြောကြသော်လည်း လူအတော်များများမှာ အပြင်သို့ ရောက်နေကြလေသည် မဏ္ဍပ်ကြီးထဲ၌ ထသူထ ထိုင်သူထိုင် ထွက်သူကထွက် အော်သူကအော် နှင့် ဆူညံရှုပ်ထွေးနေလေ တော့သည်။
ဦးသာဒင်သည် စကားမပြောနိုင်တော့ဘဲ ငေးကြည့်ပြီးသာ ရပ်နေရတော့၏ ။
သဘာပတိ ဦးရွှေမှန်က ဆုံးအောင်နားထောင်ကြပါရန် တစ်ကြော်ကြော် အော်ဟစ်နေ သော်လည်း ပရိသတ်ကြီး၏ အသံကို မပေါက်နိုင်အောင် ဖြစ်နေသည်။ ဤတွင် တာ၀န်ယူ စောင့် ရှောက်နေရသော ပြည်ခရိုင် ရာဇ၀တ်၀န်ကြီးကို သဘာပတိက လှမ်း၍ မေတ္တာရပ်ခံပေးရန် ပြော သဖြင့် ရာဇ၀တ်၀န်ကြီး ဦးကြင် ကိုယ်တိုင် တရားစင်ပေါ်သို့ တက်ပြီး ပရိသတ်အား `ဆုံးအောင် နားထောင်ကြပါ မပြန်ကြပါနဲ့ဦး ၊ နှစ်ဘက်စကားကို အကုန်ဆုံးအောင် နားထောင်ကြပါဦး၊ ပြန်ထိုင်ကြပါ။ ပြန်ထိုင်ကြပါ၊ အထူးပဲမေတ္တာရပ်ခံပါတယ်´။ ဟု ပြောလေသည် ။
သို့ရာတွင် လူထု ပရိသတ်ကြီးမှာ ပြန်မထိုင်ကြဘဲ ရပ်ပြီးသာ ပြန်ကြည့်နေကြသဖြင့် ဗုဒ္ဓ ဘာသာဘက်မှ ဆရာကြီး ဦးကွန့်ကပါ စင်မြင့်ပေါ်သို့ တက်ပြီး ပရိသတ်များအား နှစ်ဘက်အစုံ နား ထောင်ပြီးမှ မိမိသဘောအလျောက် ဆုံးဖြတ်ကြပါ ၊တစ်ဖက်သပ် မဖြစ်ကြပါစေနဲ့။ အားလုံးပဲပြန် ထိုင်ကြပြီး ခရစ်ယာန်ခေါင်းဆောင်ကြီးများရဲ့ ရှုင်းလင်းချေပချက်များကို နားထောင်ကြပါဦး။ ဗုဒ္ဓဘာသာဘက်မှ လူကြီးတစ်ဦးအနေနဲ့အထူးပဲမေတ္တာရပ်ပါကြောင်း စသည်တို့ကို အော်ဟစ် ပေးပြန်သည်၊ သို့သော် ပရိသတ်ကြီးကား ထွက်မြဲပင် ။ `နားမထောင်ချင်ဘူး´ဟူ၍သာ ပြန်အော် ရင်း မဏ္ဍပ်အပြင်ဘက်သို့ သွားနေကြလေသည်။
ဗုဒ္ဓဘာသာ သဘာပတိ တောင်ငူဆရာတော်က ဆုံးအောင်နားထောင်ကြပါဦးဟု တစ်ခွန်းသာ အော်ဟစ်ပြောကြည့် သော်လည်း အသံကမပေါက်နိုင် ရှိလေသည်။ သို့နှင့် ရာဇ၀တ် ၀န်ကြီးကိုယ်တိုင်က ဆရာတော် အရှင်ဥက္ကဌ အား ခေတ္တမျှကြွပြီး ကူညီမေတ္တာရပ်ခံပေးပါရန် ပြော သဖြင့် ဆရာတော် တရားစင်ပေါ်သို့ တစ်ဖန်ပြန်တက်ပြီး ……..
`အားလုံးသော ပရိသတ်ကို ဦးပဇင်း မေတ္တာရပ်ခံပါရစေ ၊ ကိုးကွယ်မှု ၊မကိုးကွယ်မှု ဆို တဲ့ ယုံကြည်ချက်မျိူးဆိုတာ ဘယ်သူမှ တိုက်တွန်းလို့ရတာမဟုတ်ပါဘူး။ မိမိသဘောအလျောက် သာ ဆုံးဖြတ်ရမယ့် ကိစ္စ ဖြစ်ပါတယ်။ ယူတာမယူတာ အပထားပြီး နှစ်ဦးနှစ်ဘက် ပြောကြ ဟောကြတာကို ဆုံးအောင်နားထောင်ကြပါလို့ ဦးပဇင်းအထူးပဲ မေတ္တရပ်ခံပါတယ်။ ´ ဟု မေတ္တာရပ်ခံ သဖြင့် အချိူ့သော ပရိသတ်က ပြန်ထိုင်ကြသည်။ ထွက်ပြေးသူများကမူ ပြန်လှည့်ကြည့်ပြီး ဘေး မှ ရပ်ကြည့်နေကြသည်။
သို့နှင့် မထွက်ရသေးသူများမှာ မဏ္ဍပ်ထဲတွင် ရပ်ကြည့်နေကြပြီး ပြန်ထိုင်သူက နည်းနေ ၏ ။ ဆရာကြီး ဦးကွန့်နှင့် ရာဇ၀တ်၀န်ကြီးကပါ ``ပြန်ထိုင်အောင် မေတ္တာရပ်ခံပေးပါဘုရား ဆရာ တော် အမိန်ှ့ရှိ့ရင် ရပါလိမ့်မယ်။ ´´ ဟုပြောကြပြန်သဖြင့် ဆရာတော်က ထပ်မှန်၍ မေတ္တာရပ်ခံ ပေးရပြန်သည်။
`` အားလုံးသော ဒကာ/ဒကာမအပေါင်းတို့ ………..
ဦးပဇင်း အထူး မေတ္တာရပ်ခံပါရစေ ။ ဘာသာဆိုတာ ကိုယ်ကြိုက်မှ ကိုယ်ယူရပါတယ်။ အ တင်းယူခိုင်းလို့ ရတာမျိူးမဟုတ်ပါဘူး။ ယူတာ မယူတာ ပရိသတ် သဘောပါ။ နှစ်ဘက်စလုံး ဆုံး အောင်တော့ နားထောင်ကြပါဦး ၊ ဦးပဇင်းအထူးပဲ မေတ္တာရပ်ခံပါ တစ်ဆိတ်ပြန်ထိုင်ပြီး နားထောင် ကြပါဦး ဦးပဇင်းမေတ္တာရပ်ခံပါတယ်။
နောက်ထပ်တစ်ကြိမ် ဆရာတော်ကိုယ်တိုင် မေတ္တာရပ်ခံသောအခါမှာ ရပ်နေသူအများအ ပြားပင် ပြန်ထိုင်ကြသည်။ သိသာသည်မှာ ရပ်နေသော ခရစ်ယာန်ပရိသတ်များပင် ပြန်ထိုင်ကြ သည်ကို တွေ့မြင်ရသည်။ ဤတွင်မှာ ဟောစင်ပေါ်မှ ပြန်ဆင်းရင်း ``ကဲ..ဆရာတို့ ဟောကြပါ တော့ နားထောင်ကြပါလိမ့်မယ် ၊ ဟောသာဟောပါ ´´။ ဟု ပြောလိုက်မှ ဦးသာဒင် တရားဟော စင်ပေါ်သို့ ပြန်တက်နိုင်ပေတော့သည်။
သို့ရာတွင် လူအတော်တော်များများမှာ ဘေးမှာသာ မတ်တပ်ရပ်၍ နားထောင်နေကြလေ သည်။ မန္တလေး ဦးသာဒင်က ဆရာတော် ကောက်နှုတ်သုံးသပ်သွားသော သမ္မာကျမ်းစာ အချက် အလက်များကို ပြန်လည်ရှင်းလင်းချေပသည်။ သို့ရာတွင် ဦးတည်ချက် မမှန်တော့ဘဲ ကမောက်က မ ကဘောက်ကခြာ ဖြစ်၍ နေလေသည်။ ပရိသတ်ကို မေတ္တာရပ်ခံလိုက် ဟောပြောလိုက်နှင့်ပင် ညနေ လေးနာရီထိုး၍ အချိန်စေ့သွားသဖြင့် သဘာပတိက ဟောပြောပွဲကြီး ပြီးဆုံးကြောင်းကို ကြေညာလိုက်ရလေတော့သည်။
ရွာလုံးကျွတ် ဗုဒ္ဓဘာသာဖြစ်ပြီ ခရစ်ယာန်ခေါင်းဆောင်များသည် ဆရာတော်အရှင်ဥက္ကဌနှင့် တောင်ငူလောကုတ္တရာဆရာ တော် အရှင်ကုဏ္ဍလတို့အား လာရောက်နှုတ်ဆက်ကြသည်။
ထိုအခိုက် ရွာဆော်တစ်ဦးက လူအုပ်ကြီးတစ်အုပ်ကို ဦးဆောင်၍ မဏ္ဍပ်တွင်းသို့ ၀င်လာ သည်။
``ဆရာတော်များဘုရား … သူတို့တွေဟာ ကျောက်ကွင်းရွာက ချင်းအမျိူးသား အိမ်ထောင်စု (၆၀)ကျော်က လူတွေပါဘုရား။ ဗုဒ္ဓဘာသာဘက်ကို ကူးပြောင်းကိုးကွယ်ဖို့ ဆုံးဖြတ် ပြီး ဆရာတော်များကို လာရောက်ကန်တော့ကြတာပါဘုရား။ ´´
ရွာဆော်၏ လျှောက်ထားချက်ကို ကြားရသောအခါ ကျောက်ကွင်းရွာသူကြီး ဦးလှောင် သည် ထခုန်လိုက်ပြီး ခေါင်းပေါင်းကိုပင် ချွတ်၍ အထက်သို့ မြောက်ပင့်လိုက်သည်။၀မ်းသာ လွန်းသဖြင့် ဖရဏာပီတိ လွမ်းပြီး မျက်ရည်များပင်ကျလာသည်။ ထိုနောက် ဆရာတော်အရှင်ဥက္ကဌ အား အကြိမ်ကြိမ် ဦးချ၍ ကန်တော့နေလေတော့သည်။
ကျောက်ကွင်းရွာ တစ်ရွာလုံး တစ်ယောက်မကျန် ဗုဒ္ဓဘာသာ၀င်များဖြစ်သွားကြလေသည်။
ပြီးပါပြီ
 
Crd:

No comments