New Artical

စူပါမားကတ်မှာရောင်းတဲ့ အသီးအရွက်တွေနဲ့ စျေးမှာရောင်းတဲ့ အသီးအရွက် ဘယ်ဟာကပိုကောင်းတယ်လို့ သင်ထင်ပါသလဲ


စူပါမားကတ်မှာရောင်းတဲ့ အသီးအရွက်တွေနဲ့ စျေးမှာရောင်းတဲ့ အသီးအရွက် ဘယ်ဟာကပိုကောင်းတယ်လို့ သင်ထင်ပါသလဲ


🥗 ကောင်းတာကတော့ စိုက်ပျိုးသူများရဲ့ ဒေသစျေးကွက်မှာ ရောင်းချတဲ့ သစ်သီးဝလံများနှင့် ဟင်းရွက်များကို ဝယ်ယူစားသောက်တာပါ။
🥗တခြားဒေသတွေ၊ အထူးသဖြင့် မြို့ကြီးပြကြီးတွေမှာကတော့ စူပါမားကက် ဒါမှမဟုတ် စျေးမှာရောင်းတဲ့ သစ်သီးဝလံများနှင့် ဟင်းရွက်များကို ဝယ်ယူစားသောက်ရတာမဟုတ်လား။
🥗 ဒါဆိုရင် စူပါမားကတ်တွေမှာ အအေးခန်းထဲထည့်ထားတဲ့ အသီးအရွက်တွေနဲ့ စျေးတွေမှာ ဒီအတိုင်းထားပြီးရောင်းတဲ့ အသီးအရွက် ဘယ်ဟာက ပိုကောင်းတယ်လို့ ထင်ပါသလဲ?
🥗တချို့နေရာတွေမှာ အေးခဲထားတဲ့အစားအစာက စျေးထဲမှာ ဒီအတိုင်းထားတဲ့ အသီးအရွက်တွေထက် အာဟာရဓာတ်တန်ဖိုးပိုရှိနိုင်တယ်လို့ အာဟာရ ပညာရှင်တစ်ဦး ကပြောပါတယ်။
🥗 အကြောင်းရင်းကတော့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များက စတင်ဆွတ်ခူးချိန်နဲ့ ဆိုင်တွေဆီရောက်ချိန် အချိန်ခြားနားချက် များများရှိနေနိုင်ပါတယ်။
🥗လတ်ဆတ်မှု ဆုံးရှုံးသွားတာနှင့်အမျှ ဗီတာမင် C လို အာဟာရဓာတ်များလည်း ဆုံးရှုံးသွားပါတယ်။
🥗 အသီးအရွက်များကို မရင့်မှည့်ခင်မှာ ဆွတ်ခူးတာ၊ ခရီးဝေးတင်ပို့ရတာ၊ ဆေးတွေနှင့် ရင့်မှည့်အောင်လုပ်ရတာတွေကြောင့် အမြင်နှင့်အနံ့အရသာ ကောင်းမွန်မှုကလည်း လျော့ပါးသွားရပါတယ်။
🥗 အေးခဲထားတဲ့ အသီးအရွက်များကတော့ များသောအားဖြင့် အလတ်ဆတ်ဆုံးအချိန်၊ အရင့်မှည့်ဆုံးအချိန်မှာဆွတ်ခူးပြီး မြန်မြန်ဆန်ဆန် အေးခဲခြင်းပြုလေ့ရှိပါတယ်။ ဒါ့ကြောင့် အာဟာရဓာတ်တွေက လျော့ပါးမှုမရှိဘဲ ပိတ်လှောင်ထားသလို ဖြစ်သွားပါတယ်တဲ့။
 
Ref: #Slimming & Health (USA)
Credit:

No comments