New Artical

ကြို့ထိုးခြင်းနဲ့ ဆက်စပ်တဲ့ရောဂါများ


ကြို့ထိုးခြင်းနဲ့ ဆက်စပ်တဲ့ရောဂါများ


ကြို့ထိုးတာက ရောဂါပေါင်းတစ်ရာကျော်နဲ့ ဆက်စပ်မှုရှိနေပါတယ်။
 
  • ကျောရိုးနာဗ်ကြောမကြီး (Spinal Coril) ရဲ့ အပေါ်ပိုင်းမှာ ကြို့ထိုးခြင်းကို ထိန်းချုပ်ထားတဲ့ ဗဟိုဌာန (Miccup Center) ရှိပါတယ်။ ဦးနှောက်ကဖြာထွက်လာတဲ့ ဒသမမြောက် ဦးနှောက်အာရုံကြော (Vagus Nerve) နဲ့ လည်ဆစ်ကျောရိုး အာရုံကြောတွေက ဖြာထွက်လာတဲ့ Phrenic နာ့ဗ်ကြောတို့ရဲ့ စက်ဝိုင်းကွန်ချာ တစ်နေရာရာကို လှုံ့ဆော်မိတဲ့အခြေအနေ ရောဂါတွေမှာ ကြို့ထိုးမှု ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။
 
  • အဖြစ်အများဆုံးရောဂါတွေကတော့ အရက်စွဲနာ၊ ဦးနှောက်အကျိတ်၊ ပါကင်ဆန်ရောဂါ၊ အသည်းရောဂါ၊ နှလုံးအကာရောင်ရမ်းနာ၊ ဘေလုံးကြီးတဲ့ရောဂါ၊ အူအမြှေးရောင်ရမ်းနာ၊ လေမျိုရောင်ရမ်းနာ၊ အာခေါင်ရောင်ရမ်းနာ၊ အစာရေမျိုရောင်ခြင်း၊ ကင်ဆာဖြစ်ခြင်း၊ နမိုးနီးယား၊ အစာအိမ်နာ၊ ပန်ကရိယနာ၊ အူရောင်နာ၊ သည်းခြေအိတ်ရောင်ခြင်း၊ အူအတက်ရောင်၊ ဆီးကျိတ်၊ ဆီးချိုသွေးချို၊ ဂေါက်ရောဂါ၊ စိတ်ဝေဒနါတွေပဲ ဖြစ်ပါတယ်။
 
  •  နားထဲကို ပိုးကောင်ဝင်ရင်၊ အမွေးအမှင်တွေဝင်ရင်လည်း နားစည်ကို လှုံ့ဆော်တတ်လို့ ကြို့ထိုးနိုင်ပါတယ်။
 
  • တချို့သော ဆေးဝါးတွေ ဥပမာ -ဒက်ဆာမီသာဇုန်း၊ ဗေလီယမ်၊ ပရက်နီဆိုလုံးတွေဟာလည်း ကြို့ထိုးမှုကို ဖြစ်စေနိုင်ပါတယ်။
 
  • အမျိုးသမီးအများစုကတော့ စိတ်ပိုင်းဆိုင်ရာအကြောင်းတွေကြောင့် ကြို့ထိုးကြတာများပါတယ်။
 
  • မေ့ဆေးပေးထားတဲ့ လူနာတွေ၊ ခွဲစိတ်ပြီးခါစ လူနာတွေမှာလည်း ကြို့ထိုးမှု မကြာခဏ ဖြစ်တတ်ပါတယ်။
 
Credit:

No comments