New Artical

မူးဝေရတဲ့အကြောင်းရင်းများ


မူးဝေရတဲ့အကြောင်းရင်းများ


လူတိုင်းလိုလို တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ မူးဝေတာခံစားဖူးကြမှာပါ။ မူးဝေရတဲ့ အကြောင်းရင်း အမျိုးမျိုးရှိပါတယ်။ အဲဒါတွေကတော့
🔸ထိုင်ရာမှ ရုတ်တရက် မတ်တတ်ရပ်လိုက်ခြင်းကြောင့် အနေအထားပြောင်းလိုက်လို့ မူးဝေခြင်း ဖြစ်နိုင်ပါတယ်။
🔸 အအေးမိတုပ်ကွေးဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ဖျားနာတဲ့အခါမှာလည်း အဖျားတက်ပြီး မူးဝေတတ်ပါတယ်။
🔸 ရှော့ခ်ရတဲ့အခါမှာ အားလုံးက ကိုယ်နဲ့အဝေးကြီးမှာလို့  ထင်နေတယ်။ နေလို့မကောင်းဖြစ်ကာ လူကလည်း ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ချွေးစေးတွေပြန်လာကာ မူးလဲကျမလို ခံစားရတတ်ပါတယ်။
🔸 စိတ်တွေ အလွန်လှုပ်ရှားခြင်းကြောင့်လည်း ချွေးစေးတွေပြန်၊ အသက်ရှူတွေမြန်လာကာ မူးဝေလာတာမျိုးလည်း ခံစားရတတ်ပါတယ်။
 🔸 ချာချာလည်မူးဝေခြင်း (Vertigo)ဖြစ်ရင်  အခန်းကြီးကလည်း လည်နေမယ်။ မျက်လုံးပိတ်ပြီး လှဲနေမှ မူးတာသက်သာတယ်။ လူငယ်တွေမှာတော့ ချာချာလည်မူးရခြင်းရဲ့ အဖြစ်များတဲ့ အကြောင်းရင်းကတော့ Viral Labyrinthitis ဆိုတဲ့ အအေးမိခြင်းကြောင့် နားတွင်းမျှခြေ ဇီဝရုပ်ဖြစ်ပျက်မှုကို ထိခိုက်သွားတဲ့ ကျန်းမာရေး အခြေအနေတစ်မျိုးဖြစ်ပါတယ်။
 🔸 အစာတစ်နပ်လောက် မစားရတဲ့အခါ၊ အစားလျှော့နေတဲ့အခါ၊ လေ့ကျင့်ခန်းအလွန်အကျွံလုပ်တဲ့အခါ သွေးတွင်းသကြားဓာတ် ကျဆင်းသွားပြီး မူးဝေလာတတ်ပါတယ်။ 

Credit

No comments